backup og meta

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

    အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ ခံစားရနိုင်တဲ့ ရောဂါလေးတွေရှိပါတယ်။ အချို့သောရောဂါတွေ ဥပမာ ဆီးချို၊ သွေးတိုးစတဲ့ရောဂါတွေက အမျိုးသားရော အမျိုးသမီးမှာ ခံစားရနိုင်တယ်ဆိုပေမယ့် အချို့သောရောဂါတွေကတော့ အမျိုးသားတွေမှာ ဖြစ်လေ့မရှိပေမယ့် အမျိုးသမီးတွေမှာပဲ ခံစားရတာမျိုး ရှိပါတယ်။

    အချို့ရောဂါတွေကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များတာမျိုးပါ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူသလို အာဟာရလိုအပ်ချက်လည်း မတူတာကြောင့် အမျိုးသမီးတွေမှာမှ ခံစားရနိုင်တဲ့ အဖြစ်များတဲ့ ရောဂါတွေက အတော်လေး များပါတယ်။

    အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲ။

    အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာကိုယ်ဝန်ဆောင်တာတွေပါ။ ဒါတွေအပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ရုတ်တရက်နှလုံးရပ်တာကြောင့် သေဆုံးနိုင်ခြေ ပိုများနေသလို စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ကိုလည်း မကြာခဏခံစားရလေ့ရှိပါတယ်။

    ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ ပိုပြင်းထန်သလို လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ခံစားရမှုကလည်း အလားတူပါပဲ။ အမျိုးသမီးတွေက ထိခိုက်နိုင်ခြေ ပိုများနေပါတယ်။

    ဒီရောဂါတွေအပြင် အမျိုးသမီးတွေမှာ အခုလို ကျန်းမာရေးပြဿနာလေးတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။

    နှလုံးရောဂါ

    နှလုံးရောဂါကြောင့် အမျိုးသမီးလေးဦးမှာ တစ်ဦးနှုန်းသေဆုံးနေရပါတယ်။ နှလုံးရောဂါက အမျိုးသားတွေမှာလည်း ခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီတွေမှာ ခံစားရနိုင်ခြေနဲ့ အသက်ဆုံးရှုံးနိုင်ခြေက အမျိုးသားတွေထက် ပိုများနေပါတယ်။

    ဒါတွေအပြင် အမျိုးသမီးတွေဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွေးတိုးရောဂါ။ သွေးတွင်းကိုလက်စထရော များတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရမှုကလည်း ပိုများပါတယ်။

    ရင်သားကင်ဆာ

    ရင်သားကင်ဆာက အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ ရင်သားကင်ဆာက နို့ရည်ပြွန် ဆဲလ်နံရံတွေကနေ အစပြူတာကြောင့်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေကို အသက်အန္တရာယ်ခြိမ်းခြောက်နိုင်မှု အရှိဆုံး ရောဂါတစ်ရပ်ပါ။

    သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ

    တော်တော်များများက သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကင်ဆာကို ခွဲသိတာမရှိပါဘူး။ သားအိမ်ခေါင်းကင်ဆာဆိုတာက သားအိမ်အောက်ဘက်နားကနေ စတာဖြစ်ပြီး သားအိမ်ကင်ဆာဆိုတာက သားဥပြွန်တွေကနေ အစပြုလာတဲ့ ကင်ဆာအမျိုးအစားပါ။

    ဒီကင်ဆာ နှစ်ခုစလုံးက လိင်ဆက်ဆံတဲ့အခါ နာကျင်မှုကို ခံစားရတာ၊ ဗိုက်အောင့်တ၊ မိန်းမကိုယ်ကနေ အကျိအချွဲတွေဆင်းတာကတော့ အတူတူပါပဲ။ ဒါပေမယ့် ကုသနည်းတွေ ကွာခြားနိုင်ပါတယ်။

    မီးယပ်ပြဿနာ

    မီးယပ်ပြဿနာက လေဒီလေး အတော်များများ ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာပါ။ သွေးဆင်းတာ၊ အဖြူဆင်းတာတွေက အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်း တစ်စိတ်တစ်ပိုင်းပါ။

    ဒီရာသီစက်ဝန်းအတွင်းမှာ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေခံစားရတာ ဥပမာ ရာသီလာရမယ့်ရက်မဟုတ်ဘဲ သွေးဆင်းတာ၊မကြာခဏ ဆီးသွားနေရတာတွေက အမျိုးသမီး ကျန်းမာရေးပြဿနာ ရှိနေတာဖြစ်နိုင်ပါတယ်။

    ဒီလိုလက္ခဏာတွေဟာ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါပိုးတွေ ကူးစက်တာ၊ မွေးလမ်းကြောင်းကင်ဆာ၊ ဆီးပိုးဝင်၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးပြဿနာနဲ့ ကျောက်ကပ်ထိခိုက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားနေရတာဖြစ်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင် ကျန်းမာရေးပြဿနာ

    ကိုယ်ဝန်ဆောင်ချိန်မျာ အမျိုးသမီးတွေအနေနဲ့ ရှိရင်းစွဲရောဂါအခြေအနေတွေ ပိုဆိုးလာတာကို ခံစားရနိုင်ပါတယ်။ ဒီအ​ခြေအနေက မေမေ့ကိုတင်ထိခိုက်စေတာ မဟုတ်ဘဲ ဗိုက်ထဲက ဘေဘီလေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေအနေနဲ့ သွေးနီဥဆဲလ်အရေအတွက် ကျဆင်းတာ၊ သွေးအားနည်းရောဂါ၊ စိတ်ဓာတ်ကျတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတာ အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုပါ ခံစားရနိုင်ပါတယ်။

    Autoimmune Diseases

    Autoimmune disease ဆိုတာက ကိုယ်ခံအားဆဲလ်တွေက ကျန်းမာတဲ့ ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်တဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    အရိုးပွ

    အမျိုးသမီးတွေက အသက်ရလာလေလေ အရိုးတွေ အားနည်းလာပြီး အရိုးပွတာကို ခံစားလာရနိုင်ပါတယ်။ ဒီအခြေအနေက အရိုးတွေ အလွယ်တကူ ကျိုးတာမျိုး​ဖြစ်စနိုင်ပါတယ်။

    အရိုးပွတာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

    လေဒီလေးတွေမှာ အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

    • နှလုံးရောဂါ
    • ဆီးလမ်းကြောင်းပိုးဝင်တာ
    • ရင်သားကင်ဆာ
    • သားအိမ်ကင်ဆာ
    • သားအိမ်ခေါင်းကင်ဆာ
    • မီးယပ်ပြဿနာ
    • ကိုယ်ဝန်ဆောင် ကျန်းမာရေး ပြဿနာ
    • Autoimmune Diseases
    • အရိုးပွ
    • သွေးဆုံးချိန်မှာ စိတ်ဓာတ်ကျတာ
    • ရာသီလာချိန်မှာ စိတ်ခံစားမှု ပြောင်းလဲတာ
    • ကိုယ်ဝန်ဆောင်ချိန် စိတ်ဓာတ်ကျတာ
    • မီးဖွားပြီးချိန် စိတ်အားငယ်တာတွေကို ခံစားရနိုင်ပါသေးတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement