အဓိပ္ပါယ်ဖွင့်ဆိုချက်
Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ကဘာလဲ။
ဆီးချိုသွေးချိုကြောင့် အာရုံကြောထိခိုက်မှုက အဆစ်တွေပျက်စီးသွားစေတဲ့အခြေအနေကိုခေါ်ပါတယ်။ အာရုံကြောကြောင့်အရိုးအဆစ်ပျက်ဆီးခြင်းတစ်မျိုးဖြစ်တယ်။ ဆီးချိုသွေးချိုရှိသူတွေရဲ့ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေမှာ တွေ့ရတတ်ပါတယ်။ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ခြင်း၊ ပျက်စီးခြင်းက ဆီးချိုသွေးချိုရှိသူတွေမှာ ဖြစ်လေ့ရှိတာပဲဖြစ်တယ်။ အဲ့ကနေ Charcot joint ဆိုတဲ့ အဆစ်ထိခိုက်ခြင်းကိုဖြစ်သွားစေတတ်ပါတယ်။ အာရုံကြောတွေ လုပ်ဆောင်ချက်အားနည်း၊ ယိုယွင်းလာတဲ့အခါ ထုံကျဉ်လာတယ် ထိုအခါ မသိလိုက်ဘဲ ခြေထောက်လိမ်ခြင်း၊ အရွတ်များဒဏ်ဖြစ်သွားခြင်းတွေဖြစ်တတ်တယ်။ ထိုအခါမှာ အဆစ်တွေပေါ် ဖိအားဖြစ်လာပြီး အဆစ်များထိခိုက်ပျက်စီးလာရပါတော့တယ်။ ပြင်းထန်တဲ့ထိခိုက်မှုတွေက ခြေထောက်နဲ့ တခြားအဆစ်တွေကို ထာဝရပျက်စီးခြင်းတောင်ဖြစ်စေနိုင်တယ်။
Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
အာရုံကြောထိခိုက်နေတဲ့ ဆီးချိုသွေးချိုဝေဒနာရှင် ဝ.၈ မှ ၇.၅ ရာခိုင်နှုန်းထိ ဖြစ်တတ်ပြီး ထိုကဲ့သို့ရောဂါရှိသူတွေရဲ့ ၉ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက်မှာတော့ ဘယ်ညာ နှစ်ဖက်စလုံးထိခိုက်တတ်တယ်။ ဆီးချိုသွေးချို ၁၅ နှစ်မှ နှစ် ၂၀ ခန့်ထိခံစားနေရပြီး သေချာမကုသတဲ့လူနာတွေမှာ ပိုအဖြစ်များပါတယ။်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။