backup og meta

ကလေးငယ်လေးတွေကို ဆီအသုံးပြုပြီး နှိပ်နယ်ပေးခြင်းက ရရှိနိုင်တဲ့ကောင်းကျိုးများ


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်လေးကို ဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက ကလေးကို သက်တောင့်သက်သာဖြစ်စေသလို မိခင်နဲ့ရင်သွေးကြားမှာ ရင်းနှီးချစ်ခင်မှု ပိုမိုရရှိစေနိုင်ပါတယ်။

    ကလေးကို အဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကအများကြီးရှိပါတယ်။

    ကလေးကို သက်တောင့်သက်သာဖြစ်စေမယ်

    ကလေးကို အဆီတစ်ခုခုသုံးပြီးနှိပ်နယ်ပေးတာက ခန္ဓါကိုယ်က အကြောတွေကိုပြေလျော့စေနိုင်သလိုကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။နောက်တစ်ချက်က ကလေးလေနြာဖစ်တာကို သက်သာစေပြီး ဝမ်းမှန်ေစနိုင်ပါတယ်။ ကလေးကို စိတ်ဖိစီးမှုကင်းဝေးစေပြီး ကြွက်သားတွေနာကျင်တာ၊ သွားကြိတ်တာတွေကို ကင်းဝေးစေမှာပါ။

    ကလေးရဲ့ ခန္ဓါကိုယ်ဖြစ်စဉ်တွေကိုကောင်းမွန်စေနိုင်တယ်

    ကလေးကို နှိပ်နယ်ပေးတာက ကလေးရဲ့သွေးလည်ပတ်မှုစနစ်အစာခြေစနစ်၊ ကိုယ်တွင်းဟော်မုန်းတွေနဲ့ ကိုယ်ခံအားစနစ်၊ ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုတွေကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါတွေတင်မဟုတ်ဘဲ ကလေးရဲ့ သင်ယူနိုင်မှုစွမ်းရည်နဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုကောင်းမွန်စေနိုင်ပါသေးတယ်။

    ချစ်ခြင်းမေတ္တာတိုးစေပြီး ယုံကြည်မှုတိုးလာစေတယ်

    ကလေးကို နှိပ်နယ်ပေးတာက ကလေးနဲ့ မိဘကြားမှာ ချစ်ခင်ရင်းနှီးမှု ပိုတိုးလာစေနိုင်သလို ကလေးရဲ့မိဘအပေါ်မှာ ယုံကြည်မှုတိုးလာစေနိုင်ပါတယ်။ ကလေးနဲ့ စကားပြောဆိုဆက်သွယ်မှုမလုပ်နိုင်သေးပေမယ့် ဒီလိုလေးထိတွေ့မှုက ရင်သွေးလေးနဲ့ ကိုယ်နဲ့ကြား မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာနဲ့ နားလည်နိုင်မှုတွေ တိုးပွားလာစေမှာပါ။

    ကလေးကိုနှိပ်ပေးမယ်ဆိုရင်

    • ကလေးကိုနှိပ်ပေးတဲ့အခါ အရမ်းအားမသုံးဘဲ ခပ်ဖွဖွလေးနှိပ်ပေးပါ။
    • ကလေးကို အဆီတစ်မျိုးမျိုးသုံးပြီး မနှိပ်နယ်ခင်မှာ ကလေးအရေပြားမှာ ဆီနည်းနည်းလေးယူပြီး အရင်စမ်းကြည့်ပါ။ တကယ်လို့ ကလေးရဲ့ အသားက ရဲလာမယ်၊ အဖုအပိမ့်လေးတွေထွက်လာမယ်ဆိုရင်တော့ ဆီကို ဆက်မသုံးပါနဲ့။
    • ကလေးရဲ့ ဗိုက်ပေါ်ကို ဆီ နည်းနည်းလောင်းချပြီး ခပ်ဖွဖွလေးပွတ်ပေးပါ။ပြီးရင်တော့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကို တဖြည်းဖြည်းချင်း နှိပ်ပေးပါ။
    • ကလေးကိုနှိပ်ပေးတဲ့အခါ ကလေးသက်တောင့်သက်သာဖြစ်တဲ့အနေအထားမျိုးဖြစ်နေစေဖို့ သတိပြုပါ။

    ကလေးကိုနှိပ်နယ်ပေးရာမှာ အသင့်တော်ဆုံးဖြစ်မယ့် အဆီတွေက

    ကလေးကိုနှိပ်နယ်ပေးတဲ့အခါ အသုံးပြုမယ့် ဆီအမျိုးအစားကို မှန်ကန်စွာရွေးချယ်မိဖို့လိုပါမယ်။

    နွေရာသီ

    နွေရာသီမှာဆိုရင်တော့ ကလေးငယ်ရဲ့ အသားအရေကိုအေးမြစေပြီးနေပူဒဏ်ကြောင့် အရေပြားထိခိုက်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မယ့် အုန်းဆီ၊ နှမ်းဆီလိုမျိုးဆီတွေကိုရွေးချယ်ပေးသင့်ပါတယ်။ ကလေးကိုရေချိုးပြီးစမှာ အုန်းဆီလေး ခပ်ပါးပါးလူးပေးမယ်ဆိုရင် အရေပြားကို အစိုဓါတ်ထိန်းပေးပြီး ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေကြောင့် အရေပြားထိခိုက်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

    ဆောင်းရာသီ

    ဆောင်းရာသီလိုမျိုးအေးမြခြောက်သွေ့တဲ့ရာသီမျိုးမှာဆိုရင် အရေပြားကိုနွေးထွေးမှုပေးတဲ့ မုန်ညင်းဆီ၊ သံလွင်ဆီ နဲ့ အရေပြားခြောက်သွေ့မှုကင်းစေတဲ့ အယ်လ်မွန်ဆီတွေကိုရွေးချယ်သင့်ပါတယ်။ မုန်ညင်းဆီက ကလေးရဲ့ အသားအရေကိုခြောက်သွေ့မှုကင်းပြီး စိုပြည်စေမှာပါ။ သံလွင်ဆီကတော့ အရေပြားအစိုဓါတ်ကို ထိန်းသိမ်းပေးပြီးခြောက်သွေ့တာနဲ့ အသားအရေမညီညာတာမျိုးကို သက်သာစေမှာပါ။နောက်ထပ်အားသာချက်တစ်ခုက ကလေးငယ်တွေရဲ့ အရေပြားခြောက်သွေ့ကြောင့်ဖြစ်လာနိုင်တဲ့ အရေပြားပြဿနာတွေကို ကင်းဝေးစေတာပါ။

    အယ်လ်မွန်ဆီဆိုရင် ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့်ဆောင်းရာသီနဲ့တော်တော်လေးသင့်တော်ပါတယ်။ အရေပြားကိုဆောင်းရာသီအအေးဒဏ်ကနေ အပြည့်အဝကာကွယ်မှုပေးပြီး ကလေးကိုကောင်းကောင်းအိပ်ပျော်စေမှာပါ။

    တုံ့ပြန်လွယ်အသားအရေပိုင်ရှင်ဘေဘီလေးတွေအတွက်ကတော့

    တုံ့ပြန်လွယ် အသားအရေပိုင်ရှင်တွေအတွက်ကတော့ သဘာဝ ဟင်းသီးဟင်းရွက်တွေကနေထုတ်ထားတဲ့ အဆီတွေက အသင့်တော်ဆုံးပါ။ ဥပမာပြောပြရရင်-

    မေမေတွေနဲ့ ရင်သွေးလေးေတွကြားက ချစ်ခြင်းမေတ္တာနဲ့ယုံကြည်မှုတွေတိုးပွားစေဖို့ဘေဘီလေးတွေကို နှိပ်နယ်ပေးလိုက်ပါနော်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement