backup og meta

ဆီးတွင်သွေးပါခြင်း အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးတွင်သွေးပါခြင်း အကြောင်းရင်းများ

    ဆီးတွင်သွေးပါခြင်း ကို သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်မိသားစုအသိမိတ်ဆွေတွေဆီမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဆိုတော့ အဲဒီရောဂါရဲ့ အကြောင်းအရင်းကဘာလဲ၊ ဘယ်လိုကုသရမယ်ဆိုတာကို သိသင့်ဖိုလိုပါပြီ။ ယခုဖော်ပြမဲ့ဆောင်းပါးကတော့ အဲဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေ ပြောပြပါလိမ့်မယ်။

    ဆီးတွင်သွေးပါခြင်း ဖြစ်စေသောအရာများ

    ဆီးတွင်သွေးပါခြင်း ကတော့ ကျောက်ကပ် ဒါမှမဟုတ် ဆီးလမ်းကြောင်းတစ်နေရာရာက သွေးတွေပါနေအောင် လုပ်ပေးနေလို့ဖြစ်ပါတယ်။ ဆီးထဲမှာသွေးပါစေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ အဲဒါတွေကတော့

    • ဆီးလမ်းကြောင်းပိုးဝင်ခြင်း

    ဆီးပြွန်ကနေတစ်ဆင့် ရောဂါပိုးတွေဟာ ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက် ဆီးအိတ်ထဲမှာ ပွားများဖို့ အခွင့်သာလာတဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်တာပါပဲ။ ရောဂါလက္ခဏာတွေကတော့ ဆီးခဏခဏသွားချင်နေခြင်၊ ဆီးသွားနေချိန် နာကျင်ခြင်းနဲ့ ဆီးနံ့ပြင်းနေခြင်းတွေပဲ ဖြစ်ပါတယ်။

    • ကျောက်ကပ်ပိုးဝင်ခြင်းများ

    ကျောက်ကပ်ပိုးဝင်ခြင်း (Pyelonephritis) ဟာ ရောဂါပိုးတွေက ဆီးလမ်းကြောင်းကနေ ကျောက်ကပ်ကို ရောက်သွားတဲ့အခါ ဒါမှမဟုတ် ရောဂါပိုးတွေက သွေးထဲကနေ ကျောက်ကပ်ကို ရောက်သွားတဲ့ အခါတွေမှာ ဖြစ်တတ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ တော်တော်လေး ဆင်ပါတယ်။ ဖျားနာတတ်တာကိုပါ တွေ့ရပါတယ်။

    • ဆီးအိတ်ကျောက်တည်ခြင်းနဲ့ ကျောက်ကပ်တွင် ကျောက်တည်ခြင်းများ

    သတ္တုဓာတ်တွေဟာ ဆီးအိတ်နဲ့ ကျောက်ကပ် နံရံတွေမှာ အနည်ထိုင်ပြီး ပုံဆောင်ခဲတွေ အဖြစ် ပြောင်းသွားတဲ့အခါမှာ ဆီးကျောက်တွေ ဖြစ်တတ်ပါတယ်။ အချိန်အတိုင်းအတာ တခုကြာတဲ့အခါ သေးငယ် မာကျောတဲ့ ကျောက်တွေ ဖြစ်လာပါတယ်။

    ယေဘုယျအားဖြင့် အဲဒီ ကျောက်တွေက သူ့ဟာသူနေရင် နာကျင်တာတွေ မဖြစ်စေတတ်ပါဘူး။ ကျောက်က ဆီးလမ်းကြောင်း ပိတ်တဲ့အခါဆိုရင်တော့ မခံမရပ်နိုင်‌အောင် နာတာကို ခံစားရမှာပါ။ ကျောက်တွေက ဆီးလမ်းကြောင်းရဲ့ နံရံကို ပွတ်တိုက်မယ်ဆိုရင် ဆီးထဲ သွေးပါတာကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။

    • ကင်ဆာ

    ဆီးလမ်းကြောင်း သွေးပါတယ်ဆိုတာ ပိုစိုးရိမ်ရတဲ့ ကျောက်ကပ်၊ ဆီးအိတ်နဲ့ ဆီးကျိတ်ကင်ဆာလို ရောဂါမျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီ ကင်ဆာတွေက ရောဂါနုတဲ့ အချိန်တုန်းက လက္ခဏာမပြဘဲ လွန်မှသာ ပြတတ်တာကြောင့် အလွန့်လွန် သတိထားရပါတယ်။

  • မွေးရာပါချို့ယွင်းချက်များ
  • မွေးရာပါသွေးနီဥချို့ယွင်းတဲ့ Sickle Cell Anemia လို ရောဂါမျိုးတွေမှာလည်း ဆီးမှာ သွေးပါတတ်ပါတယ်။ ဒီရောဂါဖြစ်နေရင် ဆီးမှာ သွေးပါတာကို သာမန်မျက်စိနဲ့ကော မိုက်ကရိုစကုပ်နဲ့ပါ မြင်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့ ရေစစ်အမှေးပါးချို့ယွင်းစေတဲ့ Alport Syndrome လိုရောဂါမျိုးမှာလည်း ဆီးတွင်သွေးပါတတ်ပါတယ်။

    • ကျောက်ကပ်တွင် ဒဏ်ရာအနာတရဖြစ်ခြင်း

    မတော်တဆမှုနဲ့ ကြမ်းတမ်းတဲ့အားကစားတွေကြောင့် ကျောက်ကပ်ထိခိုက်တဲ့အခါမှာလည်း ဆီးတွင် သွေးပါတတ်ပါတယ်။

    • ပင်ပန်းကြမ်းတမ်းတဲ့ အားကစားများ ပြုလုပ်ခြင်း

    ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမယ့်လည်း အဲဒါက ဆီးတွင် သွေးပါရခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒီအခြေအနေဟာ အားကစားကြောင့် ဆီးအိတ်မှာ ဒဏ်ရာ ရခြင်းကြောင့် လည်းကောင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်းကောင်း၊ သွေးနီဥ ပျက်စီးခြင်း များတာကြောင့်လည်းကောင်း ဖြစ်တာလို့ ထင်ရပါတယ်။

    ကုသခြင်း

    ဆီးတွင်သွေးပါခြင်းဟာ တိကျတဲ့ ကုသမှု မရှိတာကြောင့် ဆရာဝန်က ရောဂါ ရင်းမြစ်ကိုသာ ရှာဖွေကုသပါလိမ့်မယ်။ ဒီကုသမှုတွေကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် ပိုးသတ်ဆေးပေးခြင်း၊ ဆီးကျိတ်ကြီးခြင်းကို ကုသပေးခြင်း၊ ဆီးအိတ်နဲ့ ကျောက်ကပ်မှာ ကျောက်တည်ခြင်းအတွက် ကျောက်ခြေပေးခြင်း တို့ ပါဝင်ပါတယ်။

    ရောဂါရင်းမြစ်မရှိရင်တော့ ကုသဖို့မလိုပါဘူး။ ဆရာဝန်နဲ့  အနည်းဆုံး တစ်နှစ် တစ်ခါ ပြပြီး သင့်ခန္ဓာကိုယ်နဲ့ ဆီးလမ်းကြောင်း ပုံမှန် ဖြစ်နေလားဆိုတာ စစ်ဆေးဖို့ပဲ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement