ဆရာဝန်ကသင့်ကိုစမ်းသပ်စစ်ဆေးချိန်မှာ သင့်ရဲ့အရပ်ကို ကြည့်ပါလိမ့်မယ် ပြီးတော့ခါးကုန်းခိုင်းပါမယ် သူကတော့သင့်ရဲ့ဘေးကနေ သင့်ကျောရိုးကိုကြည့်နေမှာပါ။ တကယ်လို့ ခါးကုန်းတယ်ဆိုရင်တော့ အပေါ်ပိုင်းမှာ အဝိုင်းလိုက်ကြီးဖြစ်နေတာကို ဒီလိုပုံစံမှာမှပိုသိသာတာမို့ပါ။
- ပုံရိပ်ဖော် စမ်းသပ်မှုများ
-သင့်ရဲ့ရောဂါ လက္ခဏာခံစားရတာတွေပေါ်မူတည်ပြီး
-X-rays။ ရိုးရိုး X-rays တွေကိုရိုက်ကြည့်ရင်းနဲ့ ဘယ်လောက်ဒီဂရီအထိကွေးတယ် ခါးရိုးပုံစံပျက်တာကဘယ်လို ဆိုတာကိုကြည့်ပြီး ဘယ်လိုပုံစံ ခါးကုန်းခြင်းလဲဆိုတာ သိနိုင်ပါတယ်။
-CT ရိုက်ခြင်း။ တကယ်လို့အသေးစိတ်သိရှိဖို့လိုအပ်တယ်ဆိုပါက သင့်ဆရာဝန်က CT ရိုက်ဖို့ပြောပါလိမ့်မယ်။CT ဆိုတာက X-ray ပုံတွေကို ထောင့်မျိုးစုံကနေ ရိုက်ကြည့်ပြီး ပေါင်းစပ်ထားတာဖြစ်ပြီးအတွင်းက တည်ဆောက်ပုံကိုကြည့်လို့ရတဲ့အရာဖြစ်ပါတယ်။
တကယ်လို့သင့်ဆရာဝန်က အလုံးအကျိတ်တွေ့တယ် ဒါမှမဟုတ် ပိုးဝင်တာလို့ သံသယရှိတယ်ဆိုပါက သင့်ရဲ့ ကျောရိုးမကို MRI ရိုက်ဖို့ ပြောပါလိမ့်မယ်။MRIက ရေဒီယိုလှိုင်းတွေရယ် အရမ်းကောင်းတဲ့သံလိုက်ဓါတ်အားရယ်ကိုအသုံးပြ ုပြီး အရိုးနဲ့ တစ်ရှူးတွေရဲ့ပုံရိပ်ကို အသေးစိတ်ကြည့်တာဖြစ်ပါတယ်။
တကယ်လို့သင်က ထုံတာကျင်တာခံစားရမယ်ဆိုရင် ဒါမှမဟုတ် ကြွက်သားတွေအားပျော့သလိုခံစားရမယ်ဆိုရင် သင့်ဆရာဝန်က စမ်းသပ်မှုတွေလုပ်ဖို့အကြံပေးပါလိမ့်မယ်။ စမ်းသပ်မှုတွေကတော့ သင့်ရဲ့အာရုံကြောက သင့်ရဲ့ ကျောရိုးမကြီးနဲ့ ခြေချောင်းလက်ချောင်း အဖျားအနားတွေထိ အာရုံကြောထိတွေ့ခံစားနိုင်လား ဆိုတာတွေဆုံးဖြတ်ဖို့ပါပဲ။
Kyphosis (ခါးကုန်းခြင်း) ကို ဘယ်လိုကုသပါသလဲ
ခါးကုန်းခြင်းကုသမှုဟာ ဖြစ်ပေါ်တဲ့အခြေအနေ၊လက္ခဏာတွေ ခံစားရတာတွေပေါ်မူတည်ပြီး ကုသရပါတယ်။
သင့်ဆရာဝန်က အကြံပေးမှာတွေကတော့
–အနာသက်သာဆေးများ။အပြင်ကဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့သောက်ဆေးတွေဖြစ်တဲ့ acetaminophen(Tylenol), ibuprofen (advil,Mortin IB) ,naproxen (Aleve)တို့ကို ဝယ်သောက်လို့ရပါတယ်။ ဒီဟာတွေနဲ့မသက်သာသေးရင် ပိုပြီးပြင်းတဲ့ အနာသက်သာဆေးတွေကို ဆရာဝန်လက်မှတ်နဲ့တကွ ပေးတဲ့ဟာတွေသောက်လို့ရပါတယ်။
-အရိုးပွခြင်းအတွက်ဆေးများ။အသက်ကြီးတဲ့လူတွေမှာ ခါးကုန်ခြင်းဆိုတာက အရိုးပွခြင်းကြောင့်ပဲဆိုပြီးပထမဆုံးအနေနဲ့ ကောက်ချက်ဆွဲတတ်ကြပါတယ်။ အရိုးကိုအားဖြစ်စေမယ့်ဆေးတွေကိုသောက်ခြင်းနဲ့ ကျောရိုးမကြီး ကျိုးတာကနေကာကွယ်ပြီး ခါးကုန်းခြင်းကနေလည်းကာကွယ်နိုင်မှာပါ။
တစ်ချို့သော ခါးကုန်းခြင်းကို အကူအညီပေးနိုင်ပါတယ်
-လေ့ကျင့်ခန်းလုပ်ခြင်း။ဆွဲဆန့်တဲ့လေ့ကျင့်ခန်းမျိုးကို လုပ်ခြင်းနဲ့ ကျောရုးကို ပျော့ပျောင်းစေပြီး ခါးနာခြင်းကိုလည်းသက်သာစေပါတယ်။ ဗိုက်ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းမျိုးတွေကလည်း ပုံစံအနေအထားကို ကောင်းမွန်စေပါတယ်။
-အပတ်များတပ်ဆင်ခြင်း။Scheuermann’s ရောဂါရှိတဲ့ ကလေးတွေဟာ body brace လိုဟာမျိုး တပ်ဆင်ခြင်းနဲ့ သူတို့အရိုးတွေကြီးထွားဖွံဖြိုးနေဆဲမှာပဲ ခါးကုန်းခြင်းကို ဆက်မဖြစ်တော့အောင်ရပ်အောင်လုပ်နိုင်ပါတယ်။
-ကျန်းမာသောလူနေမှုဘဝ။ ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းထားခြင်း နဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းတို့က ခါးနာတာကို သက်သာစေပြီး ခါးကုန်းခြင်းကဖြစ်တဲ့ရောဂါလက္ခဏာတွေကိုသက်သာစေမှာပါ။
-အရိုးသိပ်သည်းဆအားကောင်းစေရန်ထိန်းသိမ်းထားခြင်း။ကယ်လ်စီယမ်နဲ့ဗီတာမင်ဒီ ပါဝင်တဲ့အစားအသောက်တွေကို အချိုးကျကျစားခြင်း နောက်ပြီး အရိုးရဲ့သိပ်သည်းဆကိုစစ်ပေးခြင်း။ ဒီဟာကတော့ ကိုယ့်မိသားစုထဲမှာ အရိုးပွရောဂါ ရှိတဲ့လူပါခဲ့ရင် ဒါမှမဟုတ် အရင်တုန်းက အရိုးကျိုးဖူးရင် တစ်ခြားလူကြီးတွေမှာလည်း အားနည်းတဲ့အရိုးမျိုးရှိရင် ကျိုးလွယ်တဲ့အရိုးမျိး နဲ့ ခါးကုန်းခြင်းဖြစ်နေရင် စစ်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။