backup og meta

ဘေဘီလေးနဲ့ နေကြာစေ့

ဘေဘီလေးနဲ့ နေကြာစေ့

နေကြာစေ့ တခွပ်ခွပ် ကိုက်ရင်း ရုပ်ရှင်ကြည့်နေတုန်း တူလေး၊ တူမလေးတွေက တီတီ ကျွေး၊ လေးလေး ကျွေး လို့ ပြောလာရင် ကျွေးလိုက်ရမလား၊ တည့်ရော တည့်ရဲ့လားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဇဝေဇဝါဖြစ်နေတာကို ဖြေရှင်းဖို့ ဒီဆောင်းပါးလေးကို ဖတ်ရင်း အဖြေထုတ်ရအောင်နော်။

ဘေဘီလေးကို နေကြာစေ့ ကျွေးလို့ရလား………..

ဒီအမေးကို ဟုတ်ရပါတယ်ပဲ ပြောရမှာပေါ့။ တကယ်ကတော့ ဘေဘီလေးကို solid food စတင်မိတ်ဆက်တဲ့ ၆ လမှာကတည်းက နေကြာစေ့ ကျွေးလို့ ရပါတယ်။

ဒါဆို ခွံလို့ရတာပေါ့ဆိုပြီး အားပါးတရတော့ မခွံလိုက်ပါနဲ့နော်။ တီတီ၊ လေးလေးလို့ မပီကလာခေါ်နေတဲ့ ဘေဘီလေးက ၄ နှစ် မပြည့်သေးဘူးဆိုရင်တော့ နေကြာစေ့ကို ကြိတ်ပြီး ကျွေးတာက အကောင်းဆုံးပါ။

ဒီလိုပြောရတာက နေကြာစေ့က ကလေးကို အစာနင်တာသီးတာ​တွေ ဖြစ်စေနိုင်လို့ပါ။ ကလေးက ကောင်းကောင်း ဝါးစားနိုင်ပြီဆိုတဲ့အချိန်ကျရင်တော့ ကလေးကို နေကြာစေ့ အစေ့လိုက် ခွံလို့ ရပါတယ်။

ကလေးကို ၄ နှစ် မပြည့်ခင်အထိ နေကြာစေ့ ကြိတ်ကျွေးပါ။ ၄ နှစ်ပြည့်ပြီဆိုရင်တော့ အစေ့လိုက် ခွံပေးလို့ ရပါပြီ။ နောက်တစ်ခုက ကလေးက နေကြာစေ့ စားတဲ့အခါ ဓာတ်မတည့်မှု ဖြစ်လားဆိုတာကို ဆန်းစစ်ပါ။ ဓာတ်မတည့်ဘူးဆိုရင်တော့ မကျွေးပါနဲ့။

နေကြာစေ့ စားရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲ…………….

ဘေဘီလေးကို နေကြာစေ့ ကျွေးပေးမယ်ဆိုရင်

အစာခြေစနစ် ကျန်းမာစေတယ်

နေကြာစေ့မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က ကလေးကို အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ပံ့ပေးသလို အူနံရံတွေကို ရေဓာတ် စုပ်ယူမှု ကောင်းစေပြီး ဝမ်းချုပ်ခြင်း ကင်းလို့ အာဟာရ ပြည့်ဝစေဖို့ အထောက်အကူပြုပေးပါတယ်။

ဦးနှောက် ကျန်းမာစေတယ်

နေကြာစေ့မှာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ tryptophan ပါဝင်နေပါတယ်။ tryptophan က ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အရေးပါတဲ့ ဟော်မုန်းတွေ ဖြစ်ကြတဲ့ serotonin နဲ့ melatonin ဟော်မုန်းတွေ ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။

ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး ဦးနှောက် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

ကြွက်သားတွေ ဖွံ့ဖြိုးစေတယ်

နေကြာစေ့မှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အမိုင်နိုအက်ဆစ်တွေ ဖြစ်ကြတဲ့ histidine၊ isoleucine၊ leucine၊ lysine တို့လိုမျိုး အရေးပါတဲ့ အက်ဆစ်တွေ ပါဝင်နေပါတယ်။ ဒီလို ပါဝင်မှုက ဘေဘီလေးကို ကြွက်သား ဖွံ့ဖြိုးစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။

ရောင်ရမ်းတာကို သက်သာ​စေနိုင်တယ်

နေကြာစေ့မှာ ဗီတာမင် E ပါဝင်နေတာကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်လေပြွန်ရောင်တာတွေကို သက်သာစေနိုင်ပါတယ်။

သွေးအားနည်းရောဂါ ကာကွယ်ပေးတယ်

ကလေးက သွေးအားနည်းရောဂါ ရှိရင် ဖြစ်ဖြစ် ဒါမှမဟုတ် ကလေးကို သွေးအားနည်းရောဂါကနေ ကာကွယ်ချင်ရင် ဖြစ်ဖြစ် နေကြာစေ့ကို ကျွေးပေးလို့ရပါတယ်။ အကြောင်းကတော့ နေကြာစေ့မှာ သွေးအားနည်းတာကို ကာကွယ်ပေးနိုင်တဲ့ သံဓာတ် ပါဝင်နေလို့ပါ။

အရိုးတွေ သန်မာစေတယ်

နေကြာစေ့မှာ မဂ္ဂနီဆီယမ် လိုမျိုး အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးနိုင်တဲ့ သတ္တုဓာတ် ပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ် ကြွယ်ဝတာကြောင့် ဘေဘီလေးကို အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Infant and Newborn Nutrition https://medlineplus.gov/infantandnewbornnutrition.html Accessed Date 22 September 2020

Total parenteral nutrition – infants https://medlineplus.gov/ency/article/007239.htm Accessed Date 22 September 2020

ယခုပုံစံ

14/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေ စားသောက်ကြမလဲ။

ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement