အကယ်၍သင်ဆရာဝန်မှ ဤအခြေအနေအားသံသယဖြစ်ပါက စမ်းသပ်မှုများပြုလိမ့်မည်။ တင်ပါးဆုံစမ်းသပ်မှုများအပြီး ဝါဂွမ်းဖြင့် မအဂါီၤနှင့် သားအိမ်ခေါင်းအားနမူနာယူလိမ့်မည်။ ထိနမူနာအား ဓါတ်ခွဲခန်းသို့ပို့ပြီး ဤအခြေအနေအားဖြစ်စေသော အကောင်အားသိနိုင်သည်။
ရောဂါအတည်ပြုနိုင်ရန်နှင့် ရောဂါပိုးဘယ်လောက်ပျံနှံ့သည် သိနိုင်ရန် ဆရာဝန်မှအောက်ပါစမ်းသပ်ချက်များလုပ်လိမ့်မည်။
ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း။
အသံလှိုင်းကိုအသုံးပြု၍ မျိုးပွားအဂါီပုံရိပ် ကိုသိနိုင်သည်။
သားအိမ်အတွင်းလွာအသားစယူခြင်း
ဆရာဝန်မှ သားအိမ်အတွင်းပိုင်းအလွာအား အနည်းငယ်ယူ၍စမ်းသပ်သည်။
ဗိုက်အတွင်းသို့မှန်ပြောင်းကြည့်ခြင်း
ဆရာဝန် မှ ဗိုက်ကို အနည်းငယ်ခွဲပြီး ပါးပြီးပေါ့သော အရာအား ထည့်ကာ တင်ပါးစုံအဂါၤများအားကြည့်သည်။
Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)ကို ဘယ်လိုကုသပါသလဲ
- အချို့သောဆေးများ ဥပမာ ပဋ္ဋိဇီဝပိုးသတ်ဆေးများအားပေးလိမ့်မည်။
- ဆရာဝန်မှ ပိုးသတ်ဆေးများကိုပေါင်း၍ချက်ချင်းပေးလိမ့်မည်။ ဓါတ်ခွဲခန်းအဖြေရပါက ဆရာဝန်မှ ရောဂါအတွက် သင့်တော်သောဆေးအားညှိပေးလိမ့်မည်။
- ကုသမှုသင့်တော်သည်ကိုသိနိုင်ရန် သုံးရက်အကြာပြန်လာဖို့ ဆရာဝန်မှခေါ်လိမ့်မည်။ သက်သာလာသော်လည်း သတ်မှတ်ထားသောဆေးကုန်အောင်သောက်ပါ။ ပိုးသတ်ဆေးများသည် ဆိုးဝါးသောနောက်ဆက်တွဲမဖြစ်ရန်ကာကွယ်နိုင်သော်လည်း ဖြစ်ပြီးသားပျက်စီးမှုများအား ပြန်မကောင်းနိုင်ပါ။
- သင့် အမျို့းသား အားလည်းကုသသင့်ပါသည်။ လိင်မှတစ်ဆင့်ကူးဆက်နိုင်သောရောဂါများအားထပ်ခါထပ်ခါမဖြစ်ရန် သင့်အမျိုးသားအား စမ်းသက်ပြီးကုသသင့်သည်။ အမျိုးသားတွင်လည်း လက္ခဏာမပြပဲရောဂါဖြစ်သင့်ပါသည်။
- ကုသမှုမပြီးဆုံးသည်အထိ သင့်အမျိုးသားနှင့်သင်တွင်ရောဂါကကင်းရှင်းသည်ဟုသေချာသည်အထိ လိင်ဆက်ဆံခြင်းအားရှောင်ပါ။
- အချို့ပြင်းထန်သောကိစ္စများတွင် ပြင်ပလူနာကုသများဖြင့်လုံလောက်သည်။ သို့သော် အကယ်၍ အရမ်းပြင်းထန်စွာဖျားနေခြင်း ကိုယ်ဝန်ဆောင်ချိန်ဖြစ်ခြင်း သို့မဟုတ် ပါးစပ်မှဆေးသောက်သုံးခြင်းမှမသက်သာခြင်းတို့ရှိနေပါက ဆေးရုံတတ်ရန်လိုနိုင်သည်။
- ခွဲစိတ်မှုအားလိုအပ်မှရှားသည်။ သို့သော် ပြည်ဖုပေါက်ခြင်း သို့မဟုတ် ပေါက်လုဆဲဆဲဖြစ်ပါက ဆရာဝန်မှဖောက်ထုတ်လိမ့်မည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကနာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
- လိင်ဆက်ဆံရာတွင် လုံခြုံစိတ်ချရသောနည်းများသုံးပါ။ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော်သား သတ်သတ်မှတ်မှတ်သာရှိပါစေ။ လိင်ဆက်ဆံဖော်၏ လိင်ဆံသည့်သမိုငိးကိုလဲသိပါစေ။
- သန္ဓေတားဆေးနဲ့ပတ်သတ်ပြီးဆရာဝန်နှင့်တိုင်ပင်ပါ။ အချို့သော သန္ဓေတားဆေးပုံစံ များက နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းဖြစ်စေတတ်သည်။
- သန္ဓေတားဆေးသောက်ခြင်းက လိင်မှတစ်ဆင့် ကူးသောရောဂါအားမကာကွယ်နိုင်ပါ။ သို့သော် ထိုဆေးများသည်သားအိမ်ခေါင်းချွဲအားထူစေခြင်းဖြင့် ဘက်တီးရီးယားများအား သားအိမ် သားအိမ်ပြွန် သို့မဟုတ် သားဥအိမ် သို့မရောက်စေပဲ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းအားလျော့ချနိုင်သည်။
- မည်သို့ပင်ဆိုစေ ကွန်ဒုံးကိုသုံးသင့်သည်။
- စမ်းသပ်မှုပြုလုပ်ပါ။
- သင့်တွင် လိင်မှတစ်ဆင့်ကူးသောရောဂါ ဥပမာ ကလမိုင်းဒီးယားဖြစ်နိုင်နှုန်းများက စမ်းသပ်မှုများလုပ်ပါ။ လိုအပ်ပါက ပုံမှန်စမ်းသပ်ချိန်ဇယားအတိုင်းစမ်းသပ်နိုင်သည်။ လိင်မှတစ်ဆင့်ကူးသောရောဂါများအားကာကွယ်ခြင်းသည် နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းမဖြစ်ရန်အကောင်းဆုံးကာကွယ်သောနည်းဖြစ်သည်။
- သူ့လိင်ဆက်ဆံအဖော်အားလည်းစမ်းသက်ပါ။ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်း သို့မဟုတ် လိင်မှကူးသောရောဂါမျိုးရှိပါက သင့် လိင်ဆက်ဆံဖော်အားစမ်းသပ်ခြင်း လိုအပ်ပါက ကုသမှုများလုပ်သင့်သည်။ ထိုသို့စမ်းသက်ခြင်းဖြင့် လိင်ဆက်ဆံရာမှကူးသောရောဂါများလည်းကာကွယ်နိုင်သည့်အပြင် နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းကိုလည်းကာကွယ်နိုင်သည်။
- သန့်ရှင်းစွာနေပါ။
- ဆီးသွားပြီးချိန် သို့မဟုတ် ဝမ်းသွားပြီးချိန်တွင် အရှေ့ကအေနောက်သို့ဆေးပါ။ ထိုသို့ဆေးခြင်းဖြင့် အူမကြီးမှ ဘက်တီးရီးယားများ မအဂါီအတွင်းသိုဝင်ခြင်းအားလျော့ချနိုင်သည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။