backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း) ကဘာလဲ။

ဆီးမထိန်းခြင်းဆိုသည်မှာ လူတစ်ယောက်သည် ဆီးသွားမှုအားမထိန်းချုပ်နိုင်သည့်အခြေအနေဖြစ်သည်။ ထို့ကြောင့် ဆီးမသွားချင်သော်လည်း ဆီးများထွက်နေသောအခြေအနေဖြစ်သည်။

ဆီးညှစ်ကြွက်သားထိန်းချုပ်မှုမရတော့ခြင်း အားနည်းသွားခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ဆီးမထိန်းခြင်းသည် လူအများစုနားလည်သည်ထက် ပိုရှုပ်ထွေးသော ပြဿနာဖြစ်ပါသည်။

လက္ခဏာများ

Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကလက္ခဏာသည် ဆီးမသွားချင်ပဲထွက်ကျလာခြင်းဖြစ်သည်။ ဘယ်အချိန် ဘယ်လိုဖြစ်မလဲဆိုတာ ဆီးမလုံခြင်းအမျိုးအစားပေါ်သာမူတည်သည်။

ဖိအားကြောင့်ဆီးမလုံခြင်း

တွေ့ရများသော အမျိုးအစားဖြစ်သည်။ မွေးပြီးစအမျိုးသမီးငယ်များနှင့် သွေးဆုံးပြီးအမျိုးသမီးကြီးများတွင် တွေ့ရများ၏။ ဤနေရာတွင် ဖိအားဆိုသည်မှာ စိတ်ဖိစီးမှုမဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာဖိအားကိုဆိုလိုပါသည်။ ဆီးအိမ်နှင့် ဆီးထိန်းကြွက်သားများကို ဖိအားပိုဖိခံရသည့်အခါ စိတ်နှင့်မထိန်းနိုင်ပဲ ဆီးသွားခြင်းဖြစ်ပေါ်နိုင်သည်။

အောက်ပါအချက်များသည် ဖိအားကြောင့်ဆီးမလုံခြင်းကို ဖြစ်စေနိုင်သည်။

  • ရုတ်တရတ်ချောင်းဆိုးခြင်း
  • နှာချေခြင်း
  • ရယ်မောခြင်း
  • အလေးအပင်မခြင်း
  • လေ့ကျင့်ခန်းလုပ်ခြင်း

သွားချင်လွန်း၍မလုံခြင်း

Reflex ကြောင့်မလုံခြင်း သို့ ဆီးအိမ်အလွန်လှုပ်ရှားခြင်းဟုလဲခေါ်ပြီး ဒုတိယတွေ့ရအများဆုံးဖြစ်သည်။ ရုတ်တရတ် စိတ်ဖြင့်မဟုတ်ပဲ ဆီးအိမ်ကြွက်သားညှစ်ခြင်းကို ဖြစ်ပေါ်စေပြီး မရပ်နိုင်သည့် ဆီးအမြန်သွားချင်စိတ်ကိုဖြစ်ပေါ်စေသည်။

ဆီးအလွန်သွားချင်မှုဖြစ်လာသည့်အခါ ဆီးမထွက်ခင်အချိန်ခဏလောက်ရနိုင်၏။ ဆီးအလွန်သွားချင်မှုသည် အောက်ပါအခြေအနေများတွင် ဖြစ်ပေါ်နိုင်သည်။

  • ရုတ်တရတ်ကိုယ်ဟန်ပြောင်းခြင်း
  • ရေသံကြားရခြင်း (တချို့လူများသာ)
  • လိင်ဆက်ဆံခြင်း (အထူးသဖြင့် orgasm ချိန်)

ဆီးအိမ်ရှိအာရုံကြောများ၊ အာရုံကြောစနစ်နှင့် ကြွက်သားများပျက်စီးသည့်အခါ ဆီးအိမ်ကြွက်သားများသည် စိတ်နှင့်ထိန်းမရပဲ လှုပ်ရှားကြပါသည်။

ဆီးလျှံ၍မလုံခြင်း

ဆီးကြိတ်ပြဿနာရှိသော အမျိုးသားများ၊ ဆီးအိမ်ထိခိုက်ခြင်း၊ ဆီးပြွန်ပိတ်ခြင်းတို့တွင်တွေ့ရများ၏။ ဆီးကြိတ်ကြီးလျှင် ဆီးအိမ်ပိတ်နိုင်သည်။ ဆီးအိမ်သည် ခန္ဓါကစွန့်သမျှဆီးကိုမထိန်းနိုင်ခြင်း သို့ ဆီးကုန်အောင် မလုပ်နိုင်ခြင်းငည် ဆီးပမာဏနည်းနည်းခန့်စိမ့်ထွက်စေနိုင်သည်။ မကြာခဏပင် လူနာများသည်ဆီးသွားဖို့လိုသည်။ ဆီးတစ်စက်စက်ကျခြင်းကိုခံစားရနိုင်ပါသည်။

မျိုးစုံဆီးမလုံခြင်း

ဆီးအလွန်သွားချင်၍ဆီးမလုံခြင်းနှင့် ဖိအားကြောင့်ဆီးမလုံခြင်း နှစ်မျိုးလုံးခံစားရသောအခြေအနေကိုခေါ်ခြင်းဖြစ်သည်။

သာမာန်ဆီးမလုံခြင်း

သာမာန်ဆီးမလုံခြင်းသည် လူတစ်ဦးဆီးသွားချင်သော်လည်း အိမ်သာသို့အချိန်မှီမသွားနိုင်သည့်အခါဖြစ်ပေါ်ခြင်းဖြစ်သည်။ သာမာန်ဆီးမလုံခြင်းကိုဖြစ်စေသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်၏။

  • စိတ်ရှုပ်ထွေးခြင်း
  • အမြင်ဝါးခြင်း
  • လှုပ်ရှားမှုနည်းခြင်း
  • လက်မသန်ခြင်း (အချိန်မှီဇစ်မဖွင့်နိုင်ခြင်း)
  • စိတ်ကျခြင်း၊ ပူပန်ခြင်း၊ စိတ်တိုခြင်း (အိမ်သာသို့မသွားချင်ခြင်း)

သာမာန်ဆီးမလုံခြင်းသည် အသက်ကြီးသူများတွင်တွေ့ရများပြီး ဘိုးဘွားရိပ်သာများ၌တွေ့ရများ၏။

ဆီးလုံးဝမလုံတော့ခြင်း

လူနာသည် ဆီးတောက်လျှောက်ထွက်နေခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ပဲ ပမဏာအများကြီး ထွက်သွားခြင်းကို ခေါ်ဆိုပါသည်။

လူနာသည် မွေးရာပါအင်္ဂါချို့ယွင်းမှုကြောင့်လဲဖြစ်နိုင်သည်။ ကြောရိုးအာရုံကြောမ သို့ ဆီးစွန့်စနစ်ကို ထိခိုက်မိခြင်းလဲ ဖြစ်နိုင်သလို ဆီးအိမ်နှစ်အင်္ဂါတစ်ခုခုကြား (ဥပမာ မိန်းမကိုယ်) တွင်အပေါက်ဖြစ်ခြင်း (fistula) ကြောင့်လဲဖြစ်နိုင်သည်။

အကြောင်းရင်းများ

Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းများကို အမျိုးအစား ၄ ခုခွဲနိုင်သည်။

ဖိအားကြောင့်ဆီးမလုံခြင်းကိုဖြစ်စေသည့်အကြောင်းများ

ကိုယ်ဝန်

ကလေးမွေးခြင်း

သွေးဆံခြင်း – မဟော်မုန်းလယ်ဗယ်ကျလျှင် ကြွက်သားအားနည်း၏။

သားအိမ်ထုတ်ထားခြင်း

တခြားခွဲစိတ်မှုများ

အသက်

အဝလွန်ခြင်း

ဆီးအလွန်သွားချင်သောကြောင့် ဆီးမလုံခြင်းကိုဖြစ်စေသည့်အကြောင်းရင်းများ

ဆီးအလွန်သွားချင်သောကြောင့် ဆီးမလုံခြင်း၏နောက်ဆက်တွဲအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်၏။

ဆီးအိမ်ရောင်ခြင်း – ဆီးအိမ်၏အနားသတ်များရောင်ရမ်းခြင်း

ဗဟိုအာရုံကြောပြဿနာများ – ဥပမာ multiple sclerosis, လေဖြတ်ခြင်းနှင့် Parkinson ရောဂါ

ဆီးကြိတ်ကြီးခြင်း – ဆီအိမ်ကျွံပြီ ဆီးပြွန်တွင် ကျိန်းစပ်စေသည်။

ဆီးလျှံ၍မလုံခြင်းကိုဖြစ်စေသည့်အကြောင်းရင်းများ

ဆီးအိမ်တွင် ပိတ်သည့်အခါဖြစ်ပေါ်နိုင်သည်။ အောက်ပါတို့သည့် ဆီးအိမ်ပိတ်စေသောအချက်များဖြစ်သည်။

ဆီးကြိတ်ကြီးခြင်း

ကင်ဆာကြိတ်မှဆီးအိမ်ကိုဖိခြင်း

ဆီးကျောက်တည်ခြင်း

ဝမ်းချုပ်ခြင်း

ဆီးမလုံခြင်းအာခွဲစိတ်ကုသရာတွင် လက်လွန်သွားခြင်း

လုံးဝဆီးမလုံတော့ခြင်းကိုဖြစ်စေသည့်အကြောင်းများ

အောက်ပါတို့သည် ဆီးလုံးဝမလုံခြင်းကိုဖြစ်စေနိုင်သောအချက်များဖြစ်သည်။

ခန္ဓါဗေဒဆိုင်ရာမွေးရာပါချို့ယွင်းသူ

ဦးနှောက်နှင့်ဆီးအိမ်ကြားရှိအာရုံကြောလှုံ့ဆော်မှုကိုပျက်စေသည့် ကျောရိုးအာရုံကြောမထိခိုက်မိခြင်း

Fistula – ဆီးအိမ်နှင့်တခြားအနီးရှိအင်္ဂါများကို (များသောအားဖြင့် မိန်းမကိုယ်) ဆက်သွယ်သောအပေါက်ဖြစ်ခြင်း

ဆီးမလုံခြင်းကိုဖြစ်စေမည့်တခြားအကြောင်းများ

တစ်ချို့ဆေးများ – အထူးသဖြင့် ဆီးဆေးများ၊ သွေးကျဆေးများ၊ အိပ်ဆေးများ၊ ကြွက်သားပြေလျော့ဆေးများ

အရက်

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

Risk factors

Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

တစ်ချို့အချက်များသည် ဆီးမလုံမှု ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသည်။

အဝလွန်ခြင်း

ဝသောသူများတွင် ဆီးအိမ်နှင့်ကြွက်သားများကို ဖိအားများစေပြီး ကြွက်သားများကိုအားနည်းစေကာ နှာချေတိုင်း ချောင်းဆိုးတိုင်း ဆီးမလုံပဲထွက်ကျနိုင်စေသည်။

ဆေးလိပ်သောက်ခြင်း

ပုံမှန်သောက်သူများသည် နာတာရှည်ချောင်းဆိုးနိုင်ပြီး ဆီးမလုံမှုကိုပိုဖြစ်စေနိုင်သည်။

လိင်

အမျိုးသမီးများသည် အမျိုးသားများအတွက် ဖိအားကြောင့်ဆီးမလုံခြင်းခံစားရဖို့အခွင့်အရေးပိုများ၏။ အထူးသဖြင့်ကလေးမွေးပြီးနောက်တွင် အဖြစ်များပါသည်။

အသက်ကြီးခြင်း

ဆီးအိမ်ကြွက်သားမျနှင့် ဆီးပြွန်သည် အသက်ကြီးသည့်အခါ အားနည်းသွားပါသည်။

တချို့ရောဂါနှင့်အခြေအနေများ

ဆီးချို၊ ကျောက်ကပ်ရောဂါ၊ ကျောရိုးအာရုံကြောမထိခိုက်မိခြင်းနှင့် အာရုံကြောရောဂါများ (အထူးသဖြင့် လေဖြတ်ပြီးနောက်ပိုင်း)

ဆီးကြိတ်ရောဂါများ: ဆီးကြိတ်ခွဲစိတ်ဖူးသူ ဓါတ်ရောင်ခြည်ဖြင့်ကုသခံဖူးသူ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement