backup og meta

ကိုယ့် ဆံသား ကို ကိုယ်တိုင်ပျက်စီးမိစေတဲ့ အမူအကျင့်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့် ဆံသား ကို ကိုယ်တိုင်ပျက်စီးမိစေတဲ့ အမူအကျင့်များ

    ဆံပင်ဆိုတာမျိုးက အမျိုးသမီးတစ်ယောက်ရဲ့ ကောင်းခြင်းလက္ခဏာတွေထဲမှာ တစ်ပါးအပါဝင်ဖြစ်နေတဲ့ အရာပါ။ ဆံနွယ်လှလှလေးတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကိုက ဆွဲဆောင်မှုတစ်မျိုးမဟုတ်လား။ ဒီလို အလှတရားတစ်ခုဖြစ်တဲ့ ဆံသား တွေကို ထိန်းသိမ်းရတာက လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒီကြားထဲ ကိုယ်တိုင် မသိလိုက်ပဲ ပြုမူနေတဲ့ အပြုအမူမှားတွေကြောင့် ဆံပင်တွေ ပိုပိုပျက်စီးရတတ်တာကလည်း ရှိနေပါသေးတယ်။

    ကဲ ဘယ်လိုအမှားတွေက ကိုယ့်ရဲ့ ဆံသားကိုပျက်စီးနေစေတာလဲဆိုတာကို ကြည့်ကြရအောင်။

    ဆံသား ကို ပျက်စီးစေသော အလေ့အထများ

    • ဆံပင်ဖြီးလွန်းတာ – သိုးဆောင်း စကားပုံတစ်ခုရှိတယ်။ တစ်နေ့ကို အခါ ၁၀၀ ဖြီးသင်ပါတဲ့။ တကယ်တော့ ဒီစကားက ယုံတမ်းတစ်ခုသက်သက်ပါ။ တစ်နေ့တစ်နေ့ ဆံပင်မကြာခဏဖြီးသင်နေတာဟာ ကိုယ့်ဆံသားကို ဆုံးရှုံးစေဖို့ ကိုယ်တိုင်ပြုလုပ်နေတာသာဖြစ်ပါတယ်။
    • လေတွေ အရမ်းမမှုတ်နဲ့ – Hair Dryer နဲ့ ခဏခဏ မှုတ်တာကလည်း ကောင်းလှတယ်တော့မဟုတ်ပါဘူး။ ခေါင်းလျှော်ပြီးရင် ရေခြောက်အောင် Hair Dryer သုံးကြတာမှန်ပေမယ့် အမြဲတမ်းမသုံးဘဲ၊ သဘက်နဲ့ သုတ်ပေးတာမျိုးလည်း လုပ်ပေးသင့်ပါတယ်။ Dryer က ဆံသားခြောက်သွေ့မှုဖြစ်စေနိုင်တာကြောင့်ပါ။
    • ခေါင်းလျှော်ရမှာပျင်းနေတာ – တချို့က ခေါင်းလျှော်ရမှာကို ပျင်းရိတတ်ကြပါတယ်။ ဒီအချက်က မှားယွင်းနေပါတယ်။ လုံလောက်တဲ့ ပမာဏမျိုးတော့ ခေါင်းလျှော်ပေးသင့်ပါတယ်။ မဟုတ်ရင် ဗောက်ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
    • ခေါင်းလျှော်ရည် အလွန်အကျွံသုံးတာ – တချို့ကျတော့လည်း ခေါင်းလျှော်ချိန်မှာ ခေါင်းလျှော်ရည်တွေအများကြီးသုံးရင် ပိုပြောင်တယ်လို့ မှတ်ယူထားတတ်ကြတာမျိုးပါ။ ခေါင်းလျှော်ရည်သုံးတဲ့အခါ ဆံသား တွေကို ပွတ်တာထက် ဦးရေပြားကို ပွတ်တာက နည်းလမ်းအမှန်ပါ၊၊
    • ခေါင်းစိုနေချိန်မှာ ဘီးဖြီးတာ – ခေါင်းစိုနေချိန် ဘီးဖြီးရင် ဆံသားလေးက ညီညာနေပြီး ကြည့်လို့လှပါတယ်။ အမျိုးသမီးတွေတင်မက တချို့အမျိုးသားတွေလည်း ရေချိုးရင်း လုပ်ကြည့်တတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုခဏခဏလုပ်မယ်ဆိုရင် ဆံသားပျက်စီးနိုင်တာကို သတိထားဖို့တော့ လိုအပ်ပါတယ်။ အထူးသဖြင့် ကြမ်းကြမ်းတမ်းတမ်းဖြီးတာမျိုးကို ရှောင်ဖို့ လိုပါတယ်၊၊
    • Flat-Ironing မကြာခဏ လုပ်တာ – ဆံပင်ကို ဖြောင့်လိုက် ကောက်လိုက်နဲ့ Flat-Ironing ခဏခဏလုပ်တာက ဆံသားကို ဆိုးဆိုးရွားရွားဖြစ်စေမယ့် အပြုအမူတစ်ခုပါ။
    • ဆံပင်ခြောက်သွေ့နေချိန်မှာ သဘက်ပတ်ထားတာ – ခေါင်းလျော်ပြီးလို့ ရေစက်လက်ဖြစ်နေချိန်မှာ သဘက်ပတ်ထားတာက ပြဿနာမဟုတ်ပေမယ့် ဆံပင်ခြောက်သွေ့နေချိန်မှာ သဘက်ပတ်ထားတာက ဆံပင်ကို ထိခိုက်စေပါတယ်။
    • ကြာရှည်စွာ စည်းနှောင်ထားတာ – တစ်ခါတစ်လေ ထုံးထားတစ်မျိုး၊ တစ်ခါတစ်ရံမှာ ပုံသွင်းထားတာမျိုးတွေကြောင့် ဆံပင်ကို အကြာပြီး စည်းနှောင်ထားမိတတ်ပါတယ်။ ဒီလိုအချိန်အကြာကြီး လုပ်မိနေပြီဆိုရင်တော့ ဆံသားပြတ်တောက်တာတွေ၊ မသန်တာတွေဖြစ်စေမှာပါ။
    • ဓာတုဗေဒပစ္စည်းပါဝင်တဲ့ အရာတွေ သုံးလွန်းတာ – ဆံသား ထိန်းသိမ်းမှုပစ္စည်းတွေ၊ ခေါင်းလျှော်ရည်တွေမှာ ဓာတုဗေဒပစ္စည်းတွေ ပါရှိနေတတ်ပါတယ်။ အနည်းအများတော့မတူပါဘူး။ တချို့က ဆံသားထိန်းသိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှိသမျှ ပစ္စည်းအကုန်အသုံးချတတ်တဲ့ အလေ့အကျင့်ရှိတတ်ပါတယ်။ တကယ်တော့ ဒီလိုလုပ်တာဟာ မကောင်းတဲ့ အလေ့အထတစ်ခုပါ။
    • လက်တည့်စမ်းတဲ့ အကျင့်ကို ရှောင် – ဆံပင်ပြုပြင်ထိမ်းသိမ်းတာနဲ့ ပတ်သက်လာရင် ကိုယ့်ဘာသာကိုယ် လက်တည့်စမ်းကြည့်တာမျိုးကို လုံးဝရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်သူတွေနဲ့သာ ပြုလုပ်ပါ။ မဟုတ်ရင် အမှားအယွင်း၊ ဘေးထွက်ဆိုးကျိုးဖြစ်ဖို့က အလွန်များပါတယ်။
    • ဦးထုပ်မပါပဲ နေပူထဲ မသွားပါနဲ့ – ဘယ်ရာသီဥတုမှာမဆို နေပူရင် ဦးခေါင်းကို အကာအကွယ်တစ်ခုခုမပါပဲ အပြင်မထွက်ပါနဲ့။ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုဟာ ဗောက်ထစေတာကနေစလို့ ဆံသားပျက်စီးတာအထိ ကိစ္စတော်တော်များများကို ဖြစ်စေနိုင်ပါတယ်။
    • ရေကူးကန်မှာ ရေခဏခဏ ကူးတာ – ရေကူးတဲ့လူအတော်များများက ရေကူးတဲ့အခါဝတ်တဲ့ ဆံသား ထိခိုက်တတ်တယ်ဆိုတာကို မသိကြတာများပါတယ်။ တကယ်တော့ ရေကူးချိန်မှာ ရေကန်ထဲက ကလိုရင်းက ဆံသားကို အကြီးအကျယ် ပျက်စီးစေတာပါ။ ဒါကြောင့် ရေကူးပြီးချိန်မှာ ခေါင်းလျှော်ပြီး Conditioner သုံးဖို့ ပါလိုအပ်ပါတယ်။
    • ဆံပင်ဖျားကို ခဏခဏ မတိနဲ့ – ဆံပင်ရှည်တဲ့အမျိုးသမီးတော်တော်များများက ဆံပင်အဖျားကို ခနခနတိတတ်ကြတယ်။ ဒီလိုလုပ်တာက ဆံပင်အရှည်မြန်စေတယ်လို့ ထင်ကြလို့ပါ။ တကယ်တော့ မဆိုင်ပါဘူး၊၊ ဒီတော့ ညှပ်ဖို့ ဆန္ဒရှိရင် ပုံမှန်အတိုင်းသာညှပ်ပါ။ အဖျားလေးပဲကပ်ပြီး မတိပါနဲ့။

    လူသိနည်းလှတဲ့ ဒီအပြုအမူတွေဟာ အမျိုးသမီးတွေရဲ့ ဆံသား အလှအပကို ထိခိုက်ပျက်စီးစေမှဖြစ်တာမို့ သတိထားဖို့ လိုအပ်လှပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement