ကူးစက်ရောဂါတွေကြောင့်ရော ဖြစ်နိုင်လား။
အစားလည်း ဆင်ခြင်ပါရက်နဲ့ အနံ့က အရင်လို ပြန်မကောင်းလာသေးဘူး ဆိုရင်တော့ ကူးစက်ရောဂါ တစ်မျိုးမျိုး ဒါမှမဟုတ် ကျန်းမာရေးပြဿနာ တစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနို ဆီးပူညောင်းကျရောဂါ၊ လိင်တံတွင်း ဘက်တီးရီးယားပိုးဝင်ခြင်း (Trichomoniasis) ၊ ဆီးကျိတ်ဂလန်း ရောင်ရမ်းခြင်း (Prostatitis) ကြောင့် သုက်ရည်က ပုပ်အဲ့အဲ့အနံ့ထွက်လာတတ်ပါတယ်။
သုက်ရည်အနံ့အပြင် ယားယံတာ၊ ဆီးသွားနေစဉ် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံအတွင်းမှ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင် ပြည်တွေ ထွက်လာတာ၊ ဆီးမှာ သွေးပါလာတာ၊ သုက်လွှတ်စဉ် နာကျင်တာ၊ မကြာခဏ ဆီးသွားလိုစိတ်ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါတွေ့ရလာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါပြီ။
ထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းနဲ့ရော သက်ဆိုင်လား။
ထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ချွေးတွေ၊ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ဆဲလ်အသေတွေက ထိပ်အရေပြားအောက်မှာ သွားစုမိပြီး အဖြူရောင်အရိအချွဲတွေ၊ အဖတ်တွေ ဖြစ်လာပါတယ်။ ကြာလာတာနဲ့အမျှ ဆီးလမ်းကြောင်းတွင်း ပိုးဝင်ရုံသာမက သုက်ရည်က အနံ့ဆိုးထွက်လာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။