ဆရာဝန်ကို ဘယ်အချိန်ခေါ်ရမလဲ။
ကလေးသည် အသက်ကိုအားစိုက်ပြီး မြန်မြန်ရှုနေရလျှင် သို့မဟုတ် ခြေထိပ်လက်ထိပ်များ နှုတ်ခမ်းများ ပြာလာလျှင် ဆေးပညာအကူအညီကို ချက်ချင်းရယူသင့်ပါသည်။
အောက်ပါလက္ခဏာများကို မိဘများသတိထားမိလျှင်လည်း ဆရာဝန်ကိုခေါ်သင့်ပါသည်။ အဝါရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်သလိပ်များထွက်ခြင်း၊ လှုပ်ရှားမှုသိပ်မရှိခြင်း၊ နို့မစို့ချင်ခြင်း သို့မဟုတ် ရေဓါတ်ခမ်းခြောက်သည့် လက္ခဏာများ။
RSV သည် ကလေးများတွင်သာ ဖြစ်သည်မဟုတ်ပါ။
မိဘအများစုထင်ကြသည်မှာ RSV သည် ကလေးငယ်များနှင့် လမ်းလျှောက်စအရွယ်များတွင်သာ အဖြစ်များသည်ဟု ထင်ကြသည်။ ကလေးများသည် RSV ကြောင်းဖျားနာခြင်းပိုဖြစ်လွယ်သည်ဆိုသော်လည်း ဗိုင်းရပ်စ်သည် လူကြီးများကိုပါ ထိခိုက်နိုင်၏။ အထူးသဖြင့် တခြားရောဂါအခံများရှိနေလျှင် ဖြစ်နိုင်ပါသည်။
အမှန်ဆိုလျှင် လူကြီးများသည် ဘဝတစ်လျှောက်လုံး ခဏခဏ RSV ပိုးကူးစက်ခံရနိုင်ပါသည်။ သို့သော် အအေးမိသလောက်သာ လက္ခဏာများပြတတ်သောကြောင့် သူတို့အတွက် သိပ်ပြဿနာမဟုတ်ပါ။
RSV ပိုးကူးစက်ခြင်းအား ကုသခြင်း
ယခုလက်ရှိတွင် RSV အတွက်တိကျသော ကုသမှု မရှိသေးပါ။ မပြင်းထန်သည့်ကိစ္စများတွင် အလွယ်တကူဝယ်ယူနိုင်သောဆေးများသည် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းနှင့် ဖျားခြင်းတို့ကို သက်သာစေနိုင်ပါသည်။ သို့သော် လုံလောက်သည့် အာဟာရနှင့် အောက်စီဂျင်ရရှိနိုင်ရန်အတွက် ဆေးရုံတက်သင့်ပါသည်။ ထိုမှသာ မြန်မြန်ကျန်းမာပြီး ဗိုင်းရပ်စ်ကို တိုက်နိုင်မည်ဖြစ်သည်။ ဖွံဖြိုးဆဲနိုင်ငံများတွင် ၂၀၀,၀၀၀ သောကလေးများ RSV နှစ်စဉ် ကူးစက်ခံရပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။