ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 17, 2020 . 2 mins read
Share now

ကျွန်တော်တို့ရဲ့ အစာခြေစနစ်ထဲမှာ သန်းပေါင်းများစွာသော ဘက်တီးရီးယားလေးတွေ မှီတင်းနေထိုင်ကြပါတယ်။ အကျိုးပြုတဲ့ ဘက်တီးရီးယားရော အကျိုးမပြုတဲ့ ဘက်တီးရီးယားရောပါ။

အကျိုးပြု ဘက်တီးရီးယားလေးတွေကတော့ အစာခြေစနစ်ကစလို့ ကိုယ်ခံအားပါ ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးတာပေါ့။

အကျိုးပြု ဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ဆိုရင် သူတို့ကို အာဟာရ ထောက်ပံ့ပေးဖို့ လိုပါမယ်။ ဒီလိုထောက်ပံ့ပေးတဲ့အာဟာရကိုတော့ ပရီဘိုင်အိုးတစ်(prebiotics)လို့ ခေါ်ပါတယ်။

အရွယ်ရောက်ပြီးသားသူတွေမှာ အကျိုးပြုဘက်တီးရီးယားတွေက လုံလောက်မှုရှိပေမယ့် ဖွံ့ဖြိုးဆဲ ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာတော့ ဒီ အကျိုးပြု ဘက်တီးရီးယားတွေက လုံလုံလောက် မရှိသေးဘူးပေါ့။ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် အရေးအကြီးဆုံးက အစာခြေစနစ်ပါ။

အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် သေချာတာက အကျိုးပြုဘက်တီးရီးယားလေးတွေ အကောင်းဆုံး ရှင်သန်နိုင်အောင် ထောက်ပံ့ပေးဖို့ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေရဲ့ အစာခြေစနစ်ထဲက အကျိုးပြုဘက်တီးရီးယားလေးတွေ ရှင်သန်စေဖို့ လိုအပ်မယ့် အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရအကြောင်းကို ပြောပြပေးမှာပါ။

မေမေတိုင်း ကြားဖူးနေနိုင်တဲ့ lcFos

ဒီစာလုံးလေးက ဘာဆိုတာကို မသိပေမယ့် ကလေးဖြည့်စွက် အာဟာရကြော်ငြာတွေ၊ ဆရာဝန်တွေရဲ့ ကလေးအာဟာရဆိုင်ရာ ညွှန်ကြား ပညာပေးချက်တွေကနေတဆင့် ကြားဖူးနေနိုင်ပါတယ်။ ဒီကြားဖူးနေကျ စကားလုံးဖြစ်တဲ့ lcFos ဆိုတာက ဘာများလဲ ……..

lcFos ဆိုတာ 

ကလေးဖြည့်စွက် အာဟာရ တော်တော်များများမှာ ပါဝင်နေတဲ့ lcFos ဆိုတာက အကျိုးပြုဘက်တီးရီးယား အာဟာတစ်မျိုးပါ။ LcFos ကို အရှည်ကောက်ကတော့ Long chain fructo-oligosaccharide လို့ ခေါ်ပါတယ်။ ဖွံ့ဖြိုးဆဲ ကလေးရဲ့ အစာခြေစနစ် ကျန်းမာရေးကို အားဖြည့်ပေးမယ့် ဇာတ်လိုက်လေးတစ်ခုပေါ့။

သူက ကလေးတစ်ယောက်ကို ဝမ်းဗိုက်ပြဿနာကင်းပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို ပြည့်ဝတဲ့ အာဟာရ ရရှိအောင် ပံ့ပိုးပေးပါတယ်။ lcFos လို့ သိကြတဲ့ (prebiotics) အကျိုးပြုဘက်တီးရီးယားအာဟာရ တစ်မျိုးကို ပြည့်ဝ လုံလောက်စွာ ကျွေးမွေးပေးမယ်ဆိုရင် ကလေးက

  • လေနာကင်းမယ်
  • အရေပြားပြဿနာကင်းမယ်
  • အစာချေဖျက်မှု ကောင်းမယ်
  • အစားစားချင်စိတ် ဖြစ်စေမယ်
  • ဝမ်းပျက်ဝမ်းလျှော သက်သာစေမယ်
  • ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ကာကွယ်ပေးမယ်
  • ဝမ်းမှန်စေမယ်
  • ဓာတ်မတည့်မှုပြဿနာ ကင်းစေမယ်
  • အာဟာရပြည့်ဝစေမယ်
  • အူတွင်း လုပ်ဆောင်ချက်တွေ ကောင်းစေမယ်
  • အစာခြေစနစ် ရောဂါပိုး ဝင်ရောက် ကူးစက်တာတွေကို ကာကွယ်ပေးမယ်
  • ကိုယ်ခံအားကောင်းစေမယ် ဆိုတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ခံစားရမှာပါ။

ဒါ့အပြင် အူနံရံတွေကို အာဟာရ စုပ်ယူမှုကောင်းစေတာက ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝစွာ ရရှိစေလို့ ကိုယ်ခံအားကောင်းပြီး ရောဂါဘယကင်းလို့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

lcFos ကို ဘယ်ကနေ ရနိုင်လဲ……….

ကလေးရဲ့ အစာခြေစနစ်ကစလို့ ကိုယ်ခံအား စနစ်အထိ အကောင်းဆုံး ထောက်ပံ့ပေးတဲ့ lcFos ကို lcFos ဖြည့်သွင်းထားတဲ့ ကလေးနို့မှုန့်တွေကရနိုင်တဲ့အပြင်

  • ဒိန်ချဉ်
  • ငှက်ပျောသီး
  • ကညွတ်
  • ပဲအမျိုးမျိုး
  • အုတ်ဂျုံ
  • ဘယ်ရီသီး
  • ပေါင်မုန့်
  • cereal တို့ကနေလည်း ရရှိနိုင်ပါတယ်။

ဒီတော့ အစာခြေစနစ်ကျန်းမာပြီး ကောင်းမွန်တဲ့ ကိုယ်ခံအားနဲ့ ဉာဏ်ရည်ထက်မြက်ပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်စေဖို့ ကလေးရဲ့ အာဟာရထဲမှာ lcFos လေး ပါဝင်အောင် ပြင်ဆင်ပေးလိုက်စို့နော် မေမေတို့ရေ………….။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား........ ရင်သားကြီးတာကို သဘောကျတာများပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

အမှတ်မထင် ပိုးရှိသူနဲ့ ထိတွေ့ခဲ့မိ ဆိုပါတော့။ သေချာတာက ထိတွေ့လူနာဖြစ်ခဲ့ရင် Q ဝင်ရမှာပဲလေ။ ဒီတော့ Q ဝင်တဲ့အခါ ဘာတွေ ယူသွားဖို့ လိုမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။ အသားအရေလေး လှတာကိုး ဆိုတဲ့ စကား ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

Stay at Home မှာ ဝိတ်တက်လာသူတွေအတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read