Skincareတွေမှာ အတူတွဲသုံးသင့်တဲ့ ပစ္စည်းတွေ၊ တွဲမသုံးသင့်တဲ့ ပစ္စည်းတွေ ရှိပါတယ်။ တွဲမသုံးသင့်တာကို တွဲသုံးမိရင် အချင်းချင်း ဓာတ်ပြုပြီး အသားအရေအတွက် ထူးခြားမှု ရှိမှာ မဟုတ်ပါဘူး။ ပိုဆိုးရင် အရေပြားပျက်စီးတာပါ ဖြစ်နိုင်ပါတယ်။
ဥပမာ Retinolကို AHA, BHAတွေနဲ့ တွဲသုံးရင် အသားပိုခြောက်တာ၊ စပ်ဖျင်းဖျင်း ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ AHA, BHAလိမ်းပြီးရင် moisturizer သေချာ ပြန်လိမ်းရပါတယ်။ ဒီလိုပဲ Retinol လိမ်းပြီး နောက်ရက်ကျရင် Sunscreenလိမ်းဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Retinol က နေရောင်နဲ့ တွေ့တဲ့အခါ အလိုလို ဓာတ်ပြယ်တတ်လို့ပါ။
ဒီလိုမျိုးအချက်တွေကို မလိုက်နာဘူးဆိုရင် အမျိုးအစား စုံအောင် သုံးနေသည့်တိုင် အသားအရေက ထူးခြားလာမှာ မဟုတ်ပါဘူး။
အချိန် လိုအပ်နေတာ
အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေက အခုလိမ်း အခုကောင်းတာ မဟုတ်ပါဘူး။ အချိန်အတိုင်းအတာ တစ်ခုပေးရပါတယ်။ ဥပမာ AHA, BHA, vitamin Cဆိုရင် ၁လကနေ ၃လဝန်းကျင်လောက်မှစပြီး သိသာတာပါ။ Retinol ဆိုရင် ၆လလောက် စောင့်ရပါတယ်။ ဒါတောင် ပုံမှန်လိမ်းဖို့ လိုပါသေးတယ်။
လိမ်းလိုက် မလိမ်းလိုက်ဆိုရင် အာနိသင် ကောင်းကောင်းရမှာ မဟုတ်ပါဘူး။
# အမှာစကား
တစ်ခု သတိပေးချင်တာက အသားအရေ အမျိုးအစားကို လိုက်ပြီး မှန်ကန်အောင် skin care ကို သုံးမိမှလည်း အသားအရေက ကျန်းမာလှပလာမှာ ဖြစ်သလို အသားအရေ ကျန်းမာလှပစေဖို့ skin care တွေကို သုံးရာမှာလည်း အချိန်ပေးဖို့ လိုမယ်ဆိုတာ သတိရပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။