ကာလသားရောဂါကို ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံခြင်းနည်းလမ်းနဲ့ပဲ ကာကွယ်နိုင်ပါသေးတယ်။ ပိုးရှိနေကြောင်း စောစီးစွာ သိရမယ်ဆိုရင် ဆေးထိုးရုံနဲ့ အမြစ်ပြတ်ပျောက်ကင်းနိုင်ပါတယ်။
၇။ HIV ပိုး
တစ်ကမ္ဘာလုံး အများဆုံးကူးစက်ခံရတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ပိုးကို အမြစ်သတ်ပျောက်ကင်းကုသပေးနိုင်တဲ့ ဆေးဝါးများပေါ်ထွက်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ ကွန်ဒုံးဖြင့် လိင်ဆက်ဆံခြင်းဖြင့် ကာကွယ်ပေးနိုင်သလို ရောဂါပိုးကူးစက်ခံရတဲ့အခါမှာလည်း ART ဆေးနဲ့ ပိုးတွေဆက်မပြန့်ပွားအောင် ထိန်းထားလို့ရပါတယ်။ HIV ပိုးကူးစက်ခံရတဲ့အခါ
- တစ်ပတ်လောက်ထိ အပြင်းဖျားမယ်
- ပါးစပ်ထဲမှာ အဖြူကွက်အနာတွေ ပေါက်မယ်
- တစ်ကိုယ်လုံး အနီကွက်အင်ပြင်တွေ ထလာမယ်
- လည်ပင်းမှာရှိတဲ့ ပြန်ရည်ကြောအကျိတ်တွေ ကြီးလာမယ်
- အရိုးအဆစ်တွေ ကိုက်ခဲနေမယ်
- ညဘက်အိပ်ချိန်မှာ ချွေးစေးပြန်နေမှာပါ။
ပိုးရှိမှန်းသိပြီးတာနဲ့ ART ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့လိုအပ်ပါတယ်။ ဒါမှပဲ သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ နေနိုင်သွားမှာဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကျဆင်းအောင် လုပ်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ဆေးနဲ့သာမထိန်းဘူးဆိုရင် ကိုယ်ခံအားစနစ်ဆုတ်ယုတ်ပြီး ရောဂါပေါင်းစုံဝင်လာကာ နောက်ဆုံး ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS ကို ရောက်သွားမှာဖြစ်ပါတယ်။
လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဆိုတာ လုံးဝမပေါ့ဆသင့်တဲ့ကျန်းမာရေးပြဿနာတွေပါ။ ကိုယ့်ကိုယ်ကိုယ် ပိုးကူးစက်ခံရတယ်လို့ သံသယရှိတယ်၊ လိင်အပျော်အပါးကလည်း အမြဲလိုလို လိုက်စားတတ်တယ်ဆိုရင်တော့ ခုပြောပြခဲ့တဲ့ လက္ခဏာတွေကို အမြဲလိုလိုစောင့်ကြည့်ပြီး ၃လတစ်ကြိမ် သွေးသွားစစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘဝနဲ့ ကျန်းမာရေးသည် ကိုယ့်လက်ထဲမှာရှိတာမို့ သတိမမူလို့ အသိနောက်ကျသွားတာမျိုးမဖြစ်ရလေအောင် သေချာဂရုစိုက်ဖို့ အကြံထပ်ပေးလိုက်ပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။