ဓမ္မတာလာချိန်မှာ ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ခံစားရတဲ့ဝေဒနာတွေသက်သာဖို့ ပြောင်းလဲသင့်တဲ့ စားသောက်မှုပုံစံ လေးတွေပြောပြပေးပါ့မယ်။

ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေခံစားရတတ်တဲ့ လက္ခဏာတွေကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ဓမ္မတာ လာတဲ့အမျိုးသမီးတွေရဲ့ ၉၀% တိုင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ နောက်ကျောနာကျင်ခြင်း၊ ပင်ပန်းနွမ်း နယ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း (ဒါမှမဟုတ်) ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ကိုက်ခဲခြင်း၊ ဝက်ခြံပေါက်ခြင်း စတာတွေခံစားရတတ်ပါတယ်။ ဒီလိုလက္ခဏာတချို့ကို အနာသက်သာဆေးတွေ သောက်သုံးပြီးသက်သာအောင်လုပ်နိုင်ပါတယ်။ တိကျတဲ့သုတေသနတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပေမဲ့ အောက်ပါ အစားအစာတွေကလည်း ဓမ္မတာလက္ခဏာတွေကို သက်သာစေနိုင်တာ တွေ့ရှိရပါတယ်။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံမှာ အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေ အများကြီးပါဝင်နေတာကြောင့် ဓမ္မတာလာချိန်ခံစားရတဲ့လက္ခဏာတွေကို သက်သာဖို့အကူအညီပေးနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်က စပိန်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသူတွေနဲ့ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဓမ္မတာလာချိန်မှာ အသီးအနှံတွေများများစားသုံးပေး ရင် နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ကို သိသိသာသာ လျော့ပါးစေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ မီးယပ်ရောဂါတစ်ခုခုခံစားနေရသူဆိုရင်တော့ အသီးအနှံတွေစားပေးရုံနဲ့ သက်သာမှာမဟုတ်ပါဘူး။

အိုမီဂါ-၃ 

အိုမီဂါ-၃ အဆီစားသုံးပေးရင် ကိုယ်တွင်းရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့် ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်လက်နာကျင်ကိုက်ခဲမှုတွေကို အတိုင်းအတာတစ်ခုထိ သက်သာစေမှာပါ။ အိုမီဂါ-၃ အဆီကို ဖြည့်စွက်စာအနေနဲ့ရော ဆော်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ သစ်ကြားသီး၊ ချီးယားစေ့၊ ပဲပိစပ်၊ ဒိန်ချဉ် လိုအစားအစာတွေစားသုံးရင်လည်းရနိုင်ပါတယ်။

သံဓာတ်

ဓမ္မတာလာတဲ့အခါ သွေးထွက်တဲ့အတွက်ကြောင့် ကိုယ်တွင်းသံဓာတ်လည်းလျော့နည်းလာပါတယ်။ ဒါက အချိန်အများစုမှာတော့ သိပ်ပြဿနာမရှိပေမဲ့ သွေးဆင်းများလာရင်တော့ သံဓာတ်အားနည်းတာ၊ သွေးအား နည်းတာတွေ ခံစားရနိုင်ပါတယ်။  ဒါ့ကြောင့် ဓမ္မတာလာချိန်မှာ သံဓာတ်ပြည့်ဝတဲ့အစားအသောက်တွေ များများစားပေးဖို့ လိုအပ်ပါတယ်။ ကမာကောင်၊ အမဲသား၊ စီရီယယ်၊ တို့ဖူး၊ ပဲမျိုးစံ၊ ဟင်းနုနယ်ရွက်၊ ဆာဒင်းငါး၊ ချောကလက်အမဲ (dark chocolate) စတဲ့အစားအစာတွေမှာ သံဓာတ်ပြည့်ဝတဲ့အတွက် ဓမ္မတာလာချိန်မှာစား သုံးပေးသင့်ပါတယ်။

ကဲ….စားရမှာလေးတွေ သိပြီဆိုတော့ ရှောင်ရမှာလေးတွေ ပြောပြမယ်နော်။ တကယ်တော့ ဓမ္မတာလက္ခဏာ တွေကို သက်သာစေတဲ့အစားအသောက်တွေရှိသလို ပိုဆိုးစေတဲ့ အစားအသောက်တွေလည်းရှိပါတယ်။ အခုပြောမယ့် အစားအသောက်တွေစားသုံးရင် ဓမ္မတာလာချိန်မှာ ရောင်ရမ်းခြင်း၊ လေပွခြင်းတွေကို ပိုဆိုးစေနိုင် ပါတယ်။ ဒါတွေကတော့

–           အထူးပြုပြင်ထုတ်လုပ်ထားတဲ့အစားအသောက်တွေ (ဥပမာ – ချိစ်၊ သရေစာအမျိုးမျိုးနဲ့ အသင့်စားအစားအသောက်တွေ)

–           ဆိုဒီယမ် ဒါမှမဟုတ် သကြားပါဝင်မှုများတဲ့ အစားအသောက်တွေ

–           ပါစတာ၊ ပေါင်မုန့်ဖြူ လို ဂျုံမှုန့်အချောသုံးပြီးလုပ်ထားတဲ့အစားအသောက်တွေ

–           စားရင်လေပွစေတဲ့အစားအသောက်တွေ (ဥပမာ – ပန်းဂေါ်ဖီ၊ ဘရပ်ဆဲပင်ပေါက်)

စတဲ့အစားအသောက်တွေဖြစ်ပါတယ်။

အမျိုးသမီးအများစုက ဓမ္မတာလာတဲ့အချိန်မှာ အပေါ်ကဖော်ပြခဲ့တဲ့လက္ခဏာတွေအားလုံးဖြစ်စေ တချို့တဝက် ဖြစ်စေခံစားရတတ်ပါတယ်။ ဒါပေမဲ့ တစ်လနဲ့တစ်လဓမ္မလာတဲ့အချိန်မမှန်တာ၊ သွေးဆင်းတဲ့ပမာဏအရမ်းများ တာ၊ သွေးဆုံးပြီးမှ ဓမ္မတာပြန်လာတာ၊ ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ သွေးစလေးတွေဆင်းတာ၊ တစ်ပတ်ကျော်တဲ့အထိ ဓမ္မတာသွေးဆင်းနေတာ၊ ဓမ္မတာလာချိန်မှာ အနာသက်သာဆေးတွေသောက်ပေမဲ့ မခံမရပ်နိုင်အောင် ဆိုးဆိုးဝါးဝါးနာကျင်နေတာ တွေခံစားရရင်တော့ မီးယပ်အထူးကုဆရာဝန်တစ်ဦးဦးနဲ့ သွားရောက်ပြသဖို့ အကြံပြုရင်း နိဂုံးချုပ်ချင်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 14, 2021 . 2 mins read

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

သက်လတ်ပိုင်းရောက်လာတဲ့အထိ ဝက်ခြံက မသက်သာဘူးဆိုရင်တော့ အသားအရေလေးကို ဝက်ခြံတွေရန်ကနေ ကာကွယ်ဖို့ စားပေးသင့်တာလေးတွေရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

ဥအနှစ်တွေက ဘယ်လိုများ အာဟာရဓာတ်တွေကြွယ်ဝနေလို့လဲ၊ ကြက်ဥ ဘဲဥအနှစ်တွေက သင့်ကျန်းမာရေးကို ဘယ်လိုများအထောက်အကူဖြစ်စေမှာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်လို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read