မေမေ့ ချစ်မေတ္တာကပေးတဲ့ ဘေဘီလေးတို့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 5, 2020 . 2 mins read
Share now

မိခင် နဲ့ ဘေဘီလေးတို့ကြားက ချစ်ခြင်းမေတ္တာမှာ မျက်စိနဲ့မြင်လို့ မရတဲ့ စွမ်းအားတွေ အများကြီးရှိနေပါတယ်။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးတို့အတွက် အကောင်းဆုံးတွေပဲ ပေးစွမ်းမယ်ဆိုတာကတော့ ထွေထွေထူးထူးပြောနေစရာ မလိုအောင်ပါ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရရော အများရဲ့ ယုံကြည်လက်ခံမှုတွေအရပါ မိခင်မေတ္တာက ဘေဘီလေးတို့အတွက် အဖိုးဖြတ်လို့ မရတဲ့ အရာပါ။

မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးကို ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းသလဲ………….

ငယ်စဉ်ကာလမှာ မေမေရဲ့ ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ ရရှိတဲ့ ဘေဘီလေးတွေက

ငယ်ငယ်မှာ မေမေ့ဆီက ချစ်ခင် ဂရုစိုက်မှုရတဲ့ ကလေးလေးတွေဟာ ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးကြသူတွေပါ။ သူတို့လေးတွေဟာ သင်ယူနိုင်စွမ်း ကောင်းသလို၊ တီထွင်ကြံဆမှုလည်းကောင်းကြတယ်။ ဘဝစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြပြီး ပြဿနာတွေကိုလည်း အကောင်းဆုံး ဖြေရှင်းနိုင်ကြပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာစွာနဲ့ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။ စိတ်ခံစားမှု ကောင်းသလို ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းကြသူလေးတွေက မေမေ့ဆီက ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝရခဲ့သူတွေပါ။

ငယ်ငယ်က မိခင်မေတ္တာအပြည့်အဝ ရရှိသူတွေဟာ သက်လတ်ပိုင်းအရွယ်မှာ အခြားသူတွေထက် အမျိုးအစား (၂) ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေ နည်းတယ်လို့ လေ့လာမှုတစ်ခုအရသိရပါတယ်။

မိခင်ဆီကနေ ချစ်ခြင်းမေတ္တာ ပြည့်ပြည့်ဝဝရတဲ့ ဘေဘီလေးတွေက စိတ်ဖိစီးမှုကင်းကြပြီး စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ကင်းကြပါတယ်။

မေမေရဲ့ အချစ်ခံရတဲ့ ကလေးတွေ၊ မေမေနဲ့ ပြေလည်နွေးထွေးတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားတဲ့ ဘေဘီလေးတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြသလို စိတ်ခံစားမှုကြောင့် မလိုအပ်ဘဲ စားသုံးမိတာမျိုး ကင်းကြသူတွေပါ။ ငယ်ငယ်က အချစ်ခံရတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ အဝလွန်တဲ့ ပြဿနာကင်းကြတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

ငယ်ငယ်ကတည်းက မေမေနဲ့ တပူးပူးတတွဲတွဲနေတယ်။ မေမေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရထားတယ် ဆိုတဲ့ ဘေဘီလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ မလိုအပ်ဘဲ အရာရာကို ကြောက်နေတဲ့ ပြဿနာကင်းကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေသူတွေဟာ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရကြသူတွေပေါ့။

  • ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝကို ရကြတယ်

ငယ်စဉ်မှာ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို ရကြတဲ့ ကလေးတွေဟာ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်မိသားစုကို ပိုင်ဆိုင်နိုင်ကြပါတယ်။ အကြောင်းကတော့ မေမေ့ မေတ္တာကို အပြည့်အဝရထားတာက ချစ်တတ်တဲ့ စိတ်ကလေးကို ဖြစ်ပေါ်စေလို့ ကောင်းမွန်တဲ့ မိသားစုဘဝကို တည်ဆောက်နိုင်တာပါ။ ကလေးတွေကိုလည်း အကောင်းဆုံး ပျိုးထောင်ပေးနိုင်ကြသူတွေပေါ့။

မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက နေ့စဉ် ဘဝမှာ ကောင်းမွန်တာတွေကို ဖြစ်စေသလို ဘဝတစ်လျှောက်လုံးမှာ ပျော်ရွှင် ကျန်းမာမှုတွေကို ပေးစွမ်းပါတယ်။ သားသားမီးမီးလေးတွေ လူတော်လူကောင်းလေးတွေအဖြစ် ကြီးပြင်းလာတာက မေမေရဲ့ ပျိုးထောင်မှု ကောင်းတာကြောင့်ရော ချစ်ခင် ဂရုစိုက်မှုတွေကြောင့်ရောပါဆိုတာကို အသိပေးပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

စိတ်ပူပင်လို့ ရင်တုန်လာတာလား ......... နှလုံးရောဂွ ခံစားနေရလို့များ ရင်တုန်နေတာလား ဆိုပြီး စိတ်ပူနေတဲ့ စာဖတ်သူတွေ ရှိကြလား....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-hope-affects-your-health မျှော်လင့်ချက်ထား

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
blurry-vision-causes အမြင်မကြည်

အမြင်မကြည် ရသည့် အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read