အဓိပ္ပါယ်ဖွင့်ဆိုချက်
ကလစ်ပယ်ဖဲလ် စင်ဒရုန်းဆိုတာဘာလဲ။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းဆိုတာ လည်ပင်းရိုး၂ဆစ်နှင့်အထက် ပေါင်းစပ်သွားသော မွေးရာပါရောဂါတစ်ခုဖြစ်ပါတယ်။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းလူနာတွေဟာ လည်ပင်းတိုသွားပြီး လည်ပင်းလှုပ်ရှားနိုင်စွမ်းလည်း လျော့နည်းသွားကြပါတယ်။ လည်ပင်းလည်းနာနိင်ပါတယ်။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းကို အမျိုးအစား ၃ခု ခွဲထားပါတယ်။
အမျိုးအစား၁ – လည်ပင်းရိုးရဲ့ ပထမဆုံးအဆစ်ဖြစ်တဲ့ Atlas ဟာ ဦးခေါင်းနောက်စိရိုးနဲ့ ပေါင်းသွားပြီး Occipitalization of Atlas လို့ခေါ်ပါတယ်။ အမျိုးအစား၁ဟာ ဒုတိယ၊ တတိယမြောက် လညပင်းကျောရိုးဆစ်တွေနဲ့ ပေါင်းစပ်ခြင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်မယ်ဆိုရင် ကျောရိုးအတွင်းကျဉ်းသွားပြီး အာရုံကြောမကြီးနှင့် ဦးနှောက်အညှာကို ဖိမိသွားနိုင်ပါတယ်။
အမျိုးအစား၂ – ဒုတိယလည်ပင်းကျောရိုးဆစ်များပေါင်းစပ်ခြင်းနှင့် ဦးခေါင်း၊လည်ပင်းကျောရိုးဆက်တဲ့နေရာမှာ ပုံသဏ္ဍန်ပျက်ခြင်းတို့တွဲပါတယ်။
အမျိုးအစား၃ – လည်ပင်းကျောရိုးဟာ အစိတ်အပိုင်း၂ခုသာရှိတော့ပြီး လှုပ်ရှားမှုတွေဟာလည်း ထို၂ခုကြားမှ အဆစ်ဖြင့်သာပြုလုပ်ရပါတယ်။ ကျောရိုးမတည်ငြိမ်ခြင်းနှင့် အရိုးအဆစ်ရောင်ခြင်းတို့ထိ ဖြစ်သွားစေနိုင်ပါတယ်။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။
ကမ္ဘာတစ်ဝန်းရှိ မွေးကင်းစကလေးငယ် ၄၀၀၀၀ – ၄၂၀၀၀ မှာ ၁ယောက်နှုန်းဖြင့် ဖြစ်ပွားနေပါတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အနည်းငယ်ပိုအဖြစ်များပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ရောဂါလက္ခဏာများ
ကလစ်ပယ်ဖဲလ် စင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ လက္ခဏာ၃ခုရှိပါတယ်။ လူနာအများစုမှာ အောက်ပါရောဂါလက္ခဏာတွေထဲက အနည်းဆုံး၂ခုရှိကြပါတယ်။
- လည်ပင်းတိုခြင်း
- လည်ပင်းနောက်ပိုင်းရှိအမွှေးအမြှင်မျဉ်းကြောင်းအောက်ရောက်ခြင်း
- လည်ပင်းလှုပ်ရှားရတော်တော်ခက်ခဲခြင်း
ကလစ်ပယ်ဖဲလ် စင်ဒရုန်းလူနာတွေဟာ ဆိုးရွားတဲ့ နာကျင်မှုတွေကိုလည်း ခံစားကြရပါတယ်။ နာကျင်မှုတွေက ကျောရိုးပေါက်ထဲရှိ အာရုံကြောတွေ အညှစ်ခံရတဲ့အတွက်ကြောင့် ဖြစ်ပေါ်ရတာပါ။ ရောဂါပိုဆိုးလာတဲ့အတွက်ကြောင့် လူနာဟာ အာရုံကြောမအပေါက်ကျဉ်းပြီး အာရုံကြောမကြီးကို ဖိညှစ်ခြင်း ခံစားရပါတယ်။
ရှားပါးတဲ့အခြေအနေတွေမှာ လက်လှုပ်ရခက်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းလူနာတွေဟာ အသက်ကြီးလာတဲ့အခါ ကျောရိုးကွေးခြင်းဖြစ်သော စကိုလီယိုးစစ် ရောဂါကို ခံစားရရနိုင်ပါတယ်။
နှလုံး၊ ကျောက်ကပ်၊ အရိုး၊ ကျောရိုးသွေးလွှတ်ကြောနဲ့ အာရုံကြောပြွန်တို့လိုမျိုး ကိုယ်တွင်းအင်္ဂါတွေမှာဖြစ်တဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။
ပုခုံးကောင်းကောင်းမဖွံ့ဖြိုးတော့ဘဲ လက်ပြင်ရိုးမြင့်တက်သွားကာ Sprengel ပုံပျက်ခြင်းလို့ခေါ်သော အခြေအနေလည်း ဖြစ်လာနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းရဲ့ လက္ခဏာများ
ခြုံငုံစစ်ဆေးခြင်း
- လည်ပင်းအရမ်းတိုခြင်း
- ဦးနှောက်နောက်ဘက်ရှိအမွှေးအမြှင်မျဉ်းကြောင်းအောက်ရောက်ခြင်း
အရိုးစစ်ဆေးခြင်း
- လည်ပင်းကျောရိုးလှုပ်ရှားမှုများကန့်သတ်သွားခြင်း
- အရပ်ပုခြင်း
- ကျောရိုးကွေးခြင်း
- ကျောရိုးဟခြင်း
- အာခေါင်ကွဲခြင်း
ကိုယ်တွင်းကလီစာစစ်ဆေးခြင်း
- ကျောက်ကပ်ချို့ယွင်းခြင်း – ဆီးထဲတွင် ခရစ်တနင်းနှင့် အယ်ဗျူမင်ပရိုတင်းများခြင်း
- အသက်ရှုမှုချို့ယွင်းခြင်း – အသက်ရှုလျှင်တရွှီရွှီမြည်ခြင်း
- သွေကြောစစ်ဆေးခြင်း – ကျောရိုးသွေးလွှတ်ကြောချို့ယွင်းခြင်း
- နှလုံးချို့ယွင်းခြင်း – နှလုံးခုန်မမှန်ခြင်း၊ နှလုံးလုံးဝရပ်သွားခြင်း
- အစာအိမ်နှင်အူလမ်းကြောင်းစနစ် – အူသိမ်၊အူမတို့တွင် ချို့ယွင်းမှုဖြစ်ပေါ်ခြင်း၊ K-F Syndrome နှင့်တွဲဖက်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်ပွားမှုအကြောင်းရင်းများ
ဘာတွေက ကလစ်ပယ်ဖဲလ် စင်ဒရုန်းဖြစ်ပွားစေသလဲ။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းဟာ GDF6 နဲ့ GDF3 မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ဖြစ်ရတာပါ။ ထိုမျိုးရိုးဗီဇတွေဟာ ခန္ဓါကိုယ်ရဲ့ အရိုးနဲ့ အရိုးနု ကြီးထွားဖွံ့ဖြိုးရင့်မာမှုတို့အတွက် လိုအပ်သော ပရိုတင်းများကို ဆဲလ်တွေအား တည်ဆောက်စေပါတယ်။
GDF6 ပရိုတင်းကို ခြေရိုး၊ လက်ရိုး၊ ကျောရိုး၊ ဦးခေါင်းခွံ၊ ရင်ဘတ်နဲ့ နံရိုးဖြစ်ပေါ်မှုတို့အတွက် လိုအပ်ပါတယ်။ GDF3 ပရိုတင်း ဘာလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အရိုးနဲ့အရိုးနု ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ ပါဝင်နေတယ်လို့သိရပါတယ်။ ထိုမျိုးရိုးဗီဇတွေ ချို့ယွင်းတဲ့အခါ ပရိုတင်းတွေမထွက်နိုင်တော့ဘဲ ကလစ်ပယ်ဖဲလ် စင်ဒရုန်းဖြစ်ပေါ်လာပါတယ်။
ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ
ဘယ်အရာတွေက ကလစ်ပယ်ဖဲလ် စင်ဒရုန်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
- ဆီးစစ်ခြင်း – ဆီးနည်းခြင်း၊ ဆီးတွင်းအယ်ဗျူမင်များခြင်း
- သွေးစစ်ခြင်း – BUN နှင့် ခရစ်တနင်းများခြင်း
- ရေဒီယိုလော်ဂျီကယ်စစ်ဆေးခြင်း – ဓါတ်မှန်၊ အမ်အာအိုင်နှင့် စီတီစကင်
- ဒုတိယနဲ့ ပဉ္စမမြောက်လည်ပင်းကျောရိုးများကြားပေါင်းစပ်ခြင်း
- ကျောရိုးကွေးခြင်း
- ကျောရိုးဟခြင်း
- ကျောရိုးအဆစ်လွဲခြင်း
ကလစ်ပယ်ဖဲလ် စင်ဒရုန်းကို ဘယ်လိုကုသလဲ။
များသောအားဖြင့် ရောဂါလက္ခဏာတွေ အလိုက်ကုသပါတယ်။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းအတွက် ဆေးဝါးများ
- စတီးရွိုက်မဟုတ်သောအကိုက်အခဲပျောက်ဆေးများ
- မူးယစ်ဆေးများ
- ကြွက်သားပြေလျော့ဆေးများ
ဗဟိဒ္ဒကုထုံး
နာကျင်မှုအတွက် ကုထုံး
ကလစ်ပယ်ဖဲလ် စင်ဒရုန်းအတွက် ခွဲစိတ်ကုသခြင်း
- လည်ပင်းကျောရိုးချို့ယွင်းမှုများ
- လည်ပင်းကျောရိုးနဲ့ ဦးခေါင်းခွံရိုးမတည်ငြိမ်မှုတို့ကို ခွဲစိတ်ပြုပြင်ပြီး အာရုံကြောမကြီးအပေါ်မှာ သက်ရောက်နေတဲ့ဖိအားကို သက်သာစေပါတယ်။
- Bryan အရိုးနုပြားအတုကို အသုံးပြုပြီး Cervical Disc Arthroplasty ပြုလုပ်ပါတယ်။
- ကျောရိုးပေါက်ကျဉ်းခြင်းအတွက် အရိုးနုပြားလုံးဝအစားထိုးခြင်းကို ပြုလုပ်ပါတယ်။ နာကျင်မှုတွေ သက်သာစေပါတယ်။
- Arthroplasty က နာကျင်မှုကို မသက်သာစေဘူးဆိုရင် နောက်ဆုံးကုသမှုအနေဖြင့် Arthrodesis ကို ပြုလုပ်ပါတယ်။
- ကျောရိုးကွေးခြင်း
- လက်နဲ့ခြေထောက်တို့မှာ ထုံကျင်ခြင်း၊ အားနည်းခြင်းတို့ကို ခံစားနေရပြီဆိုရင် ခွဲစိတ်ပြုပြင်ခြင်းပြုလုပ်ပါတယ်။
- အာရုံကြောမကြီးပေါ်မှာသက်ရောက်နေတဲ့ဖိအားကိုလည်း သက်သာအောင် ပြုလုပ်ပေးပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကလစ်ပယ်ဖဲလ် စင်ဒရုန်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]