brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား..............

ဘေဘီလေးက အသက် ၆ လရောက်လာပြီဆိုရင် အစားစကျွေးလို့ရပြီ။ ဒီအချိန်မှာ မေမေ့ခေါင်းထဲ ဝင်လာတာက စားစရာတစ်ခုခုကို ကိုင်လိုက်တိုင်း၊ တွေးမိလိုက်တိုင်း ဘေဘီလေး စားလို့ရလား မသိဘူးဆိုတာပါ။

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား..............

အခုတစ်ခေါက်တော့ ငုံးဥပြုတ်စားတဲ့အခါ ဘေဘီလေးကို ခွံလို့ရမလား တွေးနေတဲ့ မေမေတွေအတွက် အဖြေထုတ်ပေးမယ့် ဆောင်းပါးလေးပါ။

ဘေဘီလေးကို ငုံးဥပြုတ်ကျွေးလို့ရလား…………..

ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။

ငုံဥကျွေးတဲ့အခါ ဘေဘီလေးကို အကာစကျွေးပေးပါ။ နည်းနည်းချင်းစီ စကျွေးပြီး ဘေဘီလေးနဲ့ တည့်တယ်၊ ဓာတ်မတည့်တဲ့ လက္ခဏာလည်း မပြဘူးဆိုရင် အနှစ်ရော အကာပါ စိတ်ချလက်ချ ကျွေးလို့ရပါပြီ။

ငုံးဥက ဘေဘီလေးအတွက် အာဟာရဖြစ်ရဲ့လား.……….

ငုံးဥ

ငုံးဥက ဘေဘီလေးအတွက် အာဟာရ ဖြစ်ရဲ့လားဆိုတော့ သိပ်ဖြစ်တာပေါ့။ ငုံးဥမှာ အကျိုးပြု အဆီဓာတ်တွေ၊ ပရိုတင်း၊ သံဓာတ်၊ ဇင့်ဓာတ် တို့လိုမျိုး ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။

ငုံဥ အနှစ်မှာဆိုရင် ဗီတာမင် B အုပ်စု၊ ဗီတာမင် D တွေ ပါဝင်နေပြီး အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။

သတိထားရမယ့် တစ်ချက်ကတော့ ဘေဘီလေးကို ငုံးဥကျွေးတဲ့အခါ သေချာ ကျက်အောင် ပြုတ်ပေး၊ ကြော်ပေးဖို့ပါ။ ဒီလိုလုပ်ဆောင်ပေးမှ ဘေဘီလေးကို salmonella ပိုးဝင်ရောက် ကူးစက်ခံရမှုကနေ ကာကွယ်ပေးနိုင်မှာပါ။

ငုံးဥကပေးတဲ့ ဘေဘီလေး ကျန်းမာရေး

ဘေဘီလေးကို ငုံးဥကျွေးပေးတဲ့အခါ

ဘေဘီလေးကို ၉ လအရွယ်မှာ ငုံးဥကို တစ်နေ့ ၂ လုံးအထိ ကျွေးလို့ရပါတယ်။ ဒီလိုကနေမှ ၃ လုံး ၅လုံး စသဖြင့် အသက်အရွယ်အလိုက် တိုးကျွေးသွားလို့ ရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။