backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခါးဆစ်ချော်ခြင်းကို ဖြစ်စေသော အကြောင်းများ


Dr. K Zin Thwe မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခါးဆစ်ချော်ခြင်းကို ဖြစ်စေသော အကြောင်းများ

ခါးဆစ်ချော်ခြင်းဖြစ်လျှင် ကွေးရဆန့်ရ လှုပ်ရှားရ မလွယ်ကူခြင်းများဖြစ်စေသောကြောင့် ထိုပြသနာကို သေချာစွာ ကုသမှု ခံယူသင့်ပါသည်။

ထိုသို့ ထိရောက်သော ကုသမှုများ ခံယူရန် ခါးဆစ်ချော်ခြင်းကိုဖြစ်စေသော အကြောင်းများကို သိထားရမည်ဖြစ်ပါသည်။

ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်း

ခါးအရိုးဆစ်များတခုနှင့် တခုကြားတွင် အနောက်ဘက်တွင် ဆက်ထားသော အဆစ်ငယ်တစ်ခုနှင့် ကြားခံချပ်ပြား တခုစီရှိကြပါသည်။ ထိုကြားခံချပ်ပြားများသည် ကျောရိုးကို မထိခိုက်အောင် ကာကွယ်ပေးပါသည်။ အနောက်ဘက်ရှိ အဆစ်လေးများက ခါးရိုးကို အနေအထားမှန်စေရန် ကူညီပေးပါသည်။ ထို့ကြောင့် ထိုနှစ်ခုပေါင်းပြီး ခါးကို အရှေ့ကုန်းခြင်း၊ အနောက်ကော့ခြင်း၊ ဘေးစောင်းခြင်းတို့ကို ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။

အသက်ကြီးလာသည်နှင့် အမျှ ခါးအရိုးဆစ်များကြားတွင်ရှိသော ချောဆီများခမ်းခြောက်လာသည့်ကြောင့် ခါးအရိုးဆစ်များကြားရှိ ကြားခံများသည် ယခင်လောက်မကောင်းမွန်တော့သည့် အခါ အဆစ်များချော်ထွက်ခြင်း ဖြစ်လာရပါသည်။

ခါးအဆစ်အလယ်နေရာ ချော်ခြင်း

ပင်မကျောရိုးကြီးတွင် ကျောရိုးများ၏နောက်တွင် အရိုးငယ်လေးများရှိပါသည်။ ယင်းတို့ကို ကြားခံအရိုးငယ်လေးများဟုခေါ်ပြီး ယင်းတို့သည် ကျောရိုးအနောက်ရှိ အဆစ်ငယ်လေးများကို အထက်အောက်ဆက်ပေးထားသော တံတားသဖွယ် တည်ရှိပါသည်။

သို့သော် ထိုကြားခံအရိုးလေးများကို သွေးလုံလောက်အောင် မရောက်ရှိသောအခါ ကျိုးပဲ့ခြင်းဖြစ်ရပါသည်။ ထိုသို့ဖြစ်ခြင်းကို ကျီးပေါင်းတက်ခြင်းဟု ခေါ်ပါသည်။ ကျီးပေါင်းတက်ခြင်းသည် ထိုကြားခံအရိုးလေးများကို ဒဏ်ဖြစ်ခြင်းများစုပေါင်းလာခြင်း၊ အချိန်ကြာလာခြင်းတို့ကြောင့်ဖြစ်ပါသည်။ ခါးအရိုးကို ဒဏ်ဖြစ်ခြင်း၊ အနည်းငယ်အက်ကွဲမှုများဖြစ်ခြင်းတို့ စုပေါင်းလာကာ ကြာလာသောအခါ ခါးအရိုးဆစ်များ အားနည်းလာပြီး နေရာချော်လာခြင်းဖြစ်ပေသည်။

အခြားအကြောင်းရင်းများ

အထက်ပါတို့သည် အဖြစ်အများဆုံးဖြစ်ပြီး အဖြစ်နည်းသော ခါးဆစ်ချော်ခြင်း အမျိုးအစားများမှာ အောက်ပါတို့ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်စဉ်ကတည်းက သန္ဓေသား၏ အရိုးများဖြစ်တည်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ ကလေးသည် ထိုရောဂါလက္ခဏာများကို ဆယ်ကျော်သက်အရွယ်အထိ မခံစားရဘဲလည်း ရှိနေတတ်သည်။

ထို့ပြင် ရောဂါပိုးဝင်ခြင်း၊ ခါးရိုးတွင် အကြိတ်မျာ၊ ကင်ဆာများ ဖြစ်ခြင်းကြောင့်လည်း ခါးဆစ်ချော်နိုင်ပါသည်။

ခွဲစိတ်ကုသမှုများခံယူပြီးချိန်တွင် ခါးဆစ်ချော်ခြင်းများ ပိုဆိုးလာသည်မျိုးလည်း ရှိတတ်ပါသည်။

အချုပ်ဆိုရသော် ခါးဆစ်ချော်ခြင်းကို ဖြစ်စေသော အကြောင်းများစွာ ရှိသည့်အနက် ခါးအရိုးဆစ်များ ပျက်စီယိုယွင်းလာခြင်းနှင့် ခါးအဆစ်အလယ်နေရာ ချော်ခြင်း တို့သည် အဖြစ်များသော အကြောင်းများ ဖြစ်ပါသည်။ အခြားအကြောင်းရင်းများမှာ မွေးရာပါအားနည်းချက်များ၊ ခါးရောဂါများနှင့် ခွဲစိတ်မှုများကြောင့်ဖြစ်ပါသည်။ ထိုအချက်အလက်များသည် သင့်ရောဂါအတွက် ကုသမှုများရွေးချယ်ရာတွင် အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. K Zin Thwe မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement