ဦးနှောက်ကင်ဆာကို ဇီကာဗိုင်းရပ်စ်နဲ့ ကုသနိုင်
သုတေသနတစ်ခုက ဦးနှောက်ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား၊ တိုက်ဖျက်နိုင်ဖို့ ဇီကာဗိုင်းရပ်စ်ကို အသုံးပြုဖို့လေ့လာနေပြီး ခုချိန်ထိတော့ ရလဒ်တွေက အလားအလာကောင်းနေတယ်လို့ သိရပ်ါတယ်။ ဒါပေမယ့်ဘေးအန္တရာယ်ကင်းတဲ့ ကုသမှုတစ်ခုဖြစ်လာဖို့ကတော့ အချိန်အတော်စောင့်ရဦးမယ်လို့ သုတေသီတွေကပြောပါတယ်။ ဇီကာရောဂါပိုးကို ကုသရေးမှာသုံးလို့ရနိုင်ပါ့မလား။ သုတေသနအသစ်ကတော့ ရနိုင်ပါတယ်လို့ဖြေပါတယ်။ ဒီဗိုင်းရပ်စ်က ဗဟိုအာရုံကြောစနစ်အတွင်းမှာ အာရုံကြောဆဲလ်တွေနဲ့glial ဆဲလ်တွေကို ခွဲခြားပေးတဲ့ ဦးနှောက်ဆဲလ် (neural progenitor cells) တွေကို ပစ်မှတ်ထားတိုက်ဖျက်ပေးလေ့ရှိတာကြောင့်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီအချက်ကြောင့်ပဲ ကိုယ်ဝန်ဆောင်ချိန်မှာ ဇီကာကူးစက်ခံရတဲ့ မိခင်တွေရဲ့ သားသမီးတွေဟာ မွေးရာပါဦးခေါင်းသေးရောဂါ (microcephaly) နဲ့မွေးဖွားလာရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ ဇီကာဗိုင်းရပ်စ်က ဦးနှောက်ကင်ဆာတစ်မျိုး (glioblastoma) ဖြစ်ခြင်းကို အားပေးတဲ့ glioblastoma ပင်မဆဲလ်တွေကို တိုက်ဖျက်နိုင်တာဖြစ်ပါလိမ့်မယ်။ သုတေသနကို Washington University School of Medicine မှ ပညာရှင်တွေကလေ့လာခဲ့တာဖြစ်ပြီးThe Journal of Experimental […]