ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ မဖြစ်မနေရှောင်သင့်တာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 28, 2021 . 2 mins read
Share now

ကိုယ်ဝန်လွယ်ရတာကတော်တော်လေးစွန့်စားရတဲ့အလုပ်ပါ။ ၉ လလွယ် ၁၀ လဖွားတဲ့ ကလေးတစ်ယောက်ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့ မေမေတို့အနေနဲ့ အစစအရာရာဂရုစိုက်ရပါတယ်။ ကိုယ့်ရဲ့ အစားတစ်လုတ်က အခန့်မသင့်ရင် ကိုယ့်ရဲ့ မျှော်လင့်ချက်လေးကို ရိုက်ချိုးလိုက်နိုင်တာကြောင့်ပါ။ ဒါကြောင့် ဗိုက်ထဲကဘေဘီလေးကျန်းမာစေဖို့ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ အစားအသောက်ကို မဖြစ်မနေဂရုစိုက်ဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့မေမေရောဘေဘီလေးပါကျန်းမာစေဖိုပ ကိုယ်ဝန်ဆောင် အစောပိုင်းအချိန်မှာ ဘာတွေရှောင်သင့်လဲဆိုတာကိုပြောပြပေးပါရစေ။

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ လုံးဝမစားသင့်တဲ့ အစားအစာတွေက ဘာတွေများလဲ…….

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ အရင်ကဘယ်လောက်ကြိုက်ကြိုက်၊ စားချင်စိတ်ဘယ်လောက်ပဲပြင်းပြနေပါစေ၊ဘေဘီလေးကိုလွယ်ထားရချိန်မှာ ဒီအစားအစာတွေနဲ့ဝေးဝေးနေပါ၊လို့ အကြံပြုပါရစေနော်။

ဂဏန်း– ဂဏန်းက ကယ်လ်ဆီယမ်ကြွယ်ဝပေမယ့် ကိုလက်စထရောပါဝင်မှုများပါတယ်။ ဂဏန်းစားသုံးတာက သားအိမ်ကြွက်သားတွေ ကျုံ့ဆန့်မှုကိုဖြစ်စေနိုင်ပြီး ကိုယ်တွင်သွေးယိုစီးမှုနဲ့ ကိုယ်ဝန်ပျက်ကျတာတွေကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဂဏန်းကို အလွန်အကျွံမစားသင့်ပါဘူး။

နှမ်း – ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ နှမ်းအဖြူရော၊ အနက်ကိုပါလုံးဝမစားသင့်ပါဘူး။ နှမ်းကို ပျားရည်နဲ့တွဲစားမိမယ်ဆိုရင် ကိုယ်ဝန်ကို ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်အစောပိုင်းကာလမှာ နှမ်း၊ နှမ်းဆီတို့ကိုရှောင်ပါ။

အသည်း – အသည်းက ဗီတာမင် A ကြွယ်ဝစွာပါဝင်ပေမယ့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတစ်ခုပါ။ နည်းနည်းပါးပါး ဆိုရင် ပြဿနာ မရှိပေမယ့် အများကြီးစားမိမယ်ဆိုရင် ကိုယ်တွင်းမှာretinol လို့ခေါ်တဲ့ ဗီတာမင် A1တွေများလာပြီး ကလေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့ပြင် ကလီစာတွေကိုလည်း တတ်နိုင်ရင် ရှောင်သင့်ပါတယ်။

ရှားစောင်းလက်ပပ် – ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေနဲ့ မသင့်တော်တာတော့အမှန်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရှားစောင်းလက်ပပ်စားမိမယ်ဆိုရင် သားအိမ်ကြွက်သားတွေကို ကျုံ့ဆန့်တာ၊သွေးဆင်းတာတွေကိုဖြစ်စေနိုင်သလို အပြင်းထန်ဆုံးအနေနဲ့ ကိုယ်ဝန်ပျက်ကျတာတွေကိုဖြစ်စေနိုင်ပါတယ်။

ကဖင်း– ကဖင်းက ကိုယ်တွင်းရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းဓာတ်အလွန်အကျွံစားသုံးမှုက ကိုယ်ဝန်ပျက်ကျစေနိုင်သလို ပေါင်မပြည့်တဲ့ ကလေးမွေးဖွားမှုတွေဖြစ်စေနိုင်ပါတယ်။ ကဖင်းကကော်ဖီမှာဲ ပါတာတော့မဟုတ်ပါဘူး။ လက်ဖက်ရည်၊ လက်ဖက်သုပ်။ ချောကလက်၊ ရေနွေးကြမ်းတို့မှာလည်း ကဖင်းဓါတ်ပါနေနိုင်ပါတယ်။ လုံးဝမသောက်ရတာတော့ မဟုတ်ပေမယ့် တစ်နေ့ကို ၂ခွက် ၃ခွက် ထက်တော့ မပိုသင့်ပါဘူး။

အယ်လ်ကိုဟော – သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ အရက်နဲ့အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုသောက်သုံးတာက ကိုယ်ဝန်ပျက်ကျတဲ့အထိဆိုးရွားတဲ့ ရလဒ်ကိုဖြစ်စေနိုင်ပါတယ်။

မက်မွန်သီးကိုယ်ခန္ဓာအပူချိန်ကိုတိုးစေပြီး ကိုယ်တွင်းသွေးယိုစီးမှုကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ အလွန်အကျွံစားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလမှာ မက်မွန်သီးကို စားမယ်ဆိုရင်လည်း အခွံနွှာပြီးမှ စားသင့်ပါတယ်။

ဒါတွေကိုလည်း သတိထားသင့်ပါတယ်

ဒါတွေအပြင်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ

  • ပိုးသတ်မထားတဲ့နွားနို့သောက်တာ
  • ကြက်ဥ၊ ဘဲဥအစိမ်းတွေစားတာ
  • ပြုပြင်ထားတဲ့ အသားတွေစားတာ
  • အမြန်စား၊ အသင့်စားအစားအစာတွေစားတာ
  • ပင်လယ်စာတွေ အစိမ်းစားတာ
  • ပြဒါးပါဝင်မှုများတဲ့ငါးတွေစားတာ
  • ဆေးဖက်ဝင်တယ်ဆိုတဲ့သောက်စရာတွေသောက်တ
  • ဟင်းခတ်အမွှေးအကြိုင်တွေ အလွန်အမင်းစားသုံးတာ
  • သေချာမကျက်တဲ့ အသား၊ငါးတွေစားတာမျိုးတွေကို မလုပ်သင့်ပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

ဥအနှစ်တွေက ဘယ်လိုများ အာဟာရဓာတ်တွေကြွယ်ဝနေလို့လဲ၊ ကြက်ဥ ဘဲဥအနှစ်တွေက သင့်ကျန်းမာရေးကို ဘယ်လိုများအထောက်အကူဖြစ်စေမှာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒါဆို မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား……….

ဆဲလ်သေတွေဖယ်ရှားမှ အသားအရေက ကျန်းမာတယ်။ အခုလို အသားခြောက်တဲ့ ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားလို့ ဖြစ်ပါ့မလား။ အသားများ ပိုခြောက်သွားမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား......................

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

သက်လတ်ပိုင်းမှာပေါက်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ ဒါတွေစားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 1 min read