ပြည့်ဝဆီဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေသလားဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ငြင်းခုန်ခဲ့ကြပါတယ်။ သုတေသနတွေအရ ပြည့်ဝဆီဟာ သွေးထဲက lipid ဆိုတဲ့ အဆီဓာတ်ကို မြင့်တက်စေပါတယ်။ ဒီအထဲမှာ LDL ကိုလက်စထရောလည်း ပါဝင်နေပါတယ်။
ပြည့်ဝဆီဆိုတာ လူတွေအနေနဲ့ နေ့စဉ်ပုံမှန် စားသုံးနေရတဲ့ထဲမှာ ပါဝင်နေတတ်ပါတယ်။ အရေးကြီးတာက မိမိကျန်းမာရေးကို ထိန်းသိမ်းရာရောက်အောင်၊ ရောဂါဖြစ်နိုင်ခြေတွေ များမလာအောင် ဘယ်အရာကိုမဆို တရားလွန်စားသုံးခြင်း မပြုဖို့ပါပဲ။ ပြည့်ဝဆီကြောင့် မြင့်တက်လာတဲ့ LDL ကိုလက်စထရောနဲ့ နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချို စတာတွေ ဆက်စပ်မှုရှိနေတယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။
မပြည့်ဝဆီဆိုတာ ဖက်တီးအက်ဆစ်များအကြား ချိတ်ဆက်မှု (bond) မခိုင်မြဲတဲ့ အဆီအမျိုးအစား ဖြစ်ပါတယ်။ သူတို့ဟာ အခန်းအပူချိန်မှာ အရည်အနေနဲ့ ရှိပါတယ်။ မပြည့်ဝဆီကို အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်ပါတယ်။ Mono နဲ့ polyunsaturated fat ဆိုပြီး ခေါ်ပါတယ်။
အပင်တွေကနေ ရရှိတဲ့ Monounsaturated အဆီ ကို စားသုံးခြင်းဟာ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ Monounsaturated အဆီ ပါဝင်မှုမြင့်မားတဲ့ အစားအစာတွေကတော့
– သံလွင်ဆီ
– မြေပဲဆီ
– ထောပတ်သီး
– အခွံမာသီးများ
– အစေ့အဆန်များ စတာတွေပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။