backup og meta

ဟန်မားတိုးစ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟန်မားတိုးစ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

    Hammertoe ဟာ ဒုတိယ၊ တတိယ၊ စတုတ္ထ (သို့) ပဉ္စမ ခြေချောင်းတွေရဲ့ အဆစ် တစ်ခု (သို့) နှစ်ခုလုံး ပုံပျက်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

    သူဟာ ခြေချောင်းတွေကို ဆန့်တန်းအောင် ပံ့ပိုးနိုင်တဲ့ ကြွက်သား၊ အရွတ်အစရှိတာတွေ မညီမျှခြင်းကြောင့် ဖြစ်ပါတယ်။ Hammertoe ဟာ မသင့်လျော်တဲ့ ဖိနပ်တွေဖြစ်တဲ့ ခြေသန်းကို တွန်းပြီး ကွေးသွားတဲ့ပုံစံဖြစ်စေတဲ့ ဖိနပ်စီးခြင်းကြောင့် အဓိက ဖြစ်တာဖြစ်ပါတယ်။

    တကယ်လို့ ခြေချောင်းဟာ ကွေးသွားပြီး ဒီပုံစံနဲ့ အကြာကြီးနေရမယ်ဆိုရင် ခြေချောင်း ဖြောင့်တန်းအောင် ပံ့ပိုးပေးနိုင်တဲ့ ကြွက်သားတွေဟာ မဆန့်တန်းနိုင်တော့ပါဘူး။ ဒေါက်မြင့်ဖိနပ်တွေဟာ ခြေချောင်းကို ကွေးစေပြီး ခြေထောက်ကို ဖိအားများစေပါတယ်။ နောက်ဆုံးမှာတော့ ခြေချောင်း ကြွက်သားတွေဟာ ပုံမှန်ဖိနပ်ပြန်စီးရင်တောင် ပြန်လည်ဆန့်တန်းနိုင်ခြင်း မရှိတော့ပါဘူး။

    Hammertoe ရဲ့ လက္ခဏာများ

    Hammertoe ရဲ့ အဖြစ်အများဆုံး လက္ခဏာကတော့ ကွေးနေတဲ့ ခြေချောင်းရဲ့ ထိပ်မှာ ယားယံခြင်းပဲဖြစ်ပါတယ်။ Hammertoe ရှိသူလူနာတွေဟာ ကွေးနေတဲ့ခြေချောင်းကို လှုပ်ဖို့ ခက်ခဲခြင်း၊ နာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ခြေချောင်းဟာ ဖိနပ်အတွင်းဖက်နဲ့ ပွတ်တိုက်မိချိန်မှာ အသားမာတက်ခြင်း ဖြစ်နိုင်ပါတယ်။

    အမျိုးသမီးတွေဟာ ဒေါက်ဖိနပ်အစီးများတာမို့ အမျိုးသားတွေထက်ပိုပြီး Hammertoe ဖြစ်နိုင်ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ ခြေထောက်နာကျင်မှုကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘူးဆိုရင် (အထူးသဖြင့် ဆီးချို၊ သွေးလှည့်ပတ်မှုနည်းပါးသူတွေမှာ) ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်ပါတယ်။

    Hammertoe အမျိုးအစားများ

    Hammertoe အမျိုးအစား နှစ်မျိုးရှိပြီး ပျော့ပြောင်းတဲ့ Hammertoe နဲ့ မာတဲ့ Hammertoe ဆိုပြီး ဖြစ်ပါတယ်။ တကယ်လို့ လူနာဟာ ခြေချောင်းရဲ့ အဆစ်ကို လှုပ်ရှားနိုင်တယ်ဆိုရင် သူ့ကို ပျော့ပြောင်းတဲ့ Hammertoe လို့ခေါ်ပါတယ်။ ဒါဟာ ကုသနည်းမျိုးစုံရှိတဲ့ အစပိုင်း မပြင်းထန်တဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။

    ခြေချောင်းထဲမှ အရွတ်တွေ မာလာပြီး အဆစ်ကိုပုံပျက်စေကာ မလှုပ်နိုင်တော့ဘူးဆိုရင်တော့ မာတဲ့ Hammertoe လို့ခေါ်ပါတယ်။ ဒီအဆင့်မှာဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။

    Hammertoe ကြောင့် ဖြစ်စေတဲ့ နောက်ဆက်တွဲဆိုးကျိုးများ

    အစပိုင်းမှာ Hammertoe ဟာ ပျော့ပြောင်းပါတယ်။ ဒါပေမယ့် တကယ်လို့ ခြေချောင်းတွေဟာ Hammertoe ပုံစံတဲ့ အချိန်အကြာကြီးနေရပြီဆိုရင်တော့ ခြေချောင်းရဲ့ အရွတ်တွေဟာ ဆန့်တန်းခြင်းမပြုရတာကြောင့် ကျုံ့ပြီး တင်းသွားနိုင်ပါတယ်။ နောက်ဆုံးမှာတော့ လုံးဝကွေးသွားတာမျိုး ဖြစ်နိုင်ပါတယ်။

    မကုသဘူးဆိုရင် မပြင်းထန်တဲ့ Hammertoe ဟာ နာကျင်တဲ့ အသားမာတွေနဲ့ ခြေချောင်းရဲ့ မြင့်နေတဲ့အပိုင်းကို ဖိနပ်နဲ့တိုက်မိတဲ့အခါ အနာဖြစ်ခြင်းတွေ ဖြစ်စေပြီး ခြေထောက်ကို လုံးဝပုံပျက်သွားစေနိုင်ပါတယ်။

    ခြေချောင်းတွေကို ပုံမှန်ပုံစံပြန်ရောက်အောင် ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်ပေမယ့် သူ့မှာလည်း နောက်ဆက်တွဲဆိုးကျိုးတွေ ရှိပါတယ်။ ခွဲစိတ်ကုသမှုဟာ တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း၊ ခြေချောင်းတွေကို အရက်ကထက် ရှည်လာစေခြင်း၊ တိုလာစေခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

    Hammertoe တွေဟာ ခွဲစိတ်ပြီးရင်တောင်မှ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Hammertoe အတွက် ခွဲစိတ်ဖို့လိုမလို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement