ဘေဘီလေးက အသက် ၆ လရောက်လာပြီဆိုရင် အစားစကျွေးလို့ရပြီ။ ဒီအချိန်မှာ မေမေ့ခေါင်းထဲ ဝင်လာတာက စားစရာတစ်ခုခုကို ကိုင်လိုက်တိုင်း၊ တွေးမိလိုက်တိုင်း ဘေဘီလေး စားလို့ရလား မသိဘူးဆိုတာပါ။
ထွက်မှာ သေချာပြီလား။
ဘေဘီလေးက အသက် ၆ လရောက်လာပြီဆိုရင် အစားစကျွေးလို့ရပြီ။ ဒီအချိန်မှာ မေမေ့ခေါင်းထဲ ဝင်လာတာက စားစရာတစ်ခုခုကို ကိုင်လိုက်တိုင်း၊ တွေးမိလိုက်တိုင်း ဘေဘီလေး စားလို့ရလား မသိဘူးဆိုတာပါ။
အခုတစ်ခေါက်တော့ ငုံးဥပြုတ်စားတဲ့အခါ ဘေဘီလေးကို ခွံလို့ရမလား တွေးနေတဲ့ မေမေတွေအတွက် အဖြေထုတ်ပေးမယ့် ဆောင်းပါးလေးပါ။
ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။
ငုံဥကျွေးတဲ့အခါ ဘေဘီလေးကို အကာစကျွေးပေးပါ။ နည်းနည်းချင်းစီ စကျွေးပြီး ဘေဘီလေးနဲ့ တည့်တယ်၊ ဓာတ်မတည့်တဲ့ လက္ခဏာလည်း မပြဘူးဆိုရင် အနှစ်ရော အကာပါ စိတ်ချလက်ချ ကျွေးလို့ရပါပြီ။
ငုံးဥက ဘေဘီလေးအတွက် အာဟာရ ဖြစ်ရဲ့လားဆိုတော့ သိပ်ဖြစ်တာပေါ့။ ငုံးဥမှာ အကျိုးပြု အဆီဓာတ်တွေ၊ ပရိုတင်း၊ သံဓာတ်၊ ဇင့်ဓာတ် တို့လိုမျိုး ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။
ငုံဥ အနှစ်မှာဆိုရင် ဗီတာမင် B အုပ်စု၊ ဗီတာမင် D တွေ ပါဝင်နေပြီး အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။
သတိထားရမယ့် တစ်ချက်ကတော့ ဘေဘီလေးကို ငုံးဥကျွေးတဲ့အခါ သေချာ ကျက်အောင် ပြုတ်ပေး၊ ကြော်ပေးဖို့ပါ။ ဒီလိုလုပ်ဆောင်ပေးမှ ဘေဘီလေးကို salmonella ပိုးဝင်ရောက် ကူးစက်ခံရမှုကနေ ကာကွယ်ပေးနိုင်မှာပါ။
ဘေဘီလေးကို ငုံးဥကျွေးပေးတဲ့အခါ
ဘေဘီလေးကို ၉ လအရွယ်မှာ ငုံးဥကို တစ်နေ့ ၂ လုံးအထိ ကျွေးလို့ရပါတယ်။ ဒီလိုကနေမှ ၃ လုံး ၅လုံး စသဖြင့် အသက်အရွယ်အလိုက် တိုးကျွေးသွားလို့ ရပါတယ်။
ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။
ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Quail Egg Benefits https://quaileggbenefits.wordpress.com/ Accessed Date 15 December 2020
The benefits and harm of quail eggs for children https://bz.farmforage.com/7151-the-benefits-and-harm-of-quail-eggs-for-children.html Accessed Date 15 December 2020
အကြံပြုလိုသည့် ဆောင်းပါးများ