backup og meta

ကြမ်းတမ်း တွယ်ဆက်တစ်ရှူး Fascia တွေ အကြောင်း

ကြမ်းတမ်း တွယ်ဆက်တစ်ရှူး Fascia တွေ အကြောင်း

နိဒါန်း

Fascia စနစ်ဟာ ကိုယ်ခန္ဓါတစ်ခုလုံးက စနစ်တိုင်း လုပ်ဆောင်မှုတိုင်းကို အကျိုးသက်ရောက်မှုရှိပါတယ် (ကြွက်သားနဲ့ အရိုးဆိုင်ရာ၊ အာရုံကြောဆိုင်ရာ၊ ဇီဝဓါတုဖြစ်စဉ် ဆိုင်ရာ)။ အသားတစ်မျိုးမျိုး (ဥပမာ ကြက်သား)ကို အရေပြားကို ဆွဲခွာလိုက်တဲ့ အခါတွေ့ရတဲ့ အဖြူရောင် ရွှန်းစိုနေတဲ့ အမျှင်တွေဟာ Fascia ပဲဖြစ်ပါတယ်။

စာကိုယ်

Fascia ဆိုတာဘာလဲ။

Fascia ဆိုတာဟာ ကြမ်းတမ်းတဲ့ တွယ်ဆက်တစ်ရှူး (connective tissue ) တစ်မျိုးဖြစ်ပြီး ပုံရိပ်ကြွ ကွန်ရက် ပုံစံမျိုးရှိကာ ခေါင်းကနေ ခြေဖျားအထိ ရှိနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Fascia ဟာ ကြွက်သား၊ အရိုး၊ အာရုံကြော၊ သွေးကြောနဲ့ ကိုယ်တွင်းအင်္ဂါ အားလုံးကို ဆဲလ် အဆင့် အထိ ကာရံပေးထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။

Fascia ကို ဘာနဲ့ လုပ်ထားသလဲ။

Fascia မှာ သုံးပိုင်းပါဝင်ပါတယ်။

၁။ Elastic အမျှင်များ – ဒါဟာ ကျုံ့နိုင်ဆန့်နိုင်တဲ့ အစွမ်း ရှိတဲ့ အပိုင်းဖြစ်ပါတယ်။

၂။ Collagen အမျှင်များ – ဒီအမျှင်တွေကတော့ ကြမ်းတမ်းပြီး ပုံသဏ္ဍာန်ဖြစ်တည်မှုကို ထောက်ပံ့ပေးပါတယ်။

၃။ Ground substance/ Matrix – ပျစ်ခဲတဲ့ အရာတစ်မျိုးဖြစ်ပြီး ဓါတုဇီဝပစ္စည်းတွေကို ခန္ဓါကိုယ်အနှံ့ ပို့ဆောင်ပေးပါတယ်။

Fascia ဟာ ဘာလုပ်ပေးပါသလဲ။

Fascia စနစ်ဟာ ပံ့ပိုးပေးတယ်၊ တည်ငြိမ်အောင်လုပ်ပေးပြီးတော့ အခုအခံအနေနဲ့ ဆောင်ရွက်ပေးပါတယ်။ Fascia ဟာ သွေးကြော၊ အင်္ဂါ၊ အရိုးတွေနဲ့ ကြွက်သားတွေကြားမှာ ခွဲခြားထားပေးပါတယ်။ သူဟာ အာရုံကြောတွေ၊ သွေးကြောတွေကြားမှာ အရည်ဖြတ်သန်းစီးဆင်းဖို့အတွက် နေရာဖန်တီးပေးပါတယ်။

Fascial restrictions တွေကဘာတွေလဲ။

ကျန်းမာနေတဲ့ အခြေအနေမှာ collagen အမျှင်တွေဟာ ကျုံ့ဆန့်အမျှင် တွေကို ရစ်ပတ်ထားပြီး လှိုင်းပုံသဏ္ဍာန် ရှိပါတယ်။ ဒဏ်ရာရရင်၊ ရွေ့လျားမှုများရင်၊ ရောင်ရမ်းရင် (သို့) နေပုံမမှန်ရင် Fascia ကို ခဲပြီး တိုသွားစေပါတယ်။ ဒီ ထူသွားတဲ့ Fascia ကို fascial restrictions လို့ ခေါ်ပါတယ်။ Fascial restrictions မှာ ကန့်သတ်ထားတဲ့ နေရာတစ်ခုမှာ တစ်လက်မပတ်လည်ကို ပေါင် ၂၀၀၀ ဖိအား အထိ ဖန်တီးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒီလို ဖိအားတွေဟာ ကိုယ်ခန္ဓါရဲ့ စနစ်တွေကို ပျက်စီးစေနိုင်ပြီးတော့ နာကျင်ခြင်းနဲ့ လုပ်ငန်းဆောင်တာ မဆောင်ရွက်နိုင်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ကိုယ်ခန္ဓါတစ်ခုလုံးက Fascia တွေဟာ ဆွယ်တာတစ်ထည်ရဲ့ ချည်ခင်တွေလို (သို့) ရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်နေလိုမျိုး ဆက်နွယ်နေတာ ဖြစ်ပါတယ်။ တစ်နေရာမှာ ကန့်သတ်မှု ရှိခြင်းဟာ ကွန်ရက်တစ်ခုလုံးမှာ ဖိအားသက်ရောက်စေပြီးတော့ အခြားနေရာတွေမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် အချို့လူတွေဟာ သူတု့ိ ဒဏ်ရာရတဲ့ နေရာနဲ့ မဆိုင်တဲ့နေရာတွေမှာ နာကျင်မှု ခံစားရတာဖြစ်ပါတယ်။ ဒါ့အပြင် Myofascial restrictions တွေဟာ ပုံမှန် စမ်းသပ်မှုတွေဖြစ်တဲ့ ဓါတ်မှန်၊ သံလိုက်ဓါတ်မှန် ကွန်ပျူတာဓါတ်မှန်တို့မှာ ပေါ်ခြင်း မရှိပါဘူး။

Fascial restrictions တွေဟာ ကိုယ်ခန္ဓါကို ပုံမှန် ဖြောင့်တန်းမှုကနေ သွေဖယ်စေပြီး အဆစ်နံရံတွေ၊ ဖေါင်းကြွနေတဲ့ အပြားတွေကို ဖိပြီးတော့ နာကျင်မှုတွေ၊ မလှုပ်ရှားနိုင်မှုတွေနဲ့ အားနည်းမှုတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

နိဂုံး

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

05/07/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement