ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးခင် ဘာတွေသိထားဖို့လိုမလဲ………
တုပ်ကွေး ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် သိချင်နေမယ့် အချက်လေးတွေများနေနိုင်ပါတယ်။ ဒီတော့ သိချင်နေတဲ့အကြောင်းအရာတွေရဲ့ အဖြေလေးတွေကို ဒီမှာကြည့်လိုက်ပါ။
ဘယ်အရွယ်က စပြီး ကာကွယ်ဆေးထိုးလို့ရလဲ…….
ရာသီတုပ်ကွေးကာကွယ်ဆေးကို ကလေးတွေ ထိုးထားဖို့လိုမယ်ဆိုပေမယ့် ဘေဘီလေးက ၆ လကျော်ပြီးမှသာ တုပ်ကွေး ကာကွယ်ဆေးထိုးလို့ရမှာပါ။
ဓာတ်မတည့်တာမျိုးဖြစ်နိုင်လား…….
တုပ်ကွေး ကာကွယ်ဆေးကဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့ ဥအမျိုးမျိုးနဲ့ ဓာတ်မတည့်တာမျိုးရှိမယ်၊ အရင်က ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာမျိုးဖြစ်ဖူးမယ်ဆိုရင် ကာကွယ်ဆေးမထိုးခင်မှာ ဆရာဝန်နဲ့သေချာလေးတိုင်ပင်သင့်ပါတယ်။
တစ်ခါထိုးထားရုံနဲ့ လုံလောက်လား……..
ကာကွယ်ဆေးက တစ်နှစ်ကို တစ်ကြိမ်ထိုးဖို့လိုပါမယ်။
တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်နိုင်လား……
တုပ်ကွေး ကာကွယ်ဆေးကြောင့် တုပ်ကွေးဖြစ်သလို လက္ခဏာတွေခံစားရနိုင်ပေမယ့် တုပ်ကွေးကာကွယ်ဆေးကြောင့် တုပ်ကွေးတော့မဖြစ်နိုင်ပါဘူး။
တုပ်ကွေးကာကွယ်ဆေးကြောင့် ခန္ဓာကိုယ်မှာ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ………
တုပ်ကွေး ကာကွယ်ဆေး ခန္ဓာကိုယ်ထဲမှာ ဓာတ်ပြုတဲ့အခါ ကာကွယ်ဆေးထိုးပြီး တစ်ရက် နှစ်ရက်လောက်အတွင်း
ကြွက်သားတွေနာကျင်ကိုက်ခဲတာ၊ အဖျားတက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ လူတိုင်းမှာတော့ မဖြစ်ပါဘူး။
ကာကွယ်ဆေးထိုးထိုးပြီးခြင်း အာနိသင်ရှိလား………
ကာကွယ်ဆေးက ထိုးပြီးပြီးချင်းမှာ အာနိသင်မပြပါဘူး။ ကာကွယ်ဆေးထိုးပြီးလို့ သီတင်းပတ် ၂ ပတ်ကြာမှ အာနိသင်က စပြတာပါ။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးချိန်ကနေ ၂ ပတ်အတွင်းမှာ တုပ်ကွေး ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ၂ ပတ်အတွင်းမှာ တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ဖို့လိုပါမယ်။ ကာကွယ်ဆေးထိုးပြီးလည်း တုပ်ကွေးက လုံးဝ မဖြစ်တော့တာ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေနည်းသွားတာပါ။ ဒါကြောင့် တခြားတုပ်ကွေးကာကွယ်တဲ့ နည်းလမ်းတွေကိုလည်း လိုက်နာနေရဦးမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။