ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
၁၈နှစ်နဲ့ ၁၉နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်ငယ်ငယ်နဲ့ ဖြစ်လေလေ ရောဂါပိုပျံ့ဖို့ အခွင့်အရေး များလေပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ဖြစ်တတ်ပါတယ်။
မိသားစုထဲမှာ ရောဂါရာဇဝင်ရှိရင် မျိုးရိုးလိုက်ပြီး ကိုယ့်ဆီမှာ ဖြစ်တတ်ပါတယ်။
လေ့လာချက်တွေ များစွာက အဝလွန်တာနဲ့ HS က ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။
ဆေးလိပ်သောက်တာက HS နဲ့ သက်ဆိုင်မှုရှိတာကို တွေ့ရပါတယ်။
ကုသနည်း
ကုသနည်းတွေကတော့ ဆရာဝန်နဲ့ ပြသပြီး ပိုးသတ်ဆေးတွေ လိမ်းတာ၊ သောက်ဆေးတွေ ပေးတာ၊ အနာသက်သာအောင် ဆေးပေးတာတွေပဲ ဖြစ်ပါတယ်။ ဒါနဲ့မှ မသက်သာရင် လိုအပ်သလို အသေးစား ခွဲစိတ်တာ၊ လေဆာပစ်တာ စတာတွေလည်း လုပ်လို့ရပါတယ်။
အိမ်တွင်းနည်းလမ်းများ
အိမ်မှာ ဆောင်ရန် ရှောင်ရတ် နည်းလမ်းတွေကတော့
- အရေပြားကို ပုံမှန်သန့်စင်ပါ။
အနာရှိတဲ့နေရာကို Cetaphilလိုမျိုး ဆပ်ပြာပါဝင်မှု နည်းတာနဲ့ သန့်စင်ပါ။ chlorhexidine 4%ပါတဲ့ဟာဆို ပိုးပါသေစေလို့ ပိုကောင်းပါတယ်။ စစချင်းတော့ တစ်ပတ် တစ်ခါလောက်ပဲ သုံးပါ။ နောက်ပိုင်း ခံနိုင်ရည်ရှိလာရင် တစ်နေ့ တစ်ခါလောက် သုံးနိုင်ပါတယ်။
ရေချိုးရင်လည်း အနာရှိတဲ့ နေရာကို အဝတ်နဲ့တိုက်တာ၊ ရေမြုပ်နဲ့ တိုက်တာမျိုး မလုပ်ပါနဲ့။ ဒါက သင့်အရေပြားကို ပိုပြီး ပျက်စီးစေပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ပိုးသတ်ဆေးကရင်မ် လိမ်းတာမျိုး၊ zinc oxideပါတာ လိမ်းတာမျိုး လုပ်ပေးလို့ရပါတယ်။
ရေနွေးစိမ်ထားတဲ့ အဝတ်သန့်သန့်ကို ရောင်ပြီး နာနေတဲ့နေရာမှာ ၁၀မိနစ်လောက် ကပ်ထားလို့ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကိုက်အခဲ ပျောက်ဆေးတွေ၊ အနာဆေးထည့်နည်းတွေ မေးလို့ရပါတယ်။
- အဝတ်ကြပ်ကြပ်တွေ၊ အရေပြား ယားယံစေမယ့် ပစ္စည်းတွေ မသုံးပါနဲ့။
အရေပြားနဲ့ ပွတ်တိုက်မှုနည်းအောင် အဝတ်ပွပွပဲ ဝတ်ပါ။ ချွေးစုပ်တဲ့ အဝတ်ဆို ပိုကောင်းပါတယ်။ ပေါင်ကြားမှာ ဖြစ်တဲ့ အမျိုးသမီးတွေဆို ရာသီလာတဲ့အချိန် ဒုက္ခရောက်ပါတယ်။ padခံရတဲ့အတွက် ပူတာရော၊ ပွတ်တိုက်မှု ဖြစ်တာရောပါ။ အဲ့ဒီအချိန်မှာ pad ထက် tampons က ပိုပြီး အဆင်ပြေနိုင်ပါတယ်။ နောက်ပြီး ဓာတုပစ္စည်း အပြင်းစား ပါတဲ့ ပစ္စည်းတွေကို ရှောင်တာ ပိုကောင်းပါတယ်။
- အရေပြားကို ထိခိုက်ဒဏ်ရာ မရပါစေနဲ့။
အဖုတွေကို ညှစ်တာ၊ ဆိတ်တာမျိုး မလုပ်ပါနဲ့။ အဖုပေါက်တဲ့ နေရာက အမွေးတွေကိုလည်း မရိတ်ပါနဲ့။
- အဝလွန် မလွန်အောင် ထိန်းပါ။
သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိပါစေ။ လေ့ကျင့်ခန်း လုပ်ပါ။ ဒါပေမယ့် အရေပြားကို ပွန်းပဲ့ထိခိုက်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးတော့ ရှောင်ပါ။
ရှောင်သင့်တဲ့ အစားအစာတွေကတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အချိုများလွန်းတဲ့ အစားအစာတွေ၊ အနီရောင် အသားတွေ၊ ဘီယာ၊ ဝိုင်နဲ့ ပဲငံပြာရည်တွေပါ။ စားသင့်တာတွေကတော့ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ omega-3 fatty acidsပါတဲ့ အစားအစာတွေနဲ့ ဇင့်ဓာတ်ကြွယ်ဝတာတွေပဲ ဖြစ်ပါတယ်။
HS က နာတာရှည်ရောဂါဖြစ်လို့ အချိန်ယူပြီး ကုသရမှာပါ။ ဒါပေမယ့် စောစောသိပြီး စောစောကုတာက မြန်မြန်သက်သာစေတဲ့အပြင် ခဏခဏ ရောဂါပြန်ကြွတာကိုလည်း သက်သာစေပါတယ်။ သိပ်ဆိုးရင် အမာရွတ်တွေ ကျန်တတ်လို့ ခွဲစိတ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ၃ပုံ ၁ပုံလောက်က ပြန်ဖြစ်တတ်တယ်ဆိုတာကို မျှော်လင့်ထားပါ။
သာမန်အချိန်တွေမှာ နေလို့ထိုင်လို့ကောင်းအောင် ဆောင်ရန် ရှောင်ရန်တွေကို သေချာ လိုက်နာပါ။ ဆေးကုသတဲ့ ဆရာဝန်နဲ့လည်း ရောဂါရဲ့ သဘောသဘာဝအကြောင်းကို ပွင့်ပွင့်လင်းလင်း မေးမြန်းထားဖို့ လိုပါတယ်။ ဒါမှ ကုသတဲ့နေရာမှာ အဆင်ပြေမှာပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။