ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
Share now

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ကြွက်သားဆဲလ်တွေမှာ တွေ့နိုင်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ အရိုးများ၊ အသည်းနဲ့ သွေးနီဥဆဲလ်တွေမှာ တွေ့နိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ရေမှာပျော်ဝင်လွယ်ပြီး ဓာတ်ပြုမှုမြန်ဆန်ပါတယ်။ ရေထဲပျော်ဝင်သွားတဲ့အခါ အဖိုဓာတ်အိုင်းယွန်းတွေ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအတွင်း လျှပ်စီးခြင်းကို အားပေးခြင်း ဇီဝဖြစ်စဉ်အများအပြားအတွက် အထောက်အကူပြုပါတယ်။

ယခုဆက်လက်ဖော်ပြမယ့်အကြောင်းအရာတွေကတော့ ပိုတက်ဆီယမ်ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။

အရည်ဓာတ်ကို မျှတအောင်ထိန်းပေးခြင်း

ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းကို အရည်များနဲ့ ဖွဲ့စည်းထားပါတယ်။ အဆိုပါအရည်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ဆဲလ်တွေထဲမှာ တွေ့ရပြီး အဆိုပါအရည်များကို ICF လို့ အတိုကောက်ခေါ်ပါတယ်။ ကျန်တဲ့အရည်များကို ဆဲလ်ရဲ့ပြင်သမှာ သွေး၊ ခါးရိုးဆစ်တွင်းအရည် စတာတွေအနေနဲ့ တွေ့ရှိရပြီး ECF လို့ အတိုကောက်ခေါ်ပါတယ်။

အဆိုပါအရည်များရဲ့ ပမာဏဟာ သူတို့မှာပါဝင်တဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်စတဲ့ ဓာတ်ဆားတွအပေါ် မူတည်ပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ဟာ ICF အရည်များကို ထိန်းညှိရာမှာ အရေးပါပါတယ်။

ICF အရည်များနဲ့ ECF အရည်များဟာ ဟန်ချက်မညီရင် ဆဲလ်တွေအတွက် ပြဿနာရှိပါတယ်။ ဥပမာ ဆဲလ်ထဲကရေတွေ အပြင်ကိုထွက်သွားရင် ဆဲလ်ဟာ သေးကျုံ့သွားပြီး ဆဲလ်ထဲကို ရေတွေဝင်လာရင်တော့ ဆဲလ်များဟာ ဖောင်းတင်းလာပြီး ပေါက်ကွဲပျက်စီးသွားနိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ဒီပြဿနာတွေမဖြစ်အောင် အရည်များကို ဟန်ချက်ထိန်းညှိပေးပါတယ်။

အရည်များဟန်ချက်မညီတဲ့ ပြဿနာတခုကတော့ ရေဓာတ်ခန်းခြောက်ခြင်းဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်း ဆိုးရွားရင် နှလုံးနဲ့ ကျောက်ကပ်တွေကို ထိခိုက်နိုင်ပါတယ်။

အာရုံကြောစနစ်အတွက် အလုပ်လုပ်ခြင်း

အာရုံကြောစနစ်ဟာ သင့်ဦးနှောက်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကြားကို ဆက်သွယ်ပေးပါတယ်။ ဦးနှောက်ရဲ့ ညွှန်ကြားချက်တွေကို အာရုံကြောများက အချက်ပြစနစ်များအနေနဲ့ လက်ဆင့်ကမ်းသယ်ဆောင်သွားပြီး ကြွက်သားများဆီ ပို့ဆောင်ကာ လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

နှလုံးခုန်ခြင်း၊ လမ်းလျှောက်ခြင်း၊ တခုခုကို တုံ့ပြန်ခြင်း စတာတွေအားလုံး အကျုံးဝင်ပါတယ်။ အဆိုပါ အာရုံကြောအချက်ပြမှုတွေကို လက်ဆင့်ကမ်းရာမှာ ပိုတက်ဆီယမ်ဟာ လျှပ်စစ်ဓာတ်ပါတဲ့ အိုင်းယွန်းများအနေနဲ့ ဆက်သွယ်ပေးပါတယ်။ သွေးထဲမှာ ပိုတက်ဆီယမ်နည်းပါးမယ်ဆိုရင်တော့ အာရုံကြောအချက်ပြနှုန်းတွေ လျော့ကျသွားနိုင်ပါတယ်။

သွေးပေါင်ချိန်ကိုထိန်းပေးခြင်း

ကိုယ်ခန္ဓာမှာ ဆိုဒီယမ်တက်လာရင် သွေးပေါင်ချိန်ကို တက်စေပါတယ်။ သွေးတိုးရောဂါအခံရှိသူတွေမှာ ပိုဆိုးတတ်ပါတယ်။ ပိုတက်ဆီယမ်ဟာ သွေးထဲမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဖယ်ရှားပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သုတေသနတခုမှာဖော်ပြချက်အရ ပိုတက်ဆီယမ်ကို ပုံမှန်စားသုံးပေးသူတွေဟာ ပိုတက်ဆီယမ်ကောင်းကောင်းမရသူတွေထက် ပျမ်းမျှအားဖြင့် အပေါ်သွေးပေါင်ချိန် ၆ ယူနစ်၊ အောက်သွေးပေါင်ချိန် ၄ ယူနစ်ခန့် လျော့နည်းတယ်လို့ သိရပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အရိုးပွခြင်းကို ကာကွယ်ပေးခြင်း

အရိုးများရဲ့ ကျန်းမာရေးအတွက် အဓိကကျတာက ကယ်လ်ဆီယမ်ဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဆုံးရှုံးမှုများရင် အရိုးများနဲ့ သွားများကို ချည့်နဲ့စေပါတယ်။ သုတေသနတွေအရ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာများဟာ ဆီးမှတဆင့် ကယ်လ်ဆီယမ်များ ဆုံးရှုံးခြင်းကို လျှော့ချပေးနိုင်တာကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။ အသက် ၄၅ နှစ်နဲ့ ၅၅ နှစ်ကြား အမျိုးသမီးများကို လေ့လာတဲ့ သုတေသနတခုမှာလည်း ပိုတက်ဆီယမ်ပုံမှန်ရရှိသူတွေမှာ အရိုးသိပ်သည်းဆ ပိုများတာကို တွေ့ရှိရပါတယ်။

ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးခြင်း

ကျောက်တည်ခြင်းကို ဖြစ်စေတဲ့အဓိကပစ္စည်းကတော့ ကယ်လ်ဆီယမ်ဖြစ်ပါတယ်။ ဆီးသွားနည်းလာရင် ကာ်လ်ဆီယမ်များလည်း အနည်ထိုင်များလာပြီး ကျောက်များဖြစ်လာစေပါတယ်။ ပိုတက်ဆီယမ်ဆိထရိတ်ဟာ ဆီးထဲမှာ ကယ်လ်ဆီယမ်ဓာတ်ကို လျော့ကျစေပါတယ်။ ဒီနည်းနဲ့ ဆီးကျောက်တည်နိုင်ခြေကို လျှော့ချပေးပါတယ်။

ပိုတက်ဆီယမ်ကို ဘယ်ကရနိုင်သလဲ

ပိုတက်ဆီယမ်ကို ပြုပြင်မှုနည်းပါးတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ငါးအမျိုးမျိုးကနေ ရနိုင်ပါတယ်။ အထူးသဖြင့် သကြားမုန်လာ၊ ဘိုကိတ်ပဲ၊ အာလူး၊ ကန်စွမ်းဥ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ငှက်ပျောသီး၊ ဆယ်လ်မွန်ငါး စတာတွေမှာ ပိုတက်ဆီယမ်ကြွယ်ဝပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသည်းစနမူနာယူစစ်ဆေးခြင်း

အသည်းစ နမူနာယူစစ်ဆေးခြင်း (Liver Biopsy) ဆိုတာကတော့ အသည်းကနေ တစ်ရှူးစ အနည်းငယ်ကို ရယူပြီး ရောဂါဗေဒဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 22, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
သွေးသန့်စေဖို့ ဒါတွေစားပါ။

သွေးသန့်စေဖို့ ဒါတွေစားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
အဆစ်အတွင်း သွေးယိုခြင်း

အဆစ်အတွင်း သွေးယိုခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read