ဆီးဆိုတာက ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ အညစ်အကြေးတွေပါပဲ။ ဒီလို ပိုလျှံနေတဲ့အရာတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးတဲ့ တာဝန်ကို ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း စနစ်က လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းမှာ မလိုအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။
နေ့စဉ် စားသုံးလိုက်တဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ …….
နေ့စဉ် စားသုံးမှုကို အရသာ ပြည့်ပြည့်စုံစုံ စားသုံးလိုက်တဲ့အခါ ကိုယ်တွင်းကို အချို၊ အဖန်၊ အငန်၊ အစပ်၊ အခါး၊ အချဉ်၊ အဆိမ့် ဆိုပြီး အရသာ အမျိုးမျိုး ဝင်ရောက်သွားပါတယ်။ ဒီလို ဝင်ရောက်သွားတဲ့ အာဟာရ တစ်ခုချင်းစီက အလွန်အကျွံ ဖြစ်လာမယ် ဆိုရင်တော့ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
နေ့စဉ် စားသုံးမှုမှာ ဆိုဒီယမ်လို့ ခေါ်တဲ့ ဆားတွေ အများအပြား စားသုံးတာက ကျောက်ကပ်ရဲ့ ရေဓာတ်၊ ဆားဓာတ်၊ သတ္တုဓာတ်တွေ ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဆိုဒီယမ်ကို လိုအပ်သလောက်ပဲ စားတာ အကောင်းဆုံးပါ။
ဆိုဒီယမ်ဆိုလို့ ဆားကိုပဲ ပြောတာ မဟုတ်ပါဘူး။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကစလို့ အချိုမှုန့်၊ အသားမှုန့်တွေကိုလည်း အများကြီး စားတာမျိုး မလုပ်မိဖို့ လိုပါမယ်။
အငန် အစားများတာက သွေးတိုးစေပြီး ရေရှည်မှာ ကျောက်ကပ် ထိခိုက်စေနိုင်ပါတယ်။ အငန် အစားများတာက ကျောက်ကပ် ကျောက်တည်တာ ဖြစ်စေနိုင်ပါတယ်။
ကယ်လ်ဆီယမ်က အရိုး နဲ့ သွားတွေကို ကျန်းမာ ကြံ့ခိုင်စေတယ်ဆိုပေမယ့် ကယ်လ်ဆီယမ် အလွန်အကျွံ စားသုံးတာကလည်း ကျောက်ကပ် ကျောက်တည်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။