backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Golfer's elbow (ဂေါက်ရိုက်သမား တံတောင်ဆစ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Golfer’s elbow (ဂေါက်ရိုက်သမား တံတောင်ဆစ်) ကဘာလဲ။

ဂေါက်ရိုက်သမား တံတောင်ဆစ် (အလယ် ရိုးဖုထက်ယောင်ခြင်း) သည် လက်မောင်းနှင့်တစ်တောင်ဆစ်ကိုဆက်ပေးထားသော အရွတ် နာ၍ယောင်ခြင်းဖြစ်သည်။ နာခြင်းက တံတောင်ဆစ်မှ လက်မောင်းသို့ပျံသွားလိမ့်မည်။ အနားယူခြင်းဖြင့် ထိခိုက်စွာကုသနိုင်သည်။

ဂေါက်ရိုက်သမား တံတောင်ဆစ်သည် လက်မောင်းရှိကြွက်သားကိုအသုံးပြုလွန်ခြင်းကြောင့်ဖြစ်သည်။ ထိုကြွက်သားများက စုပ်ကိုင်းခြင်း လက်အားလှည့်ပေးခြင်း လက်ဖဝါးကွေးခြင်းတို့ကိုလုပ်ပေးနိုင်သည်။ ခဏခဏ ကွေးခြင်း စုပ်ကိုင်ခြင်း သို့မဟုတ် လွဲခြင်းတို့ကြောင့် အရွတ်ကိုအနည်းငယ်ပြဲစေသည်။

ဂေါက်ရိုက်သမား ဟုဆိုသော်လည်း ဂေါက်ရိုက်သမားသာဖြစ်ခြင်းမဟုတ်ပေ။ လက် လက်ကောက်ဝတ် သို့မဟုတ် လက်မောင်းကိုထပ်ခါတလဲလဲအသုံးပြုရသူများတွင်ဖြစ်တတ်သည်။ အန္ဓါရယ်များသောအားကစား တန်းနစ်၊ ဘိုးလင်းပစ်ကစားနည်း နှင့် ဘေ့ဘော -တခါတရံ ဘေ့ဘောစပစ်ပေးသူတံတောင်ဆစ်ဟုလည်းခေါ်သည်။ ကိရိယာများ ဥပမာ မူလီ တူ ထွန်ခြစ်နှင့် ပန်းချီကိရိယာအသုံးပြုသူများတွင်လဲဖြစ်တတ်သည်။

ဂေါက်ရိုက်သမား တံတောင်ဆစ်သည် သူ့နှင့်သဏာန်တူသော တန်းနစ်တံတောင်ဆစ်လောက်အသိမများကြပေ။ နှစ်ခုလုံးက တံတောင်ဆစ်ရှိအရွတ်ယောင်ခြင်းဖြစ်သည်။ မတူသောအချက်က တန်းနစ် တံထောင်ဆစ်က အပြင်ရှိအရွတ်ကိုထိပြီး ဂေါက်ရိုက်သမား တံတောင်ဆစ် က အတွင်းအရွတ်ကိုထိသည်။ ဂေါက်ရိုက်သမား တံတောင်ဆစ်က သိပ်လဲအဖြစ်မများပါ။

Golfer’s elbow (ဂေါက်ရိုက်သမား တံတောင်ဆစ်) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Golfer’s elbow (ဂေါက်ရိုက်သမား တံတောင်ဆစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဂေါက်ရိုက်သမား တံတောင်ဆစ်ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော

တံတောင်ဆစ်အတွင်းပိုင်းတွင် နာခြင်း။ တခါတရံလက်ဖျံထိပျံသွားနိုင်သည်။ နာကျင်ခြင်းသည် လှုပ်ရှားသည့်အချိန်တွင်ပိုဆိုးတတ်သည်။

တံတောင်ဆစ်တွင်တောင့်တင်းခြင်းခံစားရနိုင်သည်။ လက်သီးစုပ်ရန်နာလိမ့်မည်။

လက်နှင့် လက်ကောက်ဝတ်အားနည်းခြင်းများခံစားရနိုင်သည်။

ထုံခြင်းကျဉ်ခြင်း။ ထိုခံစားချက်များက လက်ချောင်းတစ်ချောင်းနှင့် တစ်ချောင်းထက်ပို၍ရောက်သွားနိုင်သည်။ များသောအားဖြင့် လက်သူကြွယ်နှင့် လက်သန်း။

ဂေါက်ရိုက်သမား တံတောင်ဆစ်တွင်ဖြစ်သောနာကျင်မှုသည် ရုတ်တရက်သော်လည်းကောင်း တဖြည်းဖြည်းချင်းသော်လည်းကောင်းဖြစ်နိုင်သည်။ အောက်ပါတို့လုပ်ကပိုနာနိုင်သည်။

ဘတ်တံသို့မဟုတ် ဂေါက်တံကိုလွြဲခ်ငး

ဘောလုံးအားညစ်ကိုင်ခြင်း

လက်ဆွဲနှုတ်ဆက်ခြင်း

အလေးမခြင်း

လက်ဖဝါးချ၍ တခုခုကိုကောက်ခြင်း

လက်ကောက်ဝတ်အားကွေးထားခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရေခဲကပ်ခြင်း အနားယူခြင်း ဆေးဆိုင်တိုင်းရနိုင်သောဆေးများက အနာကိုမသက်သာစေပါကဆရာဝန်နှင့်တိုင်ပင်ပါ။ အောက်ပါတို့ရှိက အရေးပေါ်အကူအညီရှာပါ။

သင့်တံတောင်ဆစ်သည် ပူပြီးယောင်လာခြင်း နှင့် သင်အဖျားရှိနေခြင်း

တံတောင်ဆစ်မကွေးနိုင်တော့ခြင်း

တံတောင်ဆစ်ပုံသဏာန်မမှန်တော့ခြင်း

အရိုးကျိုးသည်ဟုသံသယဖြစ်ခြင်း

အကြောင်းရင်းများ

Golfer’s elbow (ဂေါက်ရိုက်သမား တံတောင်ဆစ်) ကိုဘာတွေကဖြစ်စေသလဲ

ဂေါက်ရိုက်သမား တံတောင်ဆစ်ကိုအလယ်ရိုးဖုယောင်ခြင်းဟုလည်းခေါ်ပြီး လက်ကောက်ဝတ်နှင့် လက်ချောင်းများအားထိန်းချုပ်ပေးသော ကြွက်သားနှင့်အရွတ်များယောင်ခြင်းကြောင့်ဖြစ်သည်။ ပျက်စီးခြင်းသည် ဖိအားများခြင်း ထပ်ခါထပ်ခါဖိအားပေးခြင်းတို့ကြောင့်ဖြစ်သည်။-အဓိကအားဖြင် လက်ကောက်ဝတ်သုံးအားနှင့်လက်ချောင်းလှုပ်ရှားမှုများခြင်း။ ပုံမှန်မဟုတ်သော မခြင်း ပစ်ခြင်း သို့မဟုတ် ရိုက်ခြင်း သွေးပူလေ့ကျင့်ခန်းသိပ်မလုပ်ခြင်းတို့ကြောင့်လည်းဖြစ်နိုင်သည်။

အောက်ပါ လှုပ်ရှားမှုတော်တော်များများက ဂေါက်ရိုက်သမား တံတောင်ဆစ်ကိုဖြစ်စေတတ်သည်။

စုပ်ကိုင်ခြင်း သို့မုတ် လွဲပြီးကစားရသောကစားနည်းများတွင် သင့်ကြွက်သား နှင့် အရွတ်ကိုမှန်ကန်စွာအသုံးမချိခြင်း။

ကြက်တောင်ရိုက်ခြင်း။ ရိုက်ပြီးလည်ထွက်သွားသောအချိန်များက တံတောင်ဆစ်ကိုထိခိုက်စေသည်။ ဘတ်တံ အရမ်းသေးလွန်ူခြင်းသို့မဟုတ် လေးလွန်းခြင်းကြောင့်လဲဖြစ်နိုင်သည်။

ပစ်ရသောအားကစားနည်းများ။ ဘေ့ဘော ပစ်ရာတွင် ပစ်သောပုံသဏာန်မမှန်ကလဲဖြစ်တတ်သည်။

ဘောလုံး မြှားပစ်ခြင်းလှံတံပစ်အားကစားနည်းများကြောင့်လည်းဖြစ်နိုင်သည်။

အလေးမခြင်း။ ပုံမမှန်သောအလေးမခြင်း ဥပမာ ဘိုင်ဆက် လေ့ကျင့်ခန်းတွင် လက်ကောက်ဝတ်ကိုကောက်၍မခြင်း ကြောင့်တံတောင်ဆစ်နှင့်အရိုးများကို ဝန်ပိစေသည်။

ထိုအပြင် ခဏခဏကွေးခြင်း ဆန့်ခြင်းလုပ်ရသောအရာများကလဲဖြစ်စေတတ်သည်။ ထိုအရာများတွင် ပန်းချီဆွဲခြင်းတူထုခြင်း ထင်းခုတ်ခြင်း ကွန်ပြူတာသုံးခြင်း နှင့်ချက်ပြုတ်ခြင်းများပါဝင်သည်။ ပန်းခြံအလုပ်သို့မဟုတ် ချက်ပြုတ်ခြင်း တရက်နှစ်ရက်လုပ်ရုံမျှနှင့်တော့မဖြစ်တတ်ပါ။ ထိုသို့ဖြစ်ရန် တစ်နေ့တစ်နာရီထက်အထက် နေ့ပေါင်းများစွာလုပ်ရန်လိုအပ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Golfer’s elbow (ဂေါက်ရိုက်သမား တံတောင်ဆစ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဂေါက်ရိုက်သမား တံတောင်ဆစ်ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်လေးဆယ်နှင့်အထက်

တစ်နေ့အနည်းဆုံးနှစ်နာရီခန့် ထပ်ခါတလဲလဲ လုပ်ရသောအလုပ်လုပ်နေခြင်း

ဝခြင်း

ဆေးလိပ်သောက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Golfer’s elbow (ဂေါက်ရိုက်သမား တံတောင်ဆစ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဂေါက်ရိုက်သမား တံတောင်ဆစ်ကိုများသောအားဖြင့် ရောဂါသမိုင်းရုပ်ပိုင်းဆိုင်ရာစမ်းသက်ပြီးသိနိုင်သည်။ နာခြင်း တောင့်ခြင်းကိုသိစေရန် ဆရာဝန်မှ ဖြစ်သောလက်တံထောင်စစ် လက်ကောက်ဝတ် နှင့်လက်ချောင်းများအားဖိအားပေးပြီးစမ်းသက်လိမ့်မည်။

ဓါတ်မှန်ရိုက်ခြင်းဖြင့် အခြားသော တံတောင်ဆစ်နာကျင်ခြင်း ဥပမာ အရိုးကျိုးခြင်း သို့မဟုတ် အဆစ်ယောင်ခြင်းမဟုတ်သည်ကိုဖယ်နိုင်သည်။ ရှားရှားပါးပါး ကိစ္စများမှ သံလိုက်ပဲ့တင်အားဖြင့် အရိပ်ဖော်ခြင်းနည်းကိုသုံးသည်။

Golfer’s elbow (ဂေါက်ရိုက်သမား တံတောင်ဆစ်) ကို ဘယ်လိုကုသပါသလဲ

ပိုစောစောကုလေ ပုံမှန်လှုပ်ရှားမှုကိုစောစောလုပ်နိုင်လေဖြစ်သည်။

အနာသက်သာထိအထိ ဂေါက်ရိုက်ခြင်း သို့မဟုတ် အခြားလှုပ်ရှားမှုများသောအရာများအားနားထားပါ။ လှုပ်ရှားမှုကိုပိုစောစောလုပ်မိပါက ပိုဆိုးစေနိုင်သည်။

ဖြစ်သောနေရာသို့ရေခဲကပ်သည်။ ဖြစ်သောတံတောင်ဆစ်တွင် ၁၅မိနစ်မှ မိနစ် ၂၀လောက်ထိ တစ်နေ့သုံးလေ းကြိမ်ကိုရက်အနည်းငယ်လောက်ထိကပ်ပါ။ အရေပြားကိုကာကွယ်ရန် ရေခဲကို ပါးသောတာဝါခံပြီးကပ်ပါကပိုကောင်းသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် တံတောင်ဆစ်အတွင်းပိုင်းကိုရေခဲဖြင့် ငါးမိနစ်တကြိမ် တနေ့ နှစ်ကြိမ်မှသုံးကြိမ် နှိပ်နယ်ပေးနိုင်သည်။

ဆေးဆိုင်တိုင်းဝယ်နိုင်သောအနာသက်သာစေသောဆေးသုံးပါ။ အိုင်ဗျူပရိုဖန်(အက်ဗေး၊ မော်ထရေး အိုင်ဘီ နှင့်အခြား) နပရိုဇန်ဆိုဒီယန်(အလိ နှင့်အခြား) သို့မဟုတ် အစီတာမီနိုဖန်(တိုင်လီနေ နှင့်အခြား)

အထိန်းကရိယာများသုံးပါ။ ဆရာဝန်မှ ဖြစ်သောလက်မောင်းတွင်တက်ဆင်ရန်အထိန်းကိုညွန်းလိမ့်မည်။ ထိုအရာက အရွတ်နှင့်ကြွက်သားနာကျင်ခြင်းကိုသက်သာစေနိုင်သည်။

ဆန့်ခြင်း နှင့်တောင့်တင်းအောင်လုပ်ပါ။ လေ့ကျင့်ခန်းများကိုဆရာဝန်မှညွှန်လိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာသို့မဟုတ် အလုပ်အကိုင်ကုထုံးများကလည်းအကူအညီဖြစ်နိုင်သည်။ ဆန့်ခြင်းကြောင့် လက်ကောက်ဝတ်ကြွက်သား၏ အရွတ်ကိုရှည်စေသည်။ ထိုကြောင့်နှာတာရှည်ဖြစ်နေသောကိစ္စများတွင်အထောက်အကူပြုစေနိုင်သည်။

ပုံမှန်လှုပ်ရှားမှုများကိုတဖြည်းဖြည်းခြင်းပြန်လုပ်ပါ။ အနာသက်သာသွားပါက သင့်အားကစားလှုပ်ရှားမှုများဖြင့်လက်မောင်းလှုပ်ရှားမှုကိုလေ့ကျင့်ယူပါ။ ဂေါက် သို့မဟုတ် တန်းနစ်အရိုက်ကို ညွှန်ကြားသူပြောသည့်အတိုင်းပြောင်းလဲခြင်းများလုပ်သင့်သည်။

ခွဲစိတ်မှုသင့်တော်သည်ဆိုသည်က ဆရာဝန်ကိုမေးမြန်းမှုများလုပ်ပါ။

ခွဲစိတ်မှုကားသိပ်မလိုတတ်ပါ။ သို့သော် သင့်လက္ခဏာများက ခြောက်လတစ်နှစ်စောင့်ကြည့်နေသော်လည်းမသက်သာပါက ခွဲစိတ်ခြင်းကိုစဉ်းစားသည်။ အသစ်ကုသမှုတွင် ဖောက်ဝင်ခြင်းသိပ်မပါသော။ အာထရာစောင်းဖြင့်ညွန်ပြပေးခြင်းဖြင့် အရွတ်နာနေသောနေရာတွင် အမာရွတ်တစ်သျူးကိုဖယ်ထုတ်နိုင်သည်။ ပိုမိုလေ့လာရန်လိုအပ်သေးသည်။

အခြားကုသမှုတွင် ကောတီကိုစတီးရိုက်ထိုးခြင်းလည်းပါသည်။ သို့သော်ကြာရှည်အတွက်အသုံးမဝင်ပါ။ ပိုသစ်သောကုသမှုက ပလိပ်လပ် များသော အရည်ကိုပေးခြင်းဖြစ်သည်။ ထိုကုသမှုတွင် သင့်သွေးအနည်းငယ်ကိုယူ လှည့်ပြီး ဖြစ်သောနေရာကိုပြန်ထိုးပေးသည်။ လေ့လာမှုများလိုသေးသည်။

လူအများစုက ရေခဲကပ်ခြင်း အနားယူခြင်းနှင့် အနာသက်သာစေသောဆေးများနှင့်သက်သာကြသည်။ ရောဂါပြင်းထန်မှုအပေါ်မူတည်၍ အနာသည် လ မှနှစ်ထိကြာနိုင်သည်-ညွှန်ကြားချက်အတိုင်းကုသလျှင်ပင်။ တခါတရ့ပြန်ဖြစ်ပြီး နှာတာရှည်ဖြစ်သွားတတ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဂေါက်ရိုက်သမား တံတောင်ဆစ်။ ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ဂေါက်ရိုက်သမား တံတောင်ဆစ် ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

လက်မောင်းသန်မာအောင်လုပ်ပါ။ အလေးအနည်းငယ်မခြင်း သို့မဟုတ် တန်းနစ်ဘောလုံးအားညစ်ခြင်း။ ပုံမှန် အားကစားနည်းကပင် သင့်ကြွက်သားကိုသန်မာစေနိုင်သည်။

လေ့ကျင့်ခန်းမလုပ်မီအကြောလျော့ပါ။ လမ်းလျောက်ခြင်း သို့မဟုတ် တဖြည်းဖြည်းပြေးခြင်းတို့က ကြွက်သားများကိုသွေးပူစေသည်။ ထို့နောက်ကစားပွဲမစခင်တဖြည်းဖြည်းအကြောလျော့ပါ။

ပုံသဏာန်မှန်ပါစေ။ မည်သည့်အားကစားကစားသည်မဆို ညွန်ကြားသူပြောသည့်အတိုင်းလိုက်နာခြင်းကြောင့် ကြွက်သားများဝန်ပိခြင်းကိုသက်သာစေနိုင်သည်။

မှန်ကန်သောကရိယာသုံးပါ။ အရင်သံ ဂေါက်ရိုက်ကိရိယာများအစား ပိုပေါ့သော အရာများကိုလဲလယ်သင့်သည်။ အကယ်၍ တန်းနစ်ကစားနေပါက လက်ကိုင်နေရာသေးသောဘတ်တံ သို့မဟုတ် လက်ကိုင်ထူခြင်းတို့က တံတောင်ဆစ်ပြသာနာကိုပိုဖြစ်စေသည်။

အလေးပုံမှန်မပါ။ တခုခုကိုမမည်ဆိုပါက သင့်လက်ကောက်ဝတ်ကို မာပြီးတောင့်ကာမခြင်းဖြင့် တံတောင်ဆစ်အားဝန်ပိခြင်းကိုသက်သာစေနိုင်သည်။

အနားယူသင့်သည့်အချိန်ကိုသိပါ။ တံတောင်ဆစ်ကို ဝန်မပိပါစေနှင့်။ ပထမဆုံး တံတောင်ဆစ်နာခြင်းလက္ခဏာများဖြစ်ပါက အနားယူပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement