backup og meta

သွေးတိုးခြင်းအတွက် စိတ်မချရသောဆေးဝါးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 15/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးခြင်းအတွက် စိတ်မချရသောဆေးဝါးများ

    သွေးတိုးကိုကုသဖို့ဆေးတွေသောက်ရတော့မယ်ဆိုရင် အဲဒီဆေးတွေက အကျိုးသက်ရောက်မှုကောင်းကောင်းရှိဖို့လိုပါတယ်။ တချို့ဆေးတွေကိုရှောင်ခြင်းကလည်း သင့်ပန်းတိုင်ကိုရောက်စေပါတယ်။

    တချို့ဆေးတွေကသင့်ကိုသွေးတိုးစေပြီး တချို့က သင့်သွေးတိုးဆေးတွေကိုနှောင့်ယှက်ပြီး ဆေးစွမ်းကိုထိခိုက်စေပါတယ်။ အခုပြောပြသွားမှာက သင့်သွေးတိုးကိုပိုဆိုးစေတဲ့ စိတ်မချရသောဆေးဝါးများ ကြောင်းပါ။

    သွေးတိုးသမားတွေအတွက် စိတ်မချရသောဆေးဝါးများ

  • NSAID
  • NSAID ဆိုတာ Non Steroidal Anti Inflammatory Drugs ကိုပြောတာပါ။ ဒီဆေးတွေက နာကျင်ခြင်းကို လျှော့ချဖို့နဲ့ ရောင်ရမ်းငြ်းကို လျှော့ချဖို့ သုံးပါတယ်။ ဥပမာ – အဆစ်ရောင်ခြင်း။ ဆရာဝန်တွေက လူာတွေကို NSAIDs ပေးလေ့ရှိပါတယ်။ ဒီ NSAIDs ဆေးတွေက သွေးတိုးကိုပိုမြင့်စေပါတယ်။

    ဘာကြောင့်လဲဆိုတော့ သူကကိုယ်တွင်းရည်တွေကိုထိန်းသိမ်းထားပြီး ကျောက်ကပ်လုပ်ငန်းစဉ်ကိုလျှော့ချပါတယ်။ သူတို့က ဒါကြောင့် သူတို့က နှလုံးနဲ့ ကျောက်ကပ်တွေကု ဖိနှိပ်ပါတယ်။ တချို့ NSAIDs တွေထဲမှာ aspirin, ibuprofen နဲ့ naproxen တွေပါဝင်ပါတယ်။

    • ချောင်းဆိုးနဲ့ အဖျားဆေးများ

    ချောင်းဆိုးနဲ့ အဖျားဆေးတွေမှာ နာကျင်မှုကို လျှော့ချဖို့ NSAIDs တွေပါဝင်ပါတယ်။ ဒါကြောင့် သူတို့က သွေးတိုးစေပါတယ်။ ဒါ့အပြင် ချောင်းဆိုးနဲ့ ဖျေားဆေးတွေမှာ ရင်ကျပ်ပျောက်ဆေးတွေပါပါတယ်။ ရင်ကျပ်ပျောက်ဆေးတွေမှာ သွေးတိုးနဲ့ နှလုံးခုန်နှုန်းကို မြင့်စေပါတယ်။

    ဒါ့ကြောင့် သင့်အနေနဲ့ NSAIDs ပါတဲ့ေးနဲ့ ရင်ကြပ်ပျောက်ဆေးပါတဲ့ဆေးတွေကိုရှောင်သင့်ပါတယ်။ သင့်ဆရာဝန်ကို အဖျား၊ တုတ်ကွေးနဲ့ နှာရည်ယိုနှာပိတ်ခြင်းနဲ့ ပတ်သက်တဲ့ပြသနာတွေကိုကုသဖို့ ဆရာဝန်ဆီကအကြံတောင်းနိုင်ပါတယ်။ ဥပမာ – antihistamines နဲ့ nasal sprays တွေဘဖြစ်ပါတယ်။

    • ခေါင်းကိုက်ပျောက်ဆေးများ

    တချို့ခေါင်းကုက်ပျောက်ဆေးတွေကသင့်ဦးခေ့င်းက သွေးကြောတွေကို ကျုံ့စေပါတယ်။ ဒါကြောင့် သူကခေါင်းကိုက်ပျောက်စေပါတယ်။ ဒါပေမ့် သူကသွေးတိုးကို ဘေးဖြစ်နိုင်တဲ့ထိ မြင့်စေပါတယ်။

    • အဆီကျဆေးများ

    အစားစားချင်စိတ်ပျောက်စေတဲ့ဆေးတွေဟာ နှလုံးခုန်နှုန်းမြင့်စေပြီး သွေးတိုးစေပါတယ်။ တချို့ အဆီကျဆေးတွေက သင့်နှလုံးရောဂါ ကိုပိုဆိုးစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို သင်ရှောင်သင့်ပါတယ်။

    နောက်ဆုံးအနေနဲ့ သွေးတိုးမြင့်နေတဲ့ကိုယ်ဝန်ဆောင်တွေဟာ သူတို့ရဲ့သွေးဖိအားကို သွေးတိုးဆန့်ကျင်တဲ့ဆေးတွေသုံးပြီးလျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ် ဘယ်ဆေးကအထိရောက်ဆုံးလဲဆိုတာတော့ မသိရသေးပါဘူး။

    သွေးတိုးဆန့်ကျင်တဲ့ဆေးတွေရဲ့ရည်ရွယ်ချက်က ရုတ်တရက်သွေးတိုးကျခြင်းကြောင့် ခေင်းမူးခြင်း စိတ်ဖိစီးခြင်းတို့ မဖြစ်စေဘဲ မိခင်ရောကလေးကိုပါ ဘေးမဖြစ်စေဘဲ သွေးတိုးကိုမြန်မြန်လျှော့ချပေးဖို့ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 15/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement