ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ (steven-Johnson syndrome)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 4 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်။

Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဆိုတာဘာလဲ။

Stevens-Johnson syndrome ဟာ အရေပြားနဲ့ အမြှေးပါးတွေဖြစ်တဲ့ ရှားပါးပြီး ပြင်းထန်တဲ့ ဓါတ်မတည့်ရောဂါတစ်ခုဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် ဆေးတစ်ခုခု (သို့) ရောဂါပိုးတစ်ခုခုကို တုန့်ပြန်ခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။ တုတ်ကွေးလို လက္ခဏာတွေ စစချင်း ဖြစ်ပြီးတော့ နာကျင်တဲ့ အနီရောင် (သို့) ခရမ်းရောင်အကွက်တွေ ဖြစ်လာပြီး အရည်ကြည်ဖုတွေ ပေါက်လာတတ်ပါတယ်။ အရေပြားရဲ့ အပေါ်ဆုံးလွှာက ဆဲလ်တွေဟာ သေဆုံးသွားပြီး ကွာကျလာပါတယ်။ Stevens-Johnson syndrome ဟာ ဆေးရုံတက်ပြီး ကုသဖို့လိုအပ်တဲ့ ပြင်းထန်တဲ့ အရေးပေါ် အခြေအနေတစ်ခုဖြစ်ပါတယ်။

Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Stevens-Johnson syndrome ဟာ ကမ္ဘာအနှံ့မှာ လူမျိုးစု အစုံမှာဖြစ်ပွားနိုင်ပါတယ်။ အဖြူတွေမှာတော့ ပိုအဖြစ်များပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ဒီရောဂါဟာ လူတွေမှာတင်မကပဲ ခွေးတွေ၊ ကြောင်တွေနဲ့ မျောက်တွေမှာပါ တွေ့ရှိရပါတယ်။ ဒီအခြေအနေဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ)ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

Stevens-Johnson syndrome ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • မျက်နှာဖေါင်းခြင်း
  • လျှာရောင်ရမ်းခြင်း
  • အကွက်ထခြင်း
  • အရေပြားနာခြင်း
  • အနီရောင် (သို့) ခရမ်းရောင်အကွက်တွေဟာ နာရီပိုင်းကနေ ရက်ပိုင်းအတွင်း ပြန့်ပွားခြင်း
  • အရည်ပြားနဲ့ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနဲ့ လင်အင်္ဂါတို့ရဲ့ အမြှေးပါး တွေမှာ အရည်ကြည်ဖုထခြင်း
  • အရည်ပြား ကွာကျခြင်း တို့ပဲဖြစ်ပါတယ်။

တကယ်လို့ Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဖြစ်မယ်ဆိုရင် အကွက်မထခင် ရက်ပေါင်းများစွာတည်းက အောက်ပါ လက္ခဏာတွေ ကြိုတင်ဖြစ်နိုင်ပါတယ်။

  • အဖျားတက်ခြင်း
  • ပါးစပ်၊ လည်ချောင်းနာခြင်း
  • ပင်ပန်းလွယ်ခြင်း
  • ချောင်းဆိုးခြင်း
  • မျက်လုံးပူခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

စောစောစီးစီးရောဂါ ရှာဖွေတွေ့ရှိပြီး ကုသခြင်းဟာ အခြေအနေပိုမိုဆိုးရွားခြင်းကို ရပ်တန့်နိုင်ပြီး အရေးပေါ် အခြေအနေဖြစ်ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ပြင်းထန်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ဖို့ တတ်နိုင်သမျှစောစော ဆရာဝန်ကို ပြသသင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဖြစ်ပွားစေသလဲ။

Stevens-Johnson syndrome ဖြစ်ပွားတဲ့ အခြေခံအကြောင်းရင်း နှစ်မျိုးရှိပါတယ်။

  • ဆေးတွေနဲ့ ကုသမှုဆိုင်ရာ အကြောင်းရင်း

Stevens-Johnson syndrome ဖြစ်စေတဲ့ ဆေးတွေကတော့

  • ဂေါက်ရောဂါအတွက် ပေးသော ဆေးများ (ဥပမာ – allopurinol)
  • အကိုက်အခဲပျောက်ဆေး (ဥပမာ -acetaminophen (Tylenol)၊ ibuprofen (Advil၊ Motrin IB) နဲ့ naproxen sodium (Aleve))
  • ပိုးသတ်ဆေး (ဥပမာ-ပင်နီဆလင်)
  • အတက်ကျဆေး နဲ့စိတ်ရောဂါကုဆေးများ
  • ဓါတ်ရောင်ခြည် ကုသခြင်း
  • ကူးစက်ရောဂါဆိုင်ရာ အကြောင်းရင်း

Stevens-Johnson syndrome ဖြစ်စေတဲ့ ကူးစက်ရောဂါတွေကတော့

  • ရေယုန်
  • အဆုတ်အအေးပတ်ခြင်း
  • ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
  • အသည်းရောင်ခြင်း

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Stevens-Johnson syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ဗိုင်းရပ်စ်ရောဂါပိုးများ

ရေယုန်၊ အဆုတ်အအေးပတ်ခြင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (သို့) အသည်းရောင်ခြင်းတွေဖြစ်မယ်ဆိုရင် Stevens-Johnson syndrome ဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။

ကိုယ်ခံအားကျဆင်းခြင်း

ကိုယ်ခံအားစနစ် ကျဆင်းမယ်ဆိုရင်လည်း Stevens-Johnson syndrome ဖြစ်ပွားနှုန်းမြင့်နိုင်ပါတယ်။ ကိုယ်အင်္ဂါ အစားထိုး ကုသခြင်း၊ HIV/AIDS နဲ့ မိမိခန္ဓကိုယ်ဆဲလ်များကိုပြန်တိုက်ခိုက်သော ကိုယ်ခံအားစနစ်ချို့ယွင်းသော ရောဂါ (ဥပမာ -အရေပြားလေးဖက်နာ )တွေမှာ ကိုယ်ခံအားကျဆင်းနိုင်ပါတယ်။

Stevens-Johnson syndrome ဖြစ်ဖူးခြင်း

အရင်တုံးက ဆေးတစ်ခုခုကြောင့် ဒီရောဂါဖြစ်ဖူးတယ်ဆို ဒီဆေးထပ်သုံးရင် ရောဂါ ထပ်ဖြစ်နိုင်ပါတယ်။

Stevens-Johnson syndrome ဖြစ်ဖူးသူ မိသားစုအတွင်းရှိခြင်း

Stevens-Johnson syndrome (သို့) toxic epidermal necrolysis (ပြင်းထန်အရေပြားပျက်စီးသော ရောဂါ) ဖြစ်ဖူးသူ မိသားစုထဲမှာ ရှိရင် ဒီရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဒီရောဂါရှိတယ်လို့ သံသယ ရှိပြီဆိုရင် ကိုယ်ခန္ဓါ စစ်ဆေးမှုနဲ့ သွေးစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ အရေပြားစစ်ဆေးမှုကိုလည်း ရောဂါအတည်ပြုဖို့ အသုံးပြုနိုင်ပြီး သင့်ဆရာဝန်ဟာ အရေပြားနမူနာကို ဓါတ်ခွဲခန်း စမ်းသပ်ဖို့ ယူနိုင်ပါတယ်။

Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ကို ဘယ်လိုကုသလဲ။

အောက်ပါကုသမှုတွေ ပါဝင်ပါတယ်။

  • မလိုအပ်တဲ့ဆေးတွေ ရပ်ခြင်း

အရေးအကြီးဆုံး ပထမအချက်ကတော့ ဒီရောဂါဖြစ်နိုင်ခြေရှိတဲ့ ဆေးတွေ ရပ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။

  • အထောက်အကူပေးခြင်း

ဆေးရုံတက်စဉ်မှာ ရရှိနိုင်တဲ့ အထောက်အကူတွေကတော့

  • အရည်သွင်းပေးခြင်းနဲ့ အာဟာရ

အရေပြားဆုံးရှုံးမှုဟာ ကိုယ်ခန္ဓါက အရည် အမြောက်အမြား ဆုံးရှုံးမှုကို ဖြစ်စေနိုင်တာကြောင့် အရည်သွင်းပေးခြင်းဟာ အရေးကြီးပါတယ်။ အရည်နဲပ အာဟာရတွေကို နှာခေါင်းပိုက်မှတစ်ဆင့် အစာအိမ်အတွင်းကို သွင်းပေးသင့်ပါတယ်။

  • အနာကုသမှု

အနာကို အေးမြတဲ့အရာတွေနဲ့ ဖိထားပေးခြင်းဟာ အရည်ကြည်ဖုတွေကို သက်သာစေပါလိမ့်မယ်။

  • မျက်လုံးဂရုစိုက်ပေးခြင်း

မျက်လုံးအထူးကု ဆရာဝန်က ကြည့်ပေးပါလိမ့်မယ်။

  • ဆေးများ

Stevens-Johnson syndrome ကိုကုသဖို့ဆေးတွေကတော့

  • သက်တောင့်သက်သာရှိစေရန် အနာပျောက်ဆေးများ
  • အယားပျောက်ဆေးများ
  • ပိုးသတ်ဆေးများ

ရောင်ရမ်းမှုကျစေတဲ့ဆေးများ (ကော်တီကို စတီးရွိုက်) တို့ ပဲဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Stevens-Johnson syndrome (ဆိုးရွားပြင်းထန် ဓါတ်မတည့်ရောဂါ) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ရောဂါဖြစ်စေတဲ့အရာတွေကိုသိပါ။

တကယ်လို့ ဆေးတစ်ခုကြောင့်ဖြစ်ပွားတာဆိုရင် ဒီဆေးအမည်နဲ့ သူနဲ့ တူတဲ့ဆေးတွေအကြောင်းကို သိထားသင့်ပါတယ်။

  • ဆရာဝန်ကို အကြောင်းကြားပါ။

သင့်မှာ Stevens-Johnson syndrome ဖြစ်ဖူးတယ်ဆိုတာကို ဆရာဝန်ကိုပြောထားပါ။ ဆေးကြောင့်ဖြစ်တာဆိုရင် ဘယ်ဆေးလဲဆိုတာပါ ပြောထားပါ။

  • ကျန်းမာရေးအချက်အလက်ပါတဲ့ လက်ကောက် (သို့) ဆွဲကြိုးကိုဆွဲပါ။

ရောဂါအခြေအနေနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာပါ ရေးထားပြီး ဒီ လက်ကောက် (သို့) ဆွဲကြိုးကို အမြဲဆွဲထားသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ဓာတ်မတည့်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်တာကို သက်သာစေဖို့

    ဓာတ်မတည့်ခြင်း အစားအစာ ဖုန်မှုန့် အသက်ရှူလမ်းကြောင်း အူလမ်းကြောင်း ကျန်းမာရေး သောက်ဆေး ထိုးဆေး ကာကွယ်ဆေး အင်ပျဉ်ထခြင်း သတိလစ်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သောက်ဆေးနဲ့ ဓာတ်မတည့်တဲ့အခါ ဘာလုပ်သင့်လဲ

    ဓာတ်မတည့်ခြင်း သောက်ဆေး ပိုးသတ်ဆေး အကိုက်အခဲပျောက်ဆေး ကင်ဆာရောဂါ ကင်ဆာကုထုံး ဓာတ်မှန်ရိုက်ခြင်း အင်ပျဉ်ထခြင်း သတိလစ်ခြင်း ဘေးထွက်ဆိုးကျိုး ကုသနည်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချမလဲ

    ဓာတ်မတည့်ခြင်း လေထုညစ်ညမ်း လေမသန့် အဆိပ် ဓာတုပစ္စည်း အိမ်သုတ်ဆေး အိမ်တွင်း ဆေးလိပ် ဖုန်တက်ခြင်း ဓာတ်ငွေ့ အိမ်သန့်ရှင်းရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    အအေးဒဏ်ကြောင့် အရေပြားမှာအဖုအပိမ့်တွေ မထအောင်ကာကွယ်မယ်

    ဆောင်းရာသီ အအေးဒဏ် ဓာတ်မတည့်ခြင်း အရေပြား ယားယံခြင်း အဖုအပိမ့် အင်ပျဉ် အသားခြောက်ခြင်း ထိခိုက်လွယ်အသားအရေ တစ်ကိုယ်ရေသန့်ရှင်းရေး ရေချိုးခြင်း အစိုဓာတ် အသားအရေ အလှအပ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

    သင် ဘာလို့ ခဏခဏ ဖျားနာနေတာလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

    ပိုးဟပ်တွေနဲ့ မိသားစု ကျန်းမာရေးအန္တရာယ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2020 . 2 mins read
    Steven-Johnson syndrome (ပြင်းထန်ဓာတ်မတည့်ရောဂါ)

    Steven-Johnson syndrome (ပြင်းထန်ဓာတ်မတည့်ရောဂါ)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 4, 2020 . 2 mins read