အဓိပ္ပါယ်ဖွင့်ဆိုချက်
Lumbar Herniated Disc (ခါးကျောရိုးပြား) ကဘာလဲ။
ခါးကျောရိုးပြား(Lumbar Vertebral disc)တွေဆိုတာ လူရဲ့ ခါးပိုင်းမှာ အရေးပါတဲ့ ကဏမှပါတယ်။ ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားမှာ တုန်ခါ ပွတ်တိုက်မှုများကို သက်သာစေခြင်း၊ ခနာကိုယ်အပေါ်ပိုင်းကို ထောက်ကန်ပေးခြင်း၊ ဘယ်စောင်းညာစောင်း ခါးကိုင်းခြင်းစတဲ့လှုပ်ရှားမှု အပြုအမူတွေအားလုံးကိုပါပြုလုပ်နိုင်ဖို့
အထောက်အကူပြုပေးပါတယ်။
ကျောရိုးဆစ်ကြားအပြား(Lumbar vertebral disc) ကျွံကျခြင်း ဒါမှမဟုတ် သူ့ရဲ့ အတွင်းထဲအရာအချို့ အပြင်ဘက်သို့ လျှံကျပြီး ကျောရိုးမဘေးမှ အာရုံကြောများကို ထိခိုက်မိကာ ခါးနာခြင်း၊ ခြေသလုံး ပေါင်များ နာကျင်ခြင်း စတဲ့ အာရုံကြောနာကျင်တဲ့ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
Lumbar herniated disc လက္ခဏာတွေဟာ အများအားဖြင့် သိသာတဲ့ အကြောင်းအရင်းမရှိပဲ စဖြစ်တက်ပေမဲ့ တစ်ခါတစ်လေမှာတော့ ပစ္စည်းအလေးအပင်တွေမခြင်း၊ ခါးကို လိမ်ပြီး လှည့်မိခြင်းတို့ကြောင့် ခါးရိုးပြားအပေါ်မှာ ဝိတ်ပိရာက စပြီး နာတတ်တာမျိုးလည်း ရှိပါတယ်။
Lumbar Herniated Disc (ခါးကျောရိုးပြား) က ဘယ်လောက်အဖြစ်များသလဲ
အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ အများအားဖြင့် အသက် ၃၅ မှ ၅၀ အတွင်း ဖြစ်တတ်ပါတယ်။ ရောဂါနဲ့ ပတ်သက်ပြီး ပိုမို သိနိုင်ရန် ဆရာဝန်တစ်ယောက်ယောက်နဲ့ သွားရောက်
ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Lumbar Herniated Disc (ခါးကျောရိုးပြား) ရဲ့လက္ခဏာတွေကဘာတွေလဲ
Lumbar herniated disc ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
- ခြေထောက်နာခြင်း – ခါးနာခြင်းထက် ခြေထောက်နာခြင်းက ပိုဆိုးတတ်ပါတယ်။ Large Sciatic လို့ခေါ်တဲ့ အာရုံကြောရဲ့ လမ်းကြောင်းအတိုင်း ခြေထောက်ရဲ့ အနောက်ဘက်တစ်လှောက်နာတတ်တယ်။ အဲလိုမျိုးနာတာကို Sciatica ဒါမှမဟုတ် radiculopathy လို့ခေါ်တယ်။
- အာရုံကြောနာခြင်း – သတိထားမိတဲ့ လက္ခဏာတွေကတော့ ပူလောင်ရှတပြီး ဓါတ်လိုက်လို တစ်ခုခုနဲ့ ထိုးထားသလို ခြေထောက်နာကျင်ခြင်း
- ရောဂါလက္ခဏာနေရာပြောင်းလဲခြင်း – ဘယ်နေရာမှ အရိုးပြားကျွံတာလဲ၊ ဘယ်လောက်ထိကျွံသွားလဲ ဆိုတာပေါ်မူတည်ပြီးတော့ ခါးနာခြင်း၊ တင်ပါးနာကျင်ခြင်း၊ ပေါင်အရှေ့ဘက်နဲ့ အနောက်ဘက်နာကျင်ခြင်း၊ ခြေသလုံးကြွက်သား၊ ခြေနဲ့ ခြေချောင်းများ နာကျင်ခြင်းတို့ဟာ ခနာကိုယ်တစ်ခြမ်းတည်းမှာပဲဖြစ်လေ့ရှိတယ်။
- အာရုံကြော လက္ခဏာများ – ခြေသလုံး၊ခြေထောက်နဲ့ ခြေချောင်းများ ထုံခြင်း၊ ပင်အပ်များနဲ့ ထိုးထားသလို ခံစားရခြင်း၊ အားနည်းခြင်း၊ ကျင်ခြင်း။
- ခြေထောက်ကျခြင်း – လမ်းလျှောက်နေစဉ်၊ ခြေဖျားထောက်ပြီး မတ်တပ်ရပ်နေစဉ်မျှာ ခြေဖဝါးကိုမြေကြီးနှင့် လွတ်အောင်ကြွရန်ခက်ခဲခြင်းဟာလည်း ခါးရိုးပြားကျွံကျခြင်းကြောင့် ဖြစ်တဲ့ အာရုံကြောလက္ခဏာတစ်ခုပဲဖြစ်တယ်။
- ခါးနာခြင်း – နာတတ်ပေမဲ့ အမြဲတန်းတော့ မဖြစ်တတ်ပါဘူး။ နာရင်တော့ တစ်ဆစ်ဆစ်၊ အောင့်ပြီးနာပြီးရင် ခါးတောင့်သွားသလို ခံစားရတတ်ပါတယ်။ ခါးရိုးဆစ်ကျွံခြင်းကြောင့် ခါးရိုးဘေးကြွက်သားအကြောဆွဲတတ်ပါတယ်။ အဲလိုဖြစ်လာလျှင်တော့ ၁ ရက် ၂ ရက်ခန့်အနားယူပြီးတော့ ရေခဲကပ်၊ ရေပူအိတ်ကပ်၊ကျောမှီပါတဲ့ ထိုင်ခုံမှာထိုင်တာပဲဖြစ်ဖြစ်၊ ဒူးခေါင်းအောက်မှာ ခေါင်းအုံခုပြီး လှဲအိပ်နေတာပဲဖြစ်ဖြစ်လုပ်ရင် နာကျင်တာသက်သာသွားပါလိမ့်မယ်။
- လှုပ်ရှားမှုကြောင့်ပိုမိုနာကျင်ပါလိမ့်မယ်။ အကြာကြီး မတ်တပ်ရပ်ခြင်း၊ အကြာကြီး ထိုင်ခြင်း၊ ဒါမှမဟုတ်လမ်းနည်းနည်းလေး လျှောက်ပြီးရင် နာကျင်တတ်ပါတယ်။ အားရပါးရရယ်မောခြင်း၊ နှာချေခြင်း လိုမျိုး အပြုအမူတွေဟာလည်း နာကျင်ခြင်းကို ပိုမိုဆိုးစေပါတယ်။
- ကိုယ်ခနာရှေ့ကိုကိုင်းခြင်းကြောင့် ပိုမို နာကျင်ခြင်း- ကိုယ်ရှေ့ကိုင်းခြင်း၊ ခါးလျောပြီး ထိုင်ခြင်း၊ ခါးရှေ့ကောင်းခြင်းတို့ကြောင့်လည်း ခြေသလုံးပိုမိုနာကျင်တတ်ပါတယ်။
- အဖြစ်မြန်ခြင်း – ခါးရိုးဆစ်ကျွံခြင်းဟာ ဖြစ်ပွားစေတဲ့ အကြောင်းရင် မရှိပဲလည်း ရုတ်တရက် ဖြစ်တတ်ပါတယ်။
ခါးရိုးကျွံတဲ့ပုံစံဆိုးလေလေ လက္ခဏာတွေဟာပိုဆိုးလေလေပဲဖြစ်ပါတယ်။ အရုံကြောကိုသာ မထိခိုက်မိဘူးဆိုရင်တော့ ခါးကလွဲပြီးကျန်တဲ့နေရာတွေနာကျင်မှမဟုတ်ပါဘူး။ တစ်ချို့ ကိစ္စတွေမှာတော့ ခါးရောခြေထောက်ရော ပေါင်းပြီးနာပြီးတော့ ရက်အနည်းငယ်အတွင်းသက်သာသွားတယ်ဆိုရင်တော့ ကျောရိုးပြား ကျွံကျတာကို ပြသနေတာပဲဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။