backup og meta

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတဲ့ မေးခွန်းက အမေးများလှပါတယ်။

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ကြက်သွန်ဖြူ က ကျန်းမာရေးအတွက် အတော်လေး အကျိုးများတယ်ဆိုတာတော့ သိထားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား ဆိုရင်တော့ မေမေတွေ နည်းနည်း တွေဝေသွားမယ် ထင်ပါတယ်။ ဒီတော့ ဘေဘီလေးကို ကြက်သွန်ဖြူ ကျွေးရမလား၊ မကျွေးရဘူးလားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

အအေးမိလည်းစား၊ သွေးတွင်းကိုလက်စထရောကျအောင်ဆိုပြီးလည်း စားတတ်ကြသလို နေ့စဉ် ချက်နေကျ ဟင်းလျာတွေထဲမှာ အနံ့အရသာ ကောင်းစေဖို့ ထည့်လေ့ရှိတဲ့ ကြက်သွန်ဖြူ က ဘက်တီးရီးယားတွေနဲ့ မှိုပိုးကို တိုက်ဖျက်ပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေး အကျိုးများတာပါ။

ဘေဘီလေးကို ဘယ်အချိန်မှာ ကြက်သွန်ဖြူကျွေးမလဲ

ဘေဘီလေးအနေနဲ့ solid food စစားတတ်ပြီဆိုတဲ့အချိန် အသက် ၆ လကနေ ၈ လအတွင်းမှာစကျွေးလို့ ရပါပြီ။ သတိထားရမှာတစ်ခုက အချို့ဘေဘီလေးတွေမှာ ကြက်သွန်ဖြူ ကြောင့် အစာမကြေတာဓာတ်မတည့်တာမျိုးတွေ ဖြစ်နိုင်တာပါ။

ဒါကြောင့် ဘေဘီလေးကို ကြက်သွန်ဖြူကျွေးမယ်ဆိုရင် နည်းနည်းကနေ စကျွေးသင့်ပါတယ်။ နောက်တစ်ချက် သတိထားရမှာက ကြက်သွန်ဖြူက လတ်ဆတ်ဖို့ပါ။ ဘေဘီလေးကို တစ်နေ့မှာ အရွယ်တော် တစ်မွှာလောက်ပဲ ကျွေးသင့်ပါတယ်။

ကြက်သွန်ဖြူမှာပါတဲ့ အာဟာရ

ကြက်သွန်ဖြူ မှာပါတဲ့ အာဟာရ

ကြက်သွန်ဖြူမှာ ဘေဘီလေးတွေအတွက် လိုအပ်မယ့် အာဟာရတွေဖြစ်တဲ့

ဘေဘီလေးကို ကြက်သွန်ဖြူ ကျွေးတဲ့အခါ

ဘေဘီလေးကို ကြက်သွန်ဖြူကျွေးတဲ့အခါ 

ဘေဘီလေးကို ကြက်သွန်ဖြူကျွေးတဲ့အခါ အခုလို အကျိုးကျေးဇူးတွေ ခံစားရစေနိုင်ပါတယ်။

ကြက်သွန်ဖြူက ကိုယ်ခံအားကောင်းစေတယ်

ကြက်သွန်ဖြူက မှိုပိုးတွေကို သေစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ဘေဘီလေးကို အအေးမိ ဖျားနာမှု ကင်းစေဖို့ ကိုယ်ခံအားကို အကောင်းဆုံး တည်ဆောက်ပေးနိုင်ပါတယ်။

နောက်တစ်ချက်က ဘေဘီလေးကို သွေးတွင်းအဆီပို မဖြစ်အောင် ကာကွယ်ပေးပြီး အဝလွန်ခြင်း ကင်းစေပါတယ်။

ကြက်သွန်ဖြူက အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

ကြက်သွန်ဖြူရဲ့ နောက်ထပ် အာနိသင် တစ်ရပ်က ဘေဘီလေးကို ချောင်းဆိုးတာနှာစေးနှာပိတ်တာတွေကို သက်သာစေတာပါ။ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပြီး ချွဲပျော်စေနိုင်တဲ့ အာနိသင် ရှိပါတယ်။

ကြက်သွန်ဖြူက အရေပြား ပြဿနာ ကင်းစေတယ်

ကြက်သွန်ဖြူက မှိုပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိပြီး ဘေဘီလေးကို အရေပြားပြဿနာ အမျိုးမျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို ဘက်တီးရီးယားတွေကြောင့် ထိခိုက်တာကနေ ကာကွယ်ပေးသလို မှိုပိုးတွေကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာတွေကိုလည်း ကင်းစေပါတယ်။

ကြက်သွန်ဖြူက အစာခြေစနစ် ကိုကျန်းမာစေတယ်

ကြက်သွန်ဖြူက ဘေဘီလေးတွေရဲ့ အစာခြေစနစ်ထဲမှာရှိတဲ့ လေတွေကို ဖယ်ရှားပေးနိုင်သလို သန်ကောင်တွေသန်ဥတွေကိုလည်း သုတ်သင်ပေးပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။

ကြက်သွန်ဖြူက ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးတယ်

ကြက်သွန်ဖြူက အအေးမိ၊ တုပ်ကွေး အပါအဝင် ကူးစက်တတ်တဲ့ အရေပြားရောဂါတွေနဲ့ အခြားသော ကူးစက်တတ်သည့် ကျန်းမာရေး ပြဿနာတွေကနေလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ဒီတော့ ဘေဘီလေးကို ကြက်သွန်ဖြူကျွေးလို့ရလားဆိုတဲ့ မေးခွန်းအတွက် မေမေတို့ အဖြေထုတ်လို့ ရပြီ ထင်တယ်နော်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is It Safe for My Baby to Eat Garlic? http://babycarejournals.com/safe-baby-eat-garlic/ Accessed Date 15 January 2021

6 Health Benefits Of Garlic For Babies https://www.momjunction.com/articles/benefits-of-garlic-for-babies_00357880/ Accessed Date 15 January 2021

ယခုပုံစံ

06/06/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ