backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သန်မာတဲ့ အရိုးတွေကို ဘယ်လို ဖွဲ့စည်းတည်ဆောက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သန်မာတဲ့ အရိုးတွေကို ဘယ်လို ဖွဲ့စည်းတည်ဆောက်မလဲ

သင့်အရိုးတွေက သင်လုပ်လိုက်တဲ့ လှုပ်ရှားမှုတွေတိုင်း၊ နေ့စဉ်ပြုလုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေတိုင်းအတွက် အရေးပါပါတယ။် အချို့သောသူတွေက သဘာဝအားဖြင့်ကိုက အခြားသူတွေထက် ပိုပြီးအားနည်းတဲ့ အရိုးတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။

သင့်ဘဝတစ်သက်တာမှာ ပိုပြီးသန်မာတဲ့ အရိုးတွေကို ပိုင်ဆိုင်နိုင်စေဖို့အတွက် သင်လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

၁။ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာများကို စားသုံးပါ။

ဒိန်ချဉ်၊ cottage cheese နဲ့ အခြားသော အဆီနည်းနို့ထွက်ပစ္စည်းတွေအပါအဝင် ဒီလိုစားစရာတွေကအရိုးတွေ သန်မာစေဖို့ ကယ်လ်ဆီယမ်ကို သင့်ရဲ့ အစားအသောက်တွေထဲ ထည့်သွင်းပေးပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ခံစားနိုင်ဖို့ ဒီအစားအစာတွေကို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ ရောစားသင့်ပါတယ်။

ဒီလို အသီးအရွက်တွေမှာလည်း ကယ်လ်ဆီယမ် ပမာဏက လုံလောက်စွာ ပါဝင်ပါတယ်။ အခြားသော အရိုးတည်ဆောက်မှုကို အားပေးတဲ့ စားစရာစာရင်းမှာတော့ ဗာဒံသီး၊ တိုဟူးနဲ့ တကယ်လို့များသင်က နို့ထွက်ပစ္စည်းတွေကို မစားနိုင်ဘူးဆိုရင် ပဲငါးပိကို စားကြည့်ပါ။

၂။ အရိုးကိုထိခိုက်စေမယ့် စားစရာတွေ ရှောင်ပါ။

ဒီထဲမှာတော့ ကော်ဖီ၊ အရက်၊ ဆေးလိပ် စသဖြင့်ပါဝင်ပါတယ်။ ကဖိန်းတွေမှာတော့ အချို့သော ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အချက်တွေ ရှိနေပေမယ့် အရိုးအတွက်တော့ မဟုတ်ပါဘူး။ ကဖိန်းဓါတ်ကို အများကြီး စားသုံးမိရင်တော့ သင့်ခန္ဓါကိုယ်ရဲ့ ကယ်လ်စီယမ် စုပ်ယူနိုင်စွမ်းကို အနှောက်အယှက်ပေးပါလိမ့်မယ်။

လေ့လာမှုတစ်ခုကတော့ တစ်ရက်ကို ကော်ဖီ နှစ်ခွက်အထက်သောက်ခြင်းဟာ ကယ်လ်ဆီယမ်လုံလောက်အောင် စားသုံးနေသူတွေနဲ့စာရင်တော့ အရိုးပျက်စီးမှုနှုန်း ပိုမြန်တယ်လို့ ဆိုပါတယ်။ ကဖိန်းတွေလိုပဲ အရက်အလွန်အကျွံသောက်ခြင်းကလည်း ဗီတာမင် ဒီ အတွက် အနှောက်အယှက်ဖြစ်စေပါတယ်။

၃။ လမ်းလျှောက်ပါ။

တစ်ရက်ကို နာရီဝက်လောက်ပဲဖြစ်ဖြစ် ဖွဖွပြေးခြင်းဖြင့်ဖြစ်စေ၊ လမ်းလျှောက်ခြင်းဖြစ်စေ၊ အေရိုးဗစ်ကစား၍ဖြစ်စေ လေ့ကျင့်ခန်းလုပ်ပေးပါ။ အကောင်းဆုံးရလဒ်အတွက်တော့ တစ်ပတ်မှာ နှစ်ရက်မှ သုံးရက်လောက်တစ်ခါ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး ကျန်တဲ့ရက်မှာ ပျော့တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးတာ စသဖြင့် တစ်လှည့်စီလုပ်ပေးပါ။

၄။ အလေးမခြင်း

Resistance exercise တွေဟာ ကြွက်သားသန်မာမှုတွေအတွက် လိုအပ်ပြီး ဒါတွေက ကြွက်သားထုတွေ၊ သန်မာမှုတွေကို တိုးတက်စေပြီး အရိုးဖွဲ့စည်းမှုကို ထောက်ပံ့ပေးပါတယ်။ အားကစားခန်းမတွေ၊ ကျန်းမာရေးကလပ်တွေမှာ ဒီလိုလေ့ကျင့်ခန်းတွေအတွက် ပစ္စည်းတွေကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။

ဥပမာ အလေးတုံးတွေ၊ လက်ကိုင်အလေးတွေနဲ့ exercise band တွေ အစရှိသဖြင့်ပေါ့။ တစ်ပတ်မှာ ဒီလိုလေ့ကျင့်ခန်းမျိုးကို အနည်းဆုံး နှစ်ခေါက်လောက်တော့ လေ့ကျင့်ပေးသင့်ပါတယ်။

၅။ အားဆေး၊ ဖြည့်စွက်စာများ

လူငယ်တွေအတွက်တော့ တစ်ရက်ကို ကယ်လ်စီယမ် ပမာဏ ၁၀၀၀ မီလီဂရမ်လိုအပ်ပြီး လူကြီးတွေအတွက်တော့ တစ်ရက်ကို ကယ်လ်စီယမ် ၁၅၀၀မီလီဂရမ်လောက်ထိ ပိုမိုလိုအပ်ပါတယ်။

သင်နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏက သင့်အသက်အရွယ် အပိုင်းအခြားပေါ် မူတည်နေတာကြောင့် သင်အသက်ကြီးလာတဲ့အခါ လုံလောက်တဲ့ ကယ်လ်စီယမ်ပမာဏကို အစားအစာတွေကနေ ရရှိနိုင်ဖို့ဆိုတာဟာ စိန်ခေါ်မှု တစ်ခုပါပဲ။

ပိုကောင်းတဲ့ ရလဒ်ကို ခံစားနိုင်ဖို့အတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ၊ မဂ္ဂနီစီယမ်၊ ပိုတက်ဆီယမ် စတဲ့ အရိုးသန်မာစေတဲ့ အာဟာရတွေ ပေါင်းစည်းထားတဲ့ အာဟာရစုံအားဆေး (multi-nutrients supplements) တွေကို အသုံးပြုသင့်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအားဆေးမျိုးကိုမဆို အသုံးမပြုခင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရပမာဏကို စားသုံးနိုင်ဖို့ ဆရာဝန်နဲ့ စစ်ဆေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement