“ဆရာရေ…ကျွန်တော့် အခြေအနေကတော့ ဆေးကူမှရမယ်ထင်ပါတယ်…ဘယ်လောက်မှတောင်မကြာလိုက်ဘူး…”
ရာသီစက်ဝန်းကို တွက်ချက်ပါ။
ထွက်မှာ သေချာပြီလား။
“ဆရာရေ…ကျွန်တော့် အခြေအနေကတော့ ဆေးကူမှရမယ်ထင်ပါတယ်…ဘယ်လောက်မှတောင်မကြာလိုက်ဘူး…”
“ဆရာရေ… ကျွန်တော်က စိတ်လှုပ်ရှားတတ်တယ်…တစ်ခါတလေ တစ်မိနစ်တောင် မကြာလိုက်ဘူး….”
အဲ့ဒီလိုမျိုး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို သံသယဝင်တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေး၊ တိုင်ပင်ပေးဖို့ခဏခဏ အကူအညီတောင်းခံရပါတယ်။ ယေဘုယျအားဖြင့်တော့ ကိုယ့်လက်တွဲဖော်နဲ့အတူနေတဲ့အချိန်က တစ်မိနစ်လောက်သာ ကြာတယ်ဆိုရင်တော့ ဒါကို သုက်လွှတ်မြန်ခြင်းလို့ပြောလို့ရပါတယ်။
တချို့ကလည်း ရုပ်ရှင်တွေ အမွှမ်းတင်ထားတာတွေ ကြည့်ပါများပြီး နာရီ၀က်လောက်မှ မကြာရင်တော့ ကိုယ့်ကိုကိုယ် သုက်လွှတ်မြန်တဲ့ ရောဂါရှိတယ်လို့ ထင်တတ်ကြပါတယ်။ အကယ်၍ သင့်စွမ်းဆောင်ရည်က ၅ မိနစ်လောက် ဆိုရင်တော့ ပုံမှန်လို့ ပြောလို့ရပါတယ်။
သုက်လွှတ်မြန်တာ က အကြောင်းရင်း များစွာရှိတဲ့ အထဲမှာ ပထမ အကြောင်းအရင်းကတော့ ငယ်ငယ်ကတည်းက လိင်ကိစ္စနဲ့ဆိုင်တဲ့ အတိတ်ဆိုးတွေကြောင့်ပဲ ဖြစ်ပါတယ်။ လိင်မှုကိစ္စအစ စောစောအစပြုတာ၊ လိင်ကိစ္စမှာ အသုံးချခံရတာ၊ ငယ်ဘဝမှာ တစ်ကိုယ်ရည်အာသာဖြေဖို့ လုံခြုံမှု မရှိတာတို့က အဓိက အကြောင်းအရင်းတွေဖြစ်ပါတယ်။
ဒုတိယအကြောင်းအရင်းကတော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ အခြားပြင်ပအခြေအနေတို့ကြောင့်ပဲဖြစ်ပါတယ်။ ဥပမာ အလုပ်မှာ စိတ်ဖိစီးမှုများတာ၊ စိတ်ကျရောဂါဝင်နေတာ ၊ အရင်ကဖြစ်ဖူးတဲ့သုက်လွှတ်မြန်တဲ့ ကိစ္စကိုပဲ အာရုံရောက်ပြီးပူပန်နေတာ၊ အရက်အလွန်အကျွံသောက်ခြင်းတို့ကြောင့် အဖြစ်များပါတယ်။ ရောဂါကြောင့်ဆိုရင်တော့ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရောဂါ၊ ဆီးကျိတ်ရောင်ရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။
ကိုယ့်ကိုကိုယ့် သုက်လွှတ်မြန်တယ်လို့ သံသယရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါ။ ဒါမှ သုက်လွှတ်မြန်တာ ဖြစ်တတ်ကြတယ်ဆိုတာနားလည်သွားဖို့ရယ်၊ ရောဂါအခံရှိနေရင်ရယ် ဖြစ်စေ စောစောစီးစီး ဆေးကုသမှု ခံယူနိုင်မှာပါ။
အောက်ကနည်းလမ်းတွေကတော့ ဆေးမကူဘဲ ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေဖြစ်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။
၁။ ချစ်ပွဲမ၀င်ခင် ကြိုတင်ပြီး တစ်ကိုယ်ရည်အာသာဖြေခြင်းအားဖြင့်လည်း တစ်ကယ်တမ်း ဆက်ဆံတဲ့အချိန်မှာ အရင်ကထက် ပိုမို ကြာလာစေနိုင်ပါတယ်။ စစ်မရောက်ခင် မြားမကုန်ဖို့တော့ ချိန်ဆဖို့လိုအပ်ပါတယ်။
၂။ ကွန်ဒုံးထူထူသုံးပေးခြင်းကလည်း အာရုံခံစားမှုကို အတော်အသင့် အဟန့်အတားဖြစ်စေပြီး အချိန်ကို ဆွဲဆန့်နိုင်ပါတယ်။
၃။ သုက်လွှတ်ချင်စိတ်ပေါ်လာရင် လေကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးခြင်းဖြင့်လည်း သုက်လွှတ်ချင်စိတ်ကို အတော်အသင့်ထိန်းနိုင်ပါတယ်။
၄။ တိုက်ပွဲ၀င်နေချိန် တခြားအကြောင်းအရာများတွေးပေးခြင်းဖြင့်လည်း အာရုံလွှဲနိုင်ပါတယ်။ စိတ်ဖိစီးစရာတွေမဖြစ်ဖို့တော့ အရေးကြီးပါတယ်။
၅။ စိတ်ကျရောဂါရှိသူဆိုရင်တော့ ဆရာ၀န်နဲ့ ပြသပြီး စိတ်ကျရောဂါကို ဆေးကုသမှု ခံယူတာအကောင်းဆုံးပါ။
ရေးသားသူ – Dr. Z
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်း ရက်အရေအတွက်
(days) ရက်
ရာသီရက်စုစုပေါင်း
(days) ရက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။