ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း

    ဓါတ်မတည့်မှုလက္ခဏာ။ မူးဝေခြင်း

    မူးဝေခြင်းဟာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ရေဓါတ်ခန်းခြောက်ခြင်းကနေ ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေထိ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေတခုကတော့ ဓါတ်မတည့်မှုကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအားစနစ်ကနေ အန္တရာယ် မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ စားစရာတချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ ဆိုးရွားပြီး တခါတရံ သေသည်အထိ ဖြစ်နိုင်ပါတယ်။

    ၁။ လေမှလာသော ဓါတ်မတည့်မှုကြောင့် မူးဝေခြင်း

    လေထဲမှာပါလာတဲ့ အမှုန်လေးတွေဟာ ဓါတ်မတည့်မှုကို ဖြစ်ပွားစေပါတယ်။ အဲဒီအမှုန်လေးတွေ ကိုယ်ခန္ဓါထဲရောက်ရင် ကိုယ်ခံအားစနစ်က တိုက်ခိုက်ပြီး ခုခံပစ္စည်းတွေ ထုတ်လွှတ်လိုက်ပါတယ်။ တွေ့နေကြ ဓါတ်မတည့်မှုပုံစံတွေကတော့ နှာပိတ်ခြင်း၊ နှာမကြာခဏချေခြင်း၊ လည်ချောင်းယားခြင်း၊ ချောင်းအလွန်ဆိုးခြင်းတို့ ဖြစ်ပါတယ်။ ဓါတ်မတည့်မှုဟာ နားရဲ့အလယ်ပိုင်းနဲ့ လည်ချောင်းနောက်ပိုင်းကို ဆက်ပေးထားတဲ့ပြွန်ကို ထိခိုက်စေပါတယ်။ အဲဒီပြွန်ဟာ နားအလယ်ပိုင်း ဖိအားနဲ့ ပြင်ပလေဖိအားကို ထိန်းညှိပေးပါတယ်။ နားထဲမှာ တခုခုခံနေသလို ခံစားရရင်၊ ကြားဖို့ခက်ရင် အဲဒီပြွန်ဟာ ချွဲနဲ့ပိတ်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ ပြင်ပဖိအားနဲ့ ညီအောင် မညှိနိုင်တဲ့ အတွက်ကြောင့် မူးဝေတတ်ပါတယ်။

    ၂။ အစားအစာဓါတ်မတည့်၍ မူးဝေခြင်း

    အစာမတည့်လို့လည်း မူးနိုင်ပါတယ်။ မူးဝေစေတာ လေကြောင့်ရတဲ့ ဓါတ်မတည်၊့မှုသာမက အစားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စားပြီးချက်ချင်း၊ ဒါမှမဟုတ် နာရီပိုင်းကြာမှ လက္ခဏာတွေ ပေါ်နိုင်ပါတယ်။ ဒါပေမယ့် သက်ရောက်မှုကတော့ မြန်ပါတယ်။ တခါတရံ သိပ်မပြင်းထန်ရင်တော့ နာရီပေါင်းများစွာကနေ ရက်နဲ့ချီကြာပြီးမှ လက္ခဏာ ပေါ်လာတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့်မို့ ခေါင်းမူးခြင်းဟာ အစာကြောင့်မဟုတ်ဘူးလို့ ထင်သွားတတ်ပါတယ်။ ဓါတ်မတည့်မှုစမ်းသပ်ချက်တွေ စစ်ဆေးကြည့်ဖို့ လိုပါတယ်။

    ၃။ ဓါတ်မတည့်မှုကြောင့် ချာချာလည်မူးခြင်း

    ချာချာလည်မူးဝေခြင်းဟာ အဆိုးဆုံး မူးဝေမှု ဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် အခန်းတခုလုံးလည်နေသလို ခံစားရပါတယ်။ ရပ်နေလျက်နဲ့ ရွေ့လျားနေသလို ထင်ယောင်တတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ နားအလည်ပိုင်းမှာ အရည်တွေပြည့်လာလို့ ဖြစ်ပါတယ်။ ဒီပြသနာဟာ ကုသနိုင်ပါတယ်။ အခြေအနေကို သိနိုင်ဖို့အတါက် ဆရာဝန်ဟာ စမ်းသပ်မှုတွေ လုပ်ပါလိမ့်မယ်။ နှာစေးခြင်းကြောင့်ဖြစ်တာဆိုရင်တော့ ဒီပြသနာကို ကုသရင် သက်သာနိုင်ပါတယ်။ ဒါပေမယ့် ချာချာလည်မူးခြင်းဟာ တခြားကျန်းမာရေး ပြသနာတွေကြောင့် ဖြစ်နိုင်တာမို့ အမြန်ဆုံး စစ်ဆေးကုသသင့်ပါတယ်။

    ဓါတ်မတည့်မှုကြောင့် မူးဝေခြင်းဟာ ဓါတ်မတည့်မှုကို ကုသနိုင်ခဲ့ရင် ပျောက်ကင်းသွားနိုင်ပါတယ်။ ဓါတ်မတည့်မှုကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဓါတ်မတည့်စေတဲ့ ပစ္စည်းများကို ရှောင်ကြဉ်ဖို့ပါပဲ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Allergies and Dizziness: The Cause and the Treatment. http://www.healthline.com/health/allergies/dizziness#Overview1 Assessed October 24, 2016

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။