backup og meta

ကိုယ်ဝန်ကြောင့် ပြင်းပြင်းထန်ထန် ပျို့အန်ခြင်း

ကိုယ်ဝန်ကြောင့် ပြင်းပြင်းထန်ထန် ပျို့အန်ခြင်း

ပျို့အန်ခြင်းဆိုတာ မိန်းမအများစုအတွက် ကိုယ်ဝန်ရှိကြောင်းကို ပြသတဲ့ ပထမဆုံး လက္ခဏာတစ်ခုပါ။ Morning Sickness လို့ ခေါ်သော်လည်း ထက်ဝက်ကျော်လောက်က မနက်မှာတင် ဖြစ်တာမဟုတ်ပါဘူး။

ယင်းလက္ခဏာတွေဟာ ကိုယ်ဝန် ၁၄ပတ်မပြည့်မချင်း ဖြစ်လိုက် ပျောက်လိုက် ဖြစ်နေမှာပါ။ တစ်ချို့ကတော့ အလွန်အမင်း ပျို့အန်ခြင်းကို ခံစားရမှာပါ။ အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားပါမယ်။ စားရသောက်ရ ခက်ပါလိမ့်မယ်။ အဲဒါတွေက ကလေးနဲ့ မိခင်အတွက် ဆိုးကျိုးတွေ ရစေပါတယ်။

ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

မိန်းမတစ်ယောက်ဟာ အလွန်အမင်း ပျို့အန်နေပြီဆိုရင် ကိုယ်ဝန်ကြောင့် ပြင်းထန်စွာ ပျို့အန်ခြင်း (Hyperemesis gravidarum) (HG) ရှိတယ်လို့ ဆိုနိုင်ပါတယ်။ HGက ထပ်တိုး ရောဂါတွေ ဖြစ်စေနိုင်တာကြောင့် ဆေးရုံတင်ဖို့ လိုအပ်ပါတယ်။

HG ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အချိန်ကြာ ဆက်တိုက် ပျို့အန်နေမယ်။ တချို့ကိုယ်ဝန်ဆောင်တွေဆိုရင် တစ်နေ့ အခါ၅၀ လောက် ကြုံတွေ့ရနိုင်ပါတယ်။
  • ရေဓါတ်ခန်းခြောက်ခြင်း လက္ခဏာများ ဖြစ်နေမယ်။ ဘာကြောင့်လဲဆိုတော့ အလွန်အကျွန်အန်လိုက်မယ်ဆိုရင် ရေဓါတ်တွေ ခန်းခြောက်သွားနိုင်လို့ပါ။ တစ်နေ့ကို ရေလီတာဝက်အောက် သောက်မယ်ဆိုရင် ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးကို ထိခိုက်စေမှာပါ။
  • ကီတုံးဓါတ်တွေ လွန်ကဲလာပါလိမ့်မယ်။ ဆက်တိုက် ပျို့အန်နေမယ်ဆိုရင် စွမ်းအင်အတွက် သကြားဓါတ်တွေကို ဖြိုခွဲရမယ့်အစား အဆီတွေကို ဖြိုခွဲပြီး ကီတုံးဓါတ်တွေ ထွက်လာပါလိမ့်မယ်။ ဒါကတော့ ခန္ဓါကိုယ်ထဲမှာ အက်စစ်ဓါတ်တွေ များလာစေမကိုယ်အလေးချိန် သိသိသာသာ ကျလာမယ်။ အော့အန်နေစဉ်အတွင်းမှာ ဘာမှ မစားနိုင်၊ မသောက်နိုင်ပါဘူး။ ဒါကြောင့် စွမ်းအင်တွေ၊ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် ထိန်းထားဖို့ လိုအပ်တဲ့ အာဟာရတွေကို ဆုံးရှုံးသွားပါလိမ့်မယ်။

ပုံမှန် ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်းတွေဟာ ၁၄ပတ်အကြာမှာ ပျောက်ကင်းသွားနိုင်သော်လည်း HGတွေကတော့ ပိုမိုကြာတတ်ပါတယ်။ တချို့လက္ခဏာတွေကတော့ သူဘာသာ ရက်သတ္တပတ်၂၀လောက်အကြာတွင် သက်သာသွားနိုင်သော်လည်း မကုသဘူးဘူးဆိုရင်တော့ ကလေးမွေးပြီးသည်ထိအောင် ဆက်လက်ပျို့အန်နေဆဲဖြစ်မှာပါ။

HG ကုသနည်းတွေက ဘာတွေလဲ။

HG၏ လက္ခဏာများ သက်သာစေဖို့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သောက်သုံးနိုင်မယ့် ဆေးများညွှန်ကြားပါလိမ့်မယ်။ အအန်ပျောက်ဆေးများ၊ စတီးရွိုက်များ၊ B6 သို့ B12 သက်စောင့်ဓါတ်များအားတစ်ခုချင်း သို့မဟုတ် ပေါင်းစပ်ပေးခြင်းပဲဖြစ်ပါတယ်။

ဆေးဖြင့်မရတော့သော ပျို့အန်ခြင်းများတွင် သင့်တော်တဲ့ ကုသနည်းပေးဖို့ ဆရာဝန်က သေချာ စစ်ဆေးကြည့်ရှုပါလိမ့်မယ်။ အကြောဆေးသွင်း ကုသဖို့လိုနိုင်ပါတယ်။

ပျို့အန်ခြင်း ပျောက်စေဖို့ အအန်ပျောက်ဆေးများကို အကြောထဲမှ ထိုးသွင်းပေးမှာပါ။ သင့်တော်တဲ့ ဆေးအမျိုးအစား မတွေ့မချင်း ဆေးအမျိုးမျိုး စမ်းသပ်အသုံးပြုကြည့်ဖို့ လိုနိုင်ပါတယ်။

ခဏခဏ ကိုယ်ဝန်ကြောင့် ပျို့အန်မယ်၊ အစားအသောက်တွေ ပျက်မယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ကျွမ်းကျင်သူတို့၏ အကူအညီ ရယူဖို့ လိုအပ်ပါတယ်။ HG ရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ မြန်မြန်သိ၊ မြန်မြန်ကုလေ ကုသရလွယ်ကူလေပဲလို့ ဆရာဝန်များက ယုံကြည်ထားကြပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Severe vomiting in pregnancy. http://www.nhs.uk/conditions/pregnancy-and-baby/pages/severe-vomiting-in-pregnancy-hyperemesis-gravidarum.aspx. Accessed January 19, 2017.
Hyperemesis gravidarum. http://www.babycenter.com/0_hyperemesis-gravidarum_10376363.bc. Accessed January 19, 2017.
Morning Sickness in Pregnancy. http://patient.info/health/morning-sickness-in-pregnancy. Accessed January 19, 2017.

ယခုပုံစံ

03/01/2023

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခွဲမွေးပြီး ကိုယ်ဝန်နောက်တစ်ကြိမ်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ

ကိုယ်ဝန်ဆောင်မိခင်များအတွက် တတိယလပတ်လမ်းညွှန်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 03/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement