backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) ကဘာလဲ။

အနောက် ခရုစိတ်အရွတ်က ဒူးခေါင်းတွင်ရှိသည်။ အရွတ်သည် မာသော တစ်သျူးအမျှင်ဖြစ်ပြိး အရိုးများကို ဆက်ပေးသည်။

အနောက်ခရုစိတ်အရွတ်သည် အရှေ့ခရုစိတ်အရွတ်နင့်ဆင်တူသည်။ ပေါင်အရိုးနှင့်အခြေထောက်အရိုးကိုဆက်ပေးသည်။ အရှေ့ခရုစိတ်အရွတ်ထက်ပိုကြီးပိုသန်သော်လည်း ပျက်စီးနိုင်သည်။

အနောက်ခရုစိတ်အရွတ်ကိုထိခိုက်မိက ဒူးခေါင်းရှိ အခြားအရွတ်များကိုလည်း ပျက်စေသည်။ အချို့သောကိစ္စများတွင် အရွတ်သည် အောက်ရှိ အရိုးကိုပါ တစ်စစီကျိုးစေနိုင်သည်။

Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒူးခေါင်း ၏၂၀ရာခိုင်နှုန်းသည် အနောက်ခရုစိတ်အရွတ်ထိခိုက်မိခြင်းဖြစ်သည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

အနည်းငယ်မှ အတန်သင့်ဒူးတွင်နာခြင်းကြောင့် လမ်းလျောက်ရန်ခက်ခြင်း

ဒူးခေါင်းတွင်ယောင်ခြင်း နာရီအနည်းငယ်အတွင်း အမြန်ဖြစ်လာသည်။

ဒူးမခိုင်ခြင်း

ဒူးခေါင်းအပြင် အခြားထိခိုက်မှုများနှင့်ဆက်စက်နေပါက အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းရောဂါလက္ခဏာသိပ်မပြသောကြောင့် သတိမထားမိဖြစ်တတ်သည်။ အချိန်ကြာလာသည်နှင့် အနာပြင်းလာပြီး ဒူးမခိုင်ပဲဖြစ်လာမည်။ ဒူးခေါင်းအခြားနေရာပါထိခိုက်မိပါကရောဂါလက္ခဏာပိုပြင်းထန်နိုင်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဒူးခေါင်းအောက် ပိုင်းခြေသလုံးအရိုးထိခိုက်မိခြင်း သို့မဟုတ် ဒူးကွေးရင်းလဲကျခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ထိုသို့ထိခိုက်မှုသည်များသောအားဖြင့်အောက်ပါအခြေအနေများကြောင့်ဖြစ်နိုင်သည်။

မော်တော်ကားကိုက်ခြင်း။ ယာဉ်မောင်းရှေ့ရှိ ဒိုင်ခွက်ဘောင်ထိခိုက်မှ သည် ကားမောင်းသူသည် ဒူးကွေးနေစဉ် ထိခိုက်မိခြင်းကြောင့်ဒူးအောက်ကိုတွန်းမိပြီး အနောက်ခရုစိတ်အရွတ်ကိုပျက်စေသည်။

ထိခိုက်စေသောအားကစားများ။ အားကစားသမားများ အားကစားအချိန် ဥပမာ ဘောလုံးကန်ခြင်း ဆော်စာကစားခြင်း တွင်ဒူးကွေးခြေဖဝါးထောက်ချော်လဲပါက အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းကိုဖြစ်စေနိုင်သည်။ ခြေသလုံးအရိုးက မြေပြင်နှင့်တိုက်ပြီး နောက်သို့ရောက်သွားလိမ့်မည်။ ထိုကြောင့်ထိုထိခိုက်မှုကိုဖြစ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

မော်တော်ကားမတော်မဆမှု

အားကစား ဥပမာ ဘောလုံးတွင်ပါဝင်ကစားခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါသမိုင်းကြောင်း။ ထိခိုက်မှုဖြစ်နေချိန် သင်ဘာလုပ်နေလဲ ဥပမာ ကားနှင့်ခရီးသွားနေသလား သို့မဟုတ် အားကစားကစားခြင်းတို့ကိုမေးလိမ့်မည်။ ထိုပြင်အောက်ပါတို့ကိုမေးနိုင်သည်။

ထိခိုက်မိချိန်တွင်ဒူးခေါင်းကွေးနေလားဆန့်နေလားလိမ်နေလား။

ထိခိုက်မိပြီးဒူးခေါင်းမှာဘယ်လိုခံစားရလဲ။

သင်မထိခိုက်မီတည်းက ရောဂါလက္ခဏာရှိမရှိ။

ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်း။ အလုပ်များဆုံးစမ်းသပ်မှုဖြစ်သည်။ ကျောဖြင့်လဲပြီး ဒူးခေါင်းကွေးထားရမည်။ ထိုနောက်ဆရာဝန်မှ ဒူးခေါင်းကိုစမ်းသက်ခြင်းနှင့်ခြေသလုံးအပေါ်ကိုဖိပြီးစမ်းခြင်းတို့လုပ်လိမ့်မည်။ ပုံမမှန် ဒူးခေါင်းလှုပ်ရှားမှုများရှိပါက အနောက် ခရုစိတ်အရွတ်ထိခိုက်သည်ကိုပြသည်။

အာထရိုမီတာဟုခေါသော အရိုးစမ်းသပ်သောကိရိယာကိုလည်းသုံးနိုင်သည်။ အရွတ်တင်းမာမှုကို သင့်ခြေထောက်အားဖိပြီးစမ်းလိမ့်မည်။

ဆရာဝန်မှ လမ်းလျောက်ခိုင်းနိုင်သည်။ လမ်းလျောက်ပုံမမှန်က အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းဟုဆိုနိုင်သည်။

ဓါတ်မှန်ရိုက်ခြင်း။ အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းအတွက် သတင်းအချို့ကိုပေးနိုင်သည်။ ထိခိုက်မှုကြောင့်ကျိုးသောအရိုးများကိုမြင်နိုင်သည်။

သံလိုက်ပဲ့တင်အားဖြင့်ပုံရိပ်ဖော်ခြင်း သည်အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း ပုံရိပ်များကိုဖော်ပြပေးနိုင်သည်။ ထိခိုက်မိသောနေရာအတိအကျကိုလည်းပြနိုင်သည်။

နှာတာရှည် အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းရှိပါက အရိုးပုံရိပ်ဖော်ခြင်းက ပျက်နေသောအရိုးကိုသိနိုင်သည်။

Posterior cruciate ligament (PCL) injury (အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုသည် ထိခိုက်မှုပြင်းထန်ပေါ်မူတည်သည်။ ခုမှထိမိသလား အရင်ထဲကရှိသလားပေါ်လည်းမူတည်သည်။ များသောအားဖြင့် ခွဲစိတ်မှုမလိုတတ်ပါ။

ဆေးဝါးကုသမှု

ဆေးဆိုင်တိုင်းရနိုင်သော အနာသက်သာစေသောဆေး ဥပမာ အိုင်ဗျူမရိုဖန်(အက်ဗေး၊ မော်ထရေး အိုင်ဘီ နှင့်အခြား) သို့မုတ် နပရိုဇန် ဆိုဒီယန်(အလိ) တို့က နာကျင်ခြင်းနှင့်ယောင်ခြင်းအားသက်သာစေနိုင်သည်။

ကုထုံးများ

ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်က သင်ဒူးခေါင်းသန်မာလာစေရန် လုပ်ဆောင်ရည်ပိုကောင်းလာစေရန်လေ့ကျင့်ခန်းများကိုသင်ပေးလိမ့်မည်။ ဒူးခေါင်းအစွပ် သို့မဟုတ် ချိုင်းထောက်များက ပြန်လည်တည်ဆောက်နေချိန်တွင်လိုနိုင်သည်။

ခွဲစိတ်ခြင်း

သင့်ထိခိုက်မှုသည်ပြင်းထန်ပါက- အဓိကအားဖြင့် အခြားအရွတ် အရိုးကျိုးပျက်စီးမှုများနှင့်တွဲနေပါက- အရွတ်အားပြန်တည်ဆောက်ရန်ခွဲစိတ်မှုလိုအပ်နိုင်သည်။ ပြန်လည်တည်ဆောက်နေချိန်အတွင်း ဒူးမခိုင်မှုဆက်ရှိနေပါက ခွဲစိတ်မှုကိုစဉ်းစားနိုင်သည်။

ခွဲစိတ်မှုကို ဖိုင်ဖာ အမြင်ကင်မရာနှင့် ရှည်သောကိရိယာပါဝင်သည့်အရိုးမှန်ပြောင်း ဖြင့်အဓိကကုသသည်။ ဒူးခေါင်းနားတွင်ခွဲစိတ်မှုသေးသေးလေးပြုလုပ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အနောက် ခရုစိတ်အရွတ်ထိခိုက်မိခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အနောက် ခရုစိတ်အရွတ်ထိခိုက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ထိခိုက်သောအရိုးကိုထပ်မထိခိုက်အောင်ကာကွယ်ပါ။ ချိုင်းထောက်များလည်းလိုအပ်နိုင်သည်။

ရေခဲကို မိနစ် ၂၀ ၃၀ သုံးလေးနာရီကြားတခါ နှစ်ရက်သုံးရက်လောက်ကပ်ပါ။

ကျုံဆန့်နိုင်သောအစီးကိုသင့်ဒူးခေါင်းနားတွင်ပတ်ပါ။

လှဲနေပါက ဒူးခေါင်းအောက်တွင် ခေါင်းအုံးထားခြင်းဖြင့်ယောင်ခြင်းကိုသက်သာစေနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement