backup og meta

ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ

ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ

ငါးစားရင် ဉာဏ်ကောင်းတယ်။ ကလေးကို ဉာဏ်ကောင်းစေချင်လို့ ငါးကျွေးချင်တယ်။ ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ ။ ငါးဆို ဘယ်ငါးဖြစ်ဖြစ် ကျွေးလို့ရတာလားဆိုပြီးခေါင်းထဲမှာ အတွေးတွေများနေရတဲ့ မေမေတို့အတွက် ဒီဆောင်းပါးလေးက အဖြေပေးနိုင်မှာပါ။

ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ……..

ငါးက ကလေးကို ကျန်းမာဖွံ့ထွားစေမယ့် အစားအစာတစ်မျိုးပါ။ ကလေးက solid food စစားနိုင်ပြီဆိုတာနဲ့ ငါးစကျွေးလို့ရပါတယ်။ ဖြည့်စွက်စာ စစားတဲ့ကလေး အသက် ၆ လလောက်ဆို စကျွေးလို့ရပါတယ်။ ဒါပေမယ့် ကလေး အာဟာရဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှာတော့ကျွေးသင့်ပါတယ်။ ကလေးမှာ အစားဓာတ်မတည့်တာမျိုးဖြစ်နိုင်ရင် ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။

ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တာလား…..

ငါးက ကလေးကို ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အစားအစာတွေထဲမှာ ထိပ်ဆုံးပါ။ ဒါကြောင့် ကလေးကို ငါးစမကျွေးခင်မှာ အသား၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ကျွေးပေးသင့်ပါတယ်။ ငါးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာဆိုပေမယ့် အရေပြားရောဂါခံစားရဖူးတဲ့ မျိုးရိုးရှိတဲ့ ကလေးတွေ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ အစားဓာတ်မတည့်မှု မျိုးရိုးရှိတဲ့ကလေးတွေကတော့ ငါးနဲ့ ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပါတယ်။ ဒီလိုကလေးတွေကို ငါးကျွေးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်တာ အကောင်းဆုံးပါ။

ကလေးကို ဘာလို့ ငါးကျွေးပေးသင့်တာလဲ……

ကလေးကို ငါးကျွေးပေးသင့်တယ်လို့ပြောရတာက ဒီအချက်တွေကြောင့်ပါ။

ဦးနှောက် ဖွံ့ဖြိုးစေနိုင်တယ်

ငါး နဲ့ ပင်လယ်စာတွေမှာပါတဲ့Omega-3 က ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် ငါးကျွေးပေးတာက ကလေးကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

မျက်စိဖွံ့ဖြိုးစေနိုင်တယ်

လေ့လာမှုတွေအရ ငါး (ပင်လယ်ငါး) စားသုံးမှုက ကလေးကို လိုအပ်တဲ့ DHA ပမာဏကို ပြည့်ဝစွာရရှိစေပြီး မျက်လုံးလေးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မှာပါ။

ကလေးကို ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်

ငါးမှာပါတဲ့ Omega-3 Fatty Acid က ကလေးကို ညဘက်ကောင်းကောင်းအိပ်ပျော်နေစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

ဒီလောက်တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ငါးမှာပါတဲ့Omega-3ကြောင့် ကလေးမှာ အခုလိုအကျိုးကျေးဇူးတွေရရှိစေနိုင်ပါသေးတယ်။

ဘာငါးတွေ ကျွေးရမလဲ….

ငါးကျွေးရမယ် ဆိုတာနဲ့ ကလေးကို ငါးဆိုတိုင်း ကျွေးလို့တော့ မဖြစ်ပါဘူး။ ပြဒါး (မာကျူရီ) များတဲ့ ငါးတွေက ကလေးအတွက် မသင့်တော်ပါဘူး။ ပုံမှန်စားနေကြငါးတွေပဲ ကျွေးပေးပါ။ နိုင်ငံခြားဖြစ် ငါးရယ်လို့မှ မဟုတ်ပါဘူး။ လတ်လတ်ဆတ်ဆတ်ငါးကို သန့်သန့်ရှင်းရှင်း ချက်ထားမယ်။ အရိုးသေချာနွှင်ထားမယ်။ ကလေးနဲ့လည်း ဓာတ်မတည့်တာ မဖြစ်ဘူးဆိုရင် ကျွေးလို့ရပါတယ်။

ဘယ်လောက်ပမာဏကျွေးရမလဲ…….

ကလေးရဲ့ အသက်အရွယ်အလိုက် စားရမယ့် ငါးပမာဏက ကွာခြားနိုင်ပါတယ်။

  • ၆ လကနေ ၁ နှစ်အထိက အောင်စဝက် (အရွယ်တော် တစ်တုံးစာ)
  • ၁ နှစ်ကနေ ၃ နှစ်အထိက တစ်အောင်စ (ခပ်ရွယ်ရွယ်တစ်တုံး)
  • ၄ နှစ် ကနေ ၇ နှစ် အထိက နှစ်အောင်စ (ခပ်ရွယ်ရွယ် နှစ်တုံး)
  • ၈ နှစ် ကနေ ၁၀ နှစ်က သုံးအောင်စ (ခပ်ရွယ်ရွယ် ၃ တုံးစာ)
  • ၁၁ နှစ် အထက်ကလေးအောင်စ (ခပ်ရွယ်ရွယ် ၄ တုံးစာ)လောက်ကျွေးပေးရပါမယ်။

အရိုးလေးသေချာနွှင်လို့ကလေးကို ကျန်းမာဖွံ့ထွားစေဖို့ ငါးကျွေးပေးပါလို့ တိုက်တွန်းရင်း…….

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

22/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို ပုခက် နဲ့သိပ်တော့မယ်ဆိုရင်

ဘေဘီလေးရဲ့ BMI


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement