backup og meta

သင့်အရိုးသန်မာစေဖို့ ဒါတွေ ရှောင်ကြဉ်ကြပါစို့ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အရိုးသန်မာစေဖို့ ဒါတွေ ရှောင်ကြဉ်ကြပါစို့ ။  ။

    အရိုးဆိုတာ ကိုယ်ခန္ဓါတစ်ခုလုံးမှာ အသန်မာဆုံးအရာတွေလို့ ပြောလို့ရပါတယ်။ ဒီလိုသန်မာတဲ့ အရိုးတွေဟာ သင့်ကြောင့် တဖြည်းဖြည်းယိုယွင်းလာတယ်ဆိုတာ သင်သိပါသလား။ ဒါဆို သင့်အရိုးသန်မာမှုကို ဖျက်စီးနေတဲ့ သင် အမှတ်တမဲ့ လုပ်မိနေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ။ ။

  • အငန်များများစားခြင်း ။ ။

  • အငန်များများစားလေ ၊ ဝင်လာတဲ့ အငန်တွေကို စွန့်ထုတ်ဖို့အတွက် ကယ်လ်ဆီယမ်ကလည်း လိုက်ထွက်ရတဲ့အတွက် အရိုးအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်တွေ လျော့ကုန်ပါတယ်။ ဒါ့ကြောင့် အရိုးကိုလည်း ပျက်စီးစေတတ်၊ သွေးတိုးရောဂါကိုပါ ဖြစ်စေတတ်တဲ့ အငန်ဓါတ်ကို လျှော့စားတာကသာ အကောင်းဆုံးပါ။

    သန်မာတဲ့ အရိုးတစ်ခုရဖို့အတွက် ေလ့ကျင့်ခန်းတွေလုပ်ပေးဖို့၊ လှုပ်ရှားမှုတွေ များများလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး လေ့ကျင့်ခန်းလုပ်ပေးလေလေ အရိုးနဲ့ ကြွက်သားတွေ သန်မာလေလေပါပဲ။ တစ်နေကုန် ထိုင်ခုံမှာပဲထိုင်ခုံမှာပဲထိုင်နေတာက သင့်ကိုသက်တောင့်သက်တာရှိစေပေမယ့် သင့်အရိုးကျန်းမာရေးကိုတော့ ထိခိုက်စေပါတယ်။

    • စက်ဘီးစီးလွန်းခြင်း ။ ။

    စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းဟာ သင့်နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုပေမယ့် သင့်အရိုးကိုတော့ ထိခိုက်စေတတ်ပါတယ်။ တစ်ချိန်လုံး ခြေထောက်ကိုကွေးပြီး စက်ဘီးနင်းနေရတာကြောင့် အဓိက ဒူးခေါင်းရိုးကိုထိခိုက်စေပါတယ်။

    • နေရောင်လုံးဝ အထိမခံခြင်း။

    အရိုးသန်မာဖို့အတွက် အဓိကလိုအပ်တဲ့ ဗီတာမင် D ကို နေရောင်ခြည်ကနေ ရနိုင်ပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးအတွက် သဘာဝ တရားကြီးက ဖန်တီးပေးထားတဲ့ မနက်အစောပိုင်း နေရောင်ခြည်ကို ခံပေးဖို့လိုတာပါ။ ၁၀ နာရီ နောက်ပိုင်းနေရောင်ခြည်မှာတော့ ခရမ်းလွန်ရောင်ခြည်တွေ ပါတဲ့အတွက် အရေပြားကင်ဆာကိုဖြစ်စေနိုင်ပါတယ်။

    • အရက်သောက်များခြင်း ။ ။

    ကိုယ်တွင်းကယ်လ်ဆီယမ် စုပ်ယူမှုကို အရက်က တားဆီးနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်တာများလွန်းရင် ကယ်လ်ဆီယမ်တွေ အရိုးထဲမရောက်နိုင်တော့လို့ အရိုးသန်မာမှု စတင်ယိုယွင်းလာနိုင်ပါတယ်။ အရက်ကိုလည်း လုံးဝ မဖြတ်နိုင်ဘူးဆိုရင် ကိုယ့်ဘာသာ limit တစ်ခု သတ်မှတ်ပြီး သောက်ပါ။ အရက်မူးလွန်းရင်လည်း ချော်လဲပြီး အရိုးကျိုးတာတွေလည်း ဖြစ်တတ်သေးတယ်လေနော်။ ။

    • ကော်ဖီတို့၊ ဆိုဒါပါတဲ့ ဖျော်ရည်တို့ အသောက်များခြင်း ။ ။

    ကဖင်းဓါတ်ဟာ ဦးနှောက်ကို တက်ကြွလန်းဆန်းစေပေမယ့် သင့်အရိုးကနေ ကယ်ဆီယမ်စုပ်ယူတာကိုတော့ တားဆီးပါတယ်။ ဒါ့အပြင် ဖျော်ရည်တွေမှာပါတဲ့ ဆိုဒါကြောင့်လည်း အရိုးသန်မာမှုတွေ ယိုယွင်းတတ်ပါတယ်။

    • ဆေးလိပ်သောက်ခြင်း ။ ။

    ဆေးလိပ်ေကြာင့်ရတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ကြားဖူးပါသလား။ ဆေးလိပ်သောက်တာ ကြာလေလေ၊ အရိုးတစ်ရှူးအသစ်တွေ ဖျက်စီးခံရလေလေပါပဲ။ ဒါ့အပြင် ဆေးလိပ်စွဲနေတဲ့သူတွေမှာ အရိုးကျိုးသွားခဲ့ရင် ပြန်ဆက်ဖို့အတွက် သာမာန်လူတွေထက် အချိန်ပိုကြာတတ်ပါတယ်။

    • သင်သောက်နေသော ဆေးတစ်ချို့ကြောင့်လည်း အရိုးသန်မာမှု ယိုယွင်းနိုင်ပါတယ်။

    စတီးရွိုက်တို့၊ အတက်ရောဂါအတွက် သင်သောက်နေတဲ့ဆေးတွေဟာ အရိုးသန်မာမှုကို ထိခိုက်နိုင်တဲ့ နာမည်ကြီးဆေးတွေပါ ။ ဆေးတွေကို ကြာကြာစွဲသောက်လေ ဘေးထွက်ဆိုးကျိုးတွေ ပိုများလေလေ အရိုးပျက်စီးလေလေပါပဲ။

    • အစားလျှော့စားလွန်းခြင်း။ ။

    ပိန်ချင်လို့အာဟာရ မျှတအောင် အစားတဲ့သူတွေမှာလည်း အရိုးသန်မာမှုတွေ ပျောက်ဆုံးနေတတ်ပါတယ်။ BMI 18.5 အောက်ရောက်ပြီး ပိန်လွန်းနေတဲ့သူတွေဟာ အရိုးကျိုးနိုင်ချေပိုများပါတယ်။

    • အသက်ကြီးလာခြင်း ။

    အသက်ကြီးလာခြင်းဟာ ရှောင်လွဲလို့မရတဲ့ အရိုးသန်မာမှု ယိုယွင်းခြင်း အစပါ။ အသက်ကြီးတဲ့သူတွေ အရိုးကျိုးသွားရင် ပြန်ဆက်ဖို့ အတော်အချိန်ယူရတဲ့အတွက် လမ်းသွားရင် ဖြစ်ဖြစ်၊ လှေကားတက်ရင်ပဲဖြစ်ဖြစ် သေချာ သတိထားပြီး သွားစေချင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement