- ခွဲစိတ်ပြီးနောက် ခါးဆစ်ချော်ခြင်း
ယင်းသည် ခွဲစိတ်ပြီးချိန်တွင် ခါးဆစ်များ နေရာချော်သွားခြင်းကြောင့် ပိုဆိုးလာသော အနေအထားမျိုးကို ဆိုလိုပါသည်။
- ရောဂါကြောင့် ခါးဆစ်ချော်ခြင်း
ယင်းသည် အရိုးပွခြင်း ကဲ့သို့သော ရောဂါများကြောင့် ကျီးပေါင်းဖြစ်ခြင်းဖြစ်ပါသည်။
ခါးဆစ်ချော်ခြင်းနှင့် ပတ်သက်ပြီး သိထားသင့်သော အချက်များ
ခါးဆစ်ချော်ခြင်းနှင့် ပက်သက်ပြီး အောက်ဖော်ပြပါများသည် သိလေး ပိုကောင်းလေအချက်များဖြစ်ပါသည်။ ထို့ပြင် ရောဂါနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို သိရှိစေနိုင်ပါသည်။
· ခါးဆစ်ချော်ခြင်း (Spondylolisthesis) ဟူသော စာလုံးတွင် Spondylo ဟူသည် ခါးအဆစ် ဟုအဓိပ္ပါယ်ရပြီး Listhesis ဟူသည် ချော်ခြင်းဟုအဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် စာလုံးနှစ်ခုပေါင်းလိုက်သော် ခါးဆစ်ချော်ခြင်းဆိုသည်မှာ ခါးရိုးတလျှောက်တွင်ရှိသော အဆစ်များသည် အရှေ့ဘက်သို့ကျွံထွက်သွားခြင်းကို ဆိုလိုပါသည်။
· ခါးဆစ်ချော်ခြင်းသည် ဆယ်ချော်သက်များတွင် ခါးနာကျင်မှု၏ အဖြစ်များသော အကြောင်းအရင်းဖြစ်ပြီး တခါတရံတွင် လူပျို၊ အပျိုဖော်ဝင်ချိန် ကြီးထွားမှုများဖြစ်နေချိန်တွင် ရောဂါလက္ခဏာများပြလေ့ရှိပါသည်။
· ခါးဆစ်ချော်ခြင်းကြောင် ခံစားရသော နာကျင်မှုများကို အဆင့် ၁ မှ ၅ အထိသတ်မှတ်ထားပါသည်။ အဆင့် ၁ သည် ခါးဆစ်၏ ၁ % မှ ၂၅% ချောထွက်ခြင်းဖြစ်ပြီး ခါးဆစ်တခုလုံးချော်ထွက်သွားခြင်းကို အဆင့် ၅ သတ်မှတ်ပါသည်။
· ခါးဆစ်ချော်ခြင်းကို ရိုးရိုးဓါတ်မှန်ဖြင့် သိနိုင်သော်လည်း သံလိုက်ဓါတ်မှန်ရိုက်ခြင်းဖြင့် အာရုံကြောများထိခိုက်နေမှုကိုလည်း တွေ့မြင်နိုင်ပါသည်။ အာရုံကြောများထိခိုက် မိပါက နာကျင်မှုဝေဒနာများ ပိုဆိုးစေသောကြောင့်ဖြစ်ပါသည်။
· ခါးဆစ်ချော်ခြင်းကြောင့် နာကျင်မှုများကို နှစ်ရှည်လများခံစားနေရပါက ကိုယ်အလေးချိန်တက်လာခြင်း၊ အရိုးသိပ်သည်းဆနည်းခြင်း နှင့် ကြွက်သားများအားနည်းခြင်းတို့ဖြစ်လာနိုင်ပါသည်။
· ခါးဆစ်ချော်ခြင်းသည် ကုသလျှင် ပျောက်ကင်းမှုနှုန်းများသော ရောဂါဖြစ်ပါသည်။ လူနာအများစုသည် ခွဲစိတ်ရန်မလိုသော ကုသမှုများနှင့်ပင်လျှင် သိသိသာသာကောင်းမွန်လာကြောင်းတွေ့ရပါသည်။
အချုပ်ဆိုရသော် ခါးဆစ်ချော်ခြင်းကို ကာကွယ်ရန် မဖြစ်နိုင်သော်လည်း အာဟာရပြည့်သော အစားအစာများစားခြင်း၊ ကိုယ်အလေးချိန်မှန်အောင် ထိန်းခြင်း၊ ဆန့်ထုတ်သော လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပေးခြင်းတို့ဖြင့် ကျန်းမာရေးနှင့် အညီနေထိုင်သင့်ပါသည်။ ရောဂါလက္ခဏာများ ပိုဆိုးလာပါက ခါးအရိုးအဆစ်အထူးကုဆရာဝန်နှင့် တိုင်ပင်ကာ ကုသမှုများခံယူသင့်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။