backup og meta

Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ။

    ယနေ့ခေတ်မှာ မျက်လုံးနားက အရေပြားတွေ မတွန့်အောင်၊ အရေးကြောင်းတွေ မဖြစ်အောင်၊ မျက်ကွင်းညိုတာတွေ ပျောက်အောင်၊ မျက်လုံးပတ်လည် အသားအရေ စိုပြေအောင် eye creamတွေကို အများအပြား အသုံးပြုလာကြပါတယ်။ Eye cream ကို လိမ်းတဲ့အခါ ကိုယ်လိုချင်တဲ့ အာနိသင်တွေကို အပြည့်အဝရဖို့နဲ့ မလိုလားတဲ့ ဘေးအန္တရာယ်တွေ မဖြစ်စေဖို့အတွက် ဂရုစိုက်ရမယ့်အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ တစ်ဆင့် မျှဝေပေးသွားချင်ပါတယ်။

    Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ။

    Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ ဆိုတော့ Eye cream ကိုလိမ်းတဲ့အခါ

    ၁။ လက်သူကြွယ်ကို အသုံးပြုပြီး လိမ်းပေးပါ။

    လက်သူကြွယ်က လက်ချောင်းတွေထဲမှာ အနူးညံ့ဆုံးလက်ချောင်းလေးဖြစ်တဲ့အတွက် ring finger လေးနဲ့ လိမ်းပေးမယ်ဆိုရင် ပိုပြီး ထိရောက်မှုရှိစေပါတယ်။

    ၂။ မှန်ကန်သင့်တော်တဲ့ ပမာဏကိုသာ လိမ်းပေးပါ။

    Eye creamက မျက်လုံးပတ်လည်ကို လိမ်းရပြီး အများကြီးလိမ်းမိတဲ့အခါ မျက်လုံးထဲကို ဝင်သွားနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အခြား body lotion တွေလိုမျိုး စိတ်ကြိုက် မလိမ်းမိစေဖို့ သတိပေးချင်ပါတယ်။ Eye creamကို တစ်ခါလိမ်းအတွက် ပဲစေ့လေး တစ်စေ့စာပမာဏလောက်ပဲ အသုံးပြုသင့်ပါတယ်။

    ၃။ လိမ်းသင့်တဲ့ နေရာကိုသာ လိမ်းပေးပါ။

    မျက်လုံးပတ်ပတ်လည်ကို လိမ်းတဲ့အခါ မျက်လုံးအတွင်း၊ မျက်သားအတွင်းဘက်ကို လုံးဝမ၀င်သွားစေဖို့ အရေးကြီးပါတယ်။ ဝင်သွားခဲ့မယ်ဆိုရင်လည်း ချက်ချင်းရေဆေးချပေးရပါမယ်။ ဒါ့ကြောင့် မျက်တောင်နဲ့ သိပ်နီးကပ်နေတဲ့ နေရာတွေထိ ရောက်အောင် မလိမ်းမိဖို့ ဂရုစိုက်ပေးရပါမယ်။ ကိုယ်သုံးမယ့် eye creamက မျက်ရစ် (သို့) မိန်းကလေးတွေ eye liner ဆိုးတဲ့နေရာအတွက် safe ဖြစ်ပါတယ်လို့ မပြောထားရင် လုံးဝမလိမ်းသင့်ပါဘူး။

    ၄။ လိမ်းတဲ့အခါ အသာအယာပုတ်ပြီး လိမ်းပေးပါ။

    Eye creamကိုလိမ်းတဲ့အခါ ဖိပြီးလိမ်းတာ၊ ပွတ်ဆွဲပြီးလိမ်းတာမျိုးမလုပ်ဘဲ အသာအယာပုတ်ပြီး အတွင်းဘက်ကစ၊ အပြင်ဘက်ကို လိမ်းပေးနိုင်ပါတယ်။

    ၅။ ခဏစောင့်ပြီးမှ တခြား skin care တွေလိမ်းပေးပါ။

    လိမ်းပြီးတဲ့အခါ cream လေးတွေအားလုံး စိမ့်ဝင်သွားဖို့ ၂ မိနစ်လောက်စောင့်ပေးရပါမယ်။ ပြီးမှ တခြားလိမ်းချင်တဲ့ skin care တွေ အဆင့်ဆင့်လိမ်းပေးနိုင်ပါတယ်။

    ၆။ Eye creamကို သေချာရွေးချယ် အသုံးပြုပါ။

    မျက်လုံးနားမှာရှိတဲ့ အရေပြားလေးတွေက သိပ်ကို နူးညံ့ပြီး ပါးတာကြောင့် ဓာတ်မတည့်ပစ္စည်းတွေမပါတဲ့ eye cream တွေကို ရွေးချယ်အသုံးပြုဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အသားအရေကို ကျန်းမာကောင်းမွန်စေတဲ့ coenzyme Q10, peptides, ceramides, hyaluronic acid, retinoid, Caffeine, vitamin C, E, K စတဲ့ ပစ္စည်းတွေပါတဲ့ eye creamမျိုးကိုရွေးချယ်နိုင်ပါတယ်။

    Eye cream ကို ဘယ်အချိန်တွေမှာ လိမ်းသင့်လဲ၊ ဘယ်နှကြိမ်လောက် လိမ်းလို့ရလဲ။

    Eye creamကို မနက်ခင်း မျက်နှာသစ်ပြီး အချိန်ရော၊ ညနေ(သို့) ညမအိပ်ခင် အချိန်တွေမှာရော တစ်နေ့နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ မနက်ခင်းအပြင်မသွားခင်မှာ eye creamကို လိမ်းမယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ နေရောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ SPF (sun protection factor) ပါတဲ့ eye creamမျိုးလိမ်းသင့်ပါတယ်။ ညနေ (သို့) အိပ်ရာမဝင်ခင်လိမ်းမယ်ဆိုရင်တော့ ရေဓာတ်နဲ့ အာဟာရဓာတ်တွေ အပြည့်အဝပေးနိုင်တဲ့ cream မျိုးကို လိမ်းသင့်ပါတယ်။

    Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ ဆိုတာ အဖြေထွက်လောက်ပြီ ထင်ပါတယ်။ ဒီဆောင်းပါးလေးက eye creamအသုံးပြုနေတဲ့ hello ဆရာဝန်ပရိသတ်တွေအတွက် အများကြီး အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

    ကျန်းမာကြပါစေ။

    ရေးသားသူ – Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement