မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel
Glucosamine (ဂလူကိုဆာမင်း) ဆိုတာက အရိုးနုလေးတွေထဲမှာ သဘာဝအတိုင်း တွေ့ရတဲ့ အရာတစ်ခုပါ။ ဒါ့အပြင် Glucosamine (ဂလူကိုဆာမင်း)ကို သဘာဝဆေးဖက်ဝင် ဖြည့်စွက်စာတွေထဲမှာ တွေ့ရတတ်ပါတယ်။
သဘာဝဆေးဖက်ဝင် ဖြည့်စွက်စာတွေထဲမှာ တွေ့ရတတ်တဲ့ Glucosamine (ဂလူကိုဆာမင်း)ကို ရေနေအခွံမာ သတ္တဝါတွေရဲ့ အခွံတွေကနေ ရရှိပါတယ်။ ဖြည့်စွက်စာတွေမှာ Glucosamineကို glucosamine sulfate၊ glucosamine hydrochloride နဲ့ N-acetyl-glucosamine ဆိုပြီး အမျိုးမျိုးတွေ့ရတတ်ပါတယ်။
ဒီလိုမတူတဲ့ သဘာဝဆေးဖက်ဝင် ဖြည့်စွက်စာ (၃) မျိုးက မတူတဲ့ အာနိသင်တွေကို ပေးပါတယ်။ များသောအားဖြင့်တော့ Glucosamine (ဂလူကိုဆာမင်း)က အဆစ်တွေနဲ့ အရိုးနုတွေကျန်းမာစေဖို့ အသုံးပြုကြပါတယ်။
ဒီ Glucosamineကို ရောင်ရမ်းတာ၊ အရိုးနုတွေ ထိခိုက်ပျက်စီးတာ၊ အဆစ်နာလိုမျိုး ကျန်းမာရေး ပြဿနာတွေကြောင့် အရိုးနုတွေ ဆုံးရှုံးတာကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ သောက်ဆေးအပြင် လိမ်းဆေး၊ ထိုးဆေးတွေ အနေနဲ့လည်း ရရှိနိုင်ပါတယ်။
Glucosamine (ဂလူကိုဆာမင်း)က သဘာဝဆေးဖက်ဝင် ဖြည့်စွက်စာ တစ်မျိုးဖြစ်ပြီး ဆရာဝန်ဆီက ဆေးညွှန်းမလိုဘဲ ဆေးဆိုင်တွေမှာ ဝယ်ယူလို့ ရပါတယ်။
အခြားဆေးတွေလိုပဲ Glucosamine (ဂလူကိုဆာမင်း)ကို အသုံးပြုမယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။
ဆေးကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
ဆေးမသုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
ဒီဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်တွင် သောက်တဲ့အခါ ဆိုးကျိုးများရှိမရှိအတွက် လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါ။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
နို့တိုင်မိခင်တွေမှာဆိုရင် ဒီဆေးက မိခင်နို့ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးနို့တိုက်နေချိန်မှာ ဒီဆေးကို သောက်သုံးချင်တယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ဖြစ်နိုင်ခြေတွေကို သိရှိနားလည်အောင် လုပ်ဆောင်ဖို့ လိုပါမယ်။
တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။
Glucosamineက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။
Glucosamineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။
Glucosamineက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အဆစ်နာရောဂါ ရှိသူ အရွယ်ရောက်ပြီးသူအတွက်
အဆစ်နာရောဂါ ရှိသူ အရွယ်ရောက်ပြီးသူအတွက်
အဆစ်နာရောဂါ ရှိသူ အရွယ်ရောက်ပြီးသူအတွက်
400 mg glucosamine sulfate တစ်ပတ် ၂ ကြိမ် ၆ ပတ် ထိုးပေးရပါမယ်။ ဆရာဝန်ကို ထိုးခိုင်းရပါမယ်။
ကလေးတွေအတွက် ဆေးပမာဏ တိတိကျကျ ဖော်ပြထားတာမျိုး မရှိပါဘူး။ ကလေးတွေအတွက် ဘေးကင်းစိတ်ချရမှု ရှိမရှိကို မသိရသေးပါဘူး။ ဆေးတွေကို အသုံးမပြုခင်မှာ ဘေးကင်းမှု ရှိမရှိကို အရင်သိထားဖို့ လိုပါတယ်။ ဆေးနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်စေဖို့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်တွေနဲ့ သေချာလေး ဆွေးနွေးဖို့ လိုပါမယ်။
Glucosamineကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။
Glucosamineကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သုံးပါ။ ဆေးနှစ်ကြိမ် သုံးတာမျိုး မလုပ်ပါနဲ့။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။