Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) ကဘာလဲ။

ဒူးကောက်ခွက်အကြောဒဏ်ရာဆိုတာ ဒူးကောက်ခွက်မှာရှိတဲ့ကြွက်သားများ တင်းလွန်းခြင်း သို့ အားစိုက်လွန်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာတယ် ။ ဒူးကောက်ခွက်ကြွက်သားပျက်ဆီးမှုပေါ်မူတည်ပြီး ဒဏ်ရာကို အဆင့်၃ဆင့်ခွဲခြားနိုင်တယ်။

အဆင့်၁ ။ ကြွက်သားနာကျင်ခြင်း

အဆင့်၂ ။ ကြွက်သားတချို့စုတ်ပြဲခြင်း

အဆင့်၃။ ကြွက်သားအကုန်ပျက်ဆီးခြင်း

Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) က ဘယ်လောက်အဖြစ်များသလဲ

ဒူးကောက်ခွက်ကြောဒဏ်ရာက များသောအားဖြင့် ပြင်းထန်တဲ့အားကစားလှုပ်ရှားမှုတွေကိုလုပ်တဲ့ အားကစားသမားတွေမှာအဖြစ်များတယ်။ ဥပမာ..အပြေးသမား၊ း၊ တာတိုအပြေးသမား၊ ဘောလုံးသမား၊ ဘက်စကတ်ဘောသမား။ သင်ဟာ ဒီအခြေအနေတွေကို လေ့လာခြင်းဖြင့် ဒဏ်ရာရနိုင်ခြေကို လျှော့ချနိုင်တယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒူးကောက်ခွက်အကြောဒဏ်ရာရဲ့ လက္ခဏာတွေက ဒဏ်ရာပြင်းထန်မှုအပေါ်မူတည်ပြီး ပြောင်းလဲမှုရှိတတ်ပါတယ်။

အဆင့်၁၊

သင်၏ပေါင်အနောက်ဘက်၌ အနည်းငယ်နာကျင်ခြင်းနှင့် ခြေထောက်လှုပ်ရှားရာတွင် အနည်းငယ်ခက်ခဲခြင်းတို့ကိုတွေ့ရနိုင်တယ်။ ဒူးကောက်ခွက်ကြွက်သားအနည်းငယ်ဆုတ်ပြဲသွားပါကလည်း ပေါင်အနောက်ဘက်ပိုင်းနာကျင်ခြင်းနှင့် ခြေထောက်လှုပ်ရှားရခက်ခြင်းတို့ဖြစ်နိုင်တယ်။

အဆင့်၂ ၊

နာကျင်မှုကိုပိုမိုခံစားရနိုင်တယ်။ တချို့သောအခြေအနေတွင် ပေါင်အနောက်ဘက်မှာယောင်နေတာမျိုး၊ အညိုအမဲစွဲနေတာမျိုး ဖြစ်တတ်တယ်။

အဆင့်၃၊

သင့်အနေနှင့် အလွန်ဆိုးရွားသောနာကျင်မှုနှင့်အတူ ညိုမဲစွဲယောင်ယမ်းခြင်းတို့ကိုလည်း တွေ့ရနိုင်တယ်။ ဒဏ်ရာရထားတဲ့ခြေထောက်ဟာသန်စွမ်းမှုအားနည်းပြီး ခြေထောက်ကိုမသုံးနိုင်ဘဲဖြစ်နေမယ်။

အပေါ်မှာမဖော်ပြထားတဲ့ အချက်တွေလည်းရှိနိုင်ပါတယ်။ ရောဂါလက္ခဏာအကြောင်း ထပ်မံသိရှိလိုလျှင် ဆရာဝန်နှင့်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကြွက်သားအနည်းငယ်ထိခိုက်မှုကို အိမ်တွင်းကုသနည်းများနှင့် ကုသလို့ရပါတယ်။ ဒါပေမယ့် ခြေထောက်မထောက်နိုင်တော့ရင်၊ ခြေလှမ်းလှမ်းတိုင်းနာကျင်လို့ လမ်းမလျှောက်နိုင်ရင် ဆရာဝန်နှင့်ပြသသင့်ပါတယ်။

အကြောင်းရင်းများ

Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) ကိုဘာတွေကဖြစ်စေသလဲ

ဒူးကောက်ကွက်အကြောကို သူတတ်နိုင်တဲ့ပမာဏထက်ပိုပြီး ဆွဲဆန့်လိုက်မိရင် ဒဏ်ရာရနိုင်တယ်။

အားကစားသမားတွေက ဒဏ်ရာရဖို့ အခွင့်အလမ်းများတယ်။ သို့သော် လူတိုင်းဖြစ်နိုင်ချေရှိပါတယ်။ သင်ဟာ ရုတ်တရက်အားကစားတစ်ခုခုကို ကစားတဲ့အခါ၊ပြင်းပြင်ထန်ထန်လှုပ်ရှားတဲ့အခါ(ဥပမာ ခုန်ခြင်း၊ရှေ့ကိုဆတ်ခနဲလှန်းခြင်းတို့လို ကြွက်သားဆန့်ထုတ်ရတဲ့အခါ) ဒူးကောက်ခွက်မှာ ဒဏ်ရာရသွားနိုင်တယ်။

Risk factors

Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဒူးကောက်ကွက်အကြောကို သူတတ်နိုင်တဲ့ပမာဏထက်ပိုပြီး ဆွဲဆန့်လိုက်မိရင် ဒဏ်ရာရနိုင်တယ်။

အားကစားသမားတွေက ဒဏ်ရာရဖို့ အခွင့်အလမ်းများတယ်။ သို့သော် လူတိုင်းဖြစ်နိုင်ချေရှိပါတယ်။ သင်ဟာ ရုတ်တရက်အားကစားတစ်ခုခုကို ကစားတဲ့အခါ၊ပြင်းပြင်ထန်ထန်လှုပ်ရှားတဲ့အခါ(ဥပမာ ခုန်ခြင်း၊ရှေ့ကိုဆတ်ခနဲလှန်းခြင်းတို့လို ကြွက်သားဆန့်ထုတ်ရတဲ့အခါ) ဒူးကောက်ခွက်မှာ ဒဏ်ရာရသွားနိုင်တယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ သင့်လှုပ်ရှားမှု၊ ပေါင်မှာယောင်ယမ်းနေမှု၊ အညိုအမဲစွဲမှုတို့ကိ ုကြည့်ရှုစစ်ဆေးနိုင်တယ်။ ထို့ပြင် ဒဏ်ရာရနေတဲ့ ကြွက်သား (သို့)အရွတ်ရဲ့နေရာကိုသိရန်အတွက် လိုအပ်တဲ့လှုပ်ရှားမှုတွေ သင့်ကိုလုပ်ခိုင်းလိမ့်မယ်။

အရမ်းဆိုးဝါးတဲ့အခြေအနေမှာ ဆရာဝန်က ဓါတ်ရောင်ခြည်ကိုအသုံးပြု ပြီး သင့်အရိုးတွေ ကြွက်သားတွေပျက်ဆီးမှုကို ရှာဖွေလိမ့်မယ်။

Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်မှ သင့် ဒဏ်ရာနှင့် ယောင်ယမ်းခြင်းတို့ကို ပျောက်ကင်းစေရန် အောက်ပါနည်းလမ်းတွေနှင့် ကုသပေးလိမ့်မယ်။
ဒဏ်ရာရနေတဲ့ခြေထောက်ကိုအနားပေးခြင်း
ချိုင်းထောက် သို့ ကုလားထိုင်ကိုသုံးပြီး ဒဏ်ရာရတဲ့ခြေထောက်အပေါ် မတ်တပ်ရပ်ခြင်းကနေ ကာကွယ်ပေးခြင်း

အယောင်ကျစေရန် အနာသက်သာစေရန်ရေခဲကပ်ခြင်း

အယောင်သက်သာစေရန် ပတ်တီးစီးခြင်း
အယောင်ကျစေရန်နှင့်နာကျင်မှုသက်သာစေရန် ဆေးပေးခြင်း

အကယ်၍ သင့်ဒူးကောက်ခွက်ကြွက်သား အနေအထားပျက်သွားလျှင် ခွဲစိတ်၍ကြွက်သားအစားထိုးခြင်း သို့မဟုတ် ပြဲနေသောကြွက်သားကိုပြန်ပြင်ခြင်းတို့ကို လုပ်နိုင်တယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်။ အုန်းသီးကတင် စားလို့ရပြီး ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အုန်းလက်၊ အုန်းမြစ်တွေကရော ဘယ်လို ဆေးဖက်ဝင်တာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read