backup og meta

ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း

    ဝက်ခြံ ဆိုတာ အသက်အရွယ် မရွေး၊ ကျား/မမရွေး ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံး အရေပြား ပြဿနာ တစ်မျိုးပါ။ ဝက်ခြံက အချိန်မရွေးလည်း ပေါက်နိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ဝက်ခြံက မပျောက်တော့ဘူးလား။ ဝက်ခြံကင်းချင်တယ်ဆိုတဲ့ စိတ်ကူးလေးက စိတ်ကူးသက်သက်ပဲ ဖြစ်တော့မှာလား ဆိုတော့ မဟုတ်သေးပါဘူး။  ဒီစိတ်ကူလေးကို အကောင်အထည် ဖော်နိုင်စေဖို့ ထောက်ကူပေမယ့် ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း ကို မျှဝေပေးချင်ပါတယ်။

    ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း ကို မဝေမျှခင် ဝက်ခြံ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ

    ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။

    • ပထမ တစ်မျိုးက Whiteheads လို့ခေါ်တဲ့ ဝက်ခြံ အမျိုးအစားပါ။ အဆီဖုလို့ ခေါ်ကြပါတယ်။ အရေပြားအောက်ဘက်မှာ ရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ ညှစ်လိုက်တဲ့အခါ အဖြူရောင်အနှစ်လေးတွေထွက်တတ်ပါတယ်။ နှာခေါင်း ဘေးတစ်ဝိုက်နဲ့ မေးစေ့မှာ အဖြစ်များပါတယ်။
    • ဒုတိယ တစ်မျိုးက Blackheads လို့ခေါ်တဲ့ ဆားဝက်ခြံပါ။ အရေပြားပေါ်မှာ ခပ်မည်းမည်းအရောင်နဲ့မြင်သာပါတယ်။ နှာခေါင်းနဲ့ T- Zone မှာအဓိကပေါက်တတ်ကြပါတယ်။
    • တတိယ တစ်မျိုးကတော့ Papules ဝက်ခြံပါ။ သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။ အရေပြားပေါ်မှာ မြင်သာပါတယ်။
    • နောက်တစ်မျိုးကတော့ Pustules ဝက်ခြံပါ။အရေပြားပေါ်မှာ သိသာထင်ရှားတဲ့ အဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုးစုစုလေးရှိနေတတ်ပါတယ်။
    • Nodules ဝက်ခြံဆိုတာကတော့ ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပါ။ ကြီးမားပြီး အစိုင်အခဲကြီးသလို အရေပြားထဲမှာ စူးစူးနစ်နစ် တွယ်ဆက်နေကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ်ပါတယ်။ အပြင်ကို ထွက်မလာဘဲ အရေပြားအောက်မှာ ခဲနေတာမျိုးပါ။
    • Cysts ဝက်ခြံဆိုတာလည်း ရှိပါတယ်။ ဆင်ဝက်ခြံလို့ ခေါ်ကြပါတယ်။ ဒီဝက်ခြံက အရေပြားပေါ်မှာ မြင်သာတဲ့ ဝက်ခြံမျိုးပါ။ နာကျင်နီရဲနေတတ်ပြီး ဝက်ခြံတစ်ခုလုံးက ပြည်တွေနဲ့ ပြည့်နေတတ်ကြပါတယ်။ အမာရွတ်ကျန်နိုင်ခြေအများဆုံး ဝက်ခြံအမျိုးအစားပါ။

    ဝက်ခြံ ဘာလို့ဖြစ်ရတာလဲ

    ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်း

    ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံး အရေပြားပေါ်က ချွေးပေါက်လေးတွေအကြောင်း အရင်ပြောပြပါရစေ။ အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား၊ အရေပြားပေါ်က ဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ။ ဝက်ခြံကိုဖြစ်စေတဲ့ အကြောင်းအရင်းကလည်း တော်တော်လေးများပါတယ်။

    • စားသောက်မှုပုံစံ
    • ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ
    • စိတ်ဖိစီးမှုများတာ
    • မျိုးရိုးရှိတာ
    • ဟော်မုန်း အပြောင်းအလဲ
    • သောက်သုံးနေရတဲ့ ဆေးဝါးတွေ
    • အလှကုန်တွေကြောင့် ဝက်ခြံတွေက မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ်။

    ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဝက်ခြံ သက်သာချင်တယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာပါ

    ဝက်ခြံ အဖြစ်လွယ်သူတွေ အနေနဲ့ ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့ အချို့သော အပြုအမူလေးတွေကိ အမှုမဲ့ အမှတ်မဲ့ လုပ်မိနေတတ်ကြပါတယ်။ ဒီတော့ ဝက်ခြံ သက်သာစေဖို့ဆိုရင် နေ့စဉ် အခုပြောပြမယ့် အချက်လေးတွေကို သတိထားစေချင်ပါတယ်။

  • ဆံပင်တွေကို စည်းထားပါ
  • ဝက်ခြံပေါက်တာကို ဆံပင်စည်းရင် ပျောက်မယ်ဆိုတော့ မဖြစ်နိုင်တာလို့ တွေးနေပြီလား။ ဖြစ်နိုင်ပါတယ်။ ဒီလိုပြောရတာက ဆံပင်မှာ ကပ်ညှိနေတဲ့ အရာတွေက ချွေးပေါက်တွေကို ပိတ်ဆို့တာ၊ ဘက်တီရီးယားတွေ ချွေးပေါက်ထဲ ရောက်ရှိတာတွေ ဖြစ်စေပြီး ရှိရင်းစွဲ ဝက်ခြံတွေကို ပိုဆိုးစေနိုင်သလို ဝက်ခြံ အသစ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ ဆံပင်တွေကို သေချာ စည်းထားဖို့ ပြောပါရစေ။

    ရေနွေးငွေ့က ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို သေချာ သန့်စင်ပြီး အဝကျယ် ဇလုံထဲမှာ ရေနွေးထည့်လို့ အငွေ့ကို ခံပေးပါ။ ပြီးမှ မျက်နှာကို သန့်ရှင်းရေးဆက်လုပ်ပါ။

    ဝက်ခြံရှိသူတွေအတွက် ထုတ်ထားတဲ့ ချေးချွတ်ဆေး တစ်ခုခုနဲ့ မျက်နှာ အသားအရေကို တစ်ပတ် (၂) ကြိမ်လောက် ချေးချွတ် သန့်စင်ပါ။ ချေးချွတ်ပြီးတိုင်းမှာ ရောတ်ဖြည့်ပေးဖို့လည်း မမေ့ပါနဲ့။

    • မျက်နှာကို လက်နဲ့ မကိုင်ပါနဲ့

    လက်ချောင်းတွေမှာ မမြင်နိုင်တဲ့ ရောဂါပိုးတွေ အများကြီး ရှိနိုင်ပါတယ်။ ညစ်ပေနေတဲ့ လက်နဲ့ မျက်နှာကို ကိုင်တွယ်ထိတွေ့တာက ဝက်ခြံဖြစ်စေဖို့ တွန်းအားပေးနေတာပါ။ ဒါကြောင့် လက်ကို သေချာသန့်စင်ပြီး မျက်နှာ အသားအရေကို ထိန်းသိမ်းချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ မျက်နှာကို ကုတ်ဖဲ့တာ၊ ဝက်ခြံညှစ်တာမျိုးတွေ မလုပ်ပါနဲ့။

    • မျက်နှာသစ်ပါ

    မျက်နှာကို ခဏခဏ သစ်တာမျိုး မဟုတ်ဘဲ တစ်နေ့ကို ၂ ကြိမ်လောက် ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးလေးနဲ့ သေချာလေး သန့်စင်ဆေးကြောဖို့ပါ။ မျက်နှာကို သေချာသန့်စင်ပေးတာက ဝက်ခြံမဖြစ်အောင် ကာကွယ်ရာရောက်သလို ရှိရင်းစွဲ ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ဝက်ခြံ အဖြစ်လွယ်သူတွေအတွက် အသုံးတည့်မယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေကို သိသွားပြီဆိုတော့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွကို လိုက်နာပြီး ဝက်ခြံတွေကို သက်သာစေဖို့နဲ့ ထပ်မဖြစ်စေဖို့ အသားအရေလေးကို သေချာ ထိန်းသိမ်းလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement