တကယ်လို့အာရုံကြောထိခိုက်သွားတယ်ထင်ပါက အာရုံကြောနဲ့ပတ်သတ်ပြီး စစ်ဆေးနိုင်ပါတယ်။ အလိုအလျောက်တုံ့ပြန်မှုစနစ်၊ ကြွက်သားအား၊ နာကျင်မှု၊ တခြားအာရုံကြောနဲ့ပတ်သတ်တဲ့ ပြောင်းလဲမှုတွေ စစ်ဆေးနိုင်ပါတယ်။
ကျောရိုးမကြီးကျိုးသွားခြင်းကို အကောင်းဆုံးသိရှိနိုင်တာကတော့ ပုံရိပ်များရိုက်ယူစစ်ဆေးခြင်းတွေပါပဲ၊
ဓါတ်မှန်- အရိုးကျိုးနေပါက ဓါတ်မှန်ကရှင်းလင်းစွာပြနိုင်ပါလိမ့်မယ်။
စီတီစကမ်(CT scan )- အရိုးများသာမက အာရုံကြောများကဲ့သို့ တစ်သျူးများအခြေအနေကိုပါပြနိုင်တယ်။ ဆရာဝန်က အာရုံကြောထိခိုက်သည်ဟု ယူဆပါက အာရုံကြောပေါ်ဖိနေသာအရာ၊ အာရုံကြောမကြီးအခြေအနေတို့ကိုသိရန် စီတီစကမ် ရိုက်ခိုင်းနိုင်ပါတယ်။ နောက်ထပ်ကောင်းသောအချက်တစ်ချက်ကတော့ စီတီစကမ်ဟာ ကျောရိုးဆစ်ကိုကန့်လန့်အနေအထား၊ ရှုထောင့်အမျိုးမျိုးမှမြင်နိုင်ခြင်းဖြစ်တယ်။
အမ်အာအိုင်(MRI scan) – အမ်အာအိုင်ဟာလည်း ကျောရိုးဆစ်ကြားမှ အရိုးပြား၊ အာရုံကြောများကိုကြည့်နိုင်တယ်။ ကျောရိုးဆစ်ကြားအရိုးပြားများ ပြဿနာများကိုရှာဖွေနိုင်ပါတယ်။
ထိုစစ်ဆေးမှုများကိုမူတည်ပြီး ကျိုးမှုပုံစံ၊ ပြင်းထန်မှုတွေကို သိနိုင်ပြီးကုသမှုပေးနိုင်ပါလိမ့်မယ်။
Spinal Fracture ( ကျောရိုးဆစ်ကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ
အာရုံကြောမကြီးပိခြင်းကို ကုသဖို့ ပထမနည်းကတော့ ခွဲစိတ်မှုမပါသေးဘဲ၊ ဆေးသောက်ဆေးထိုးခြင်း၊ ကယ်လ်စိယမ်၊ ဗီတာမင်-ဒီထောက်ပံ့မှု၊ အနားယူမှု (အချိန်တိုသာဖြစ်တယ်၊ အချိန်ကြာမလှုပ်၇ှားခြင်းဟာလည်း အရိုးများထိခိုက်နိုင်ပါတယ်) အပြင်ဘက်မှ ထောက်ပံ့တွယ်ဆိုင်းခြင်းတို့ဖြစ်တယ်။
ကျောရိုးဆစ်ကျိုးမှုကြောင့် နာကျင်ခြင်းဟာ လပေါင်းမျာစွာကြာနိုင်တယ်။ ဒါပေမယ့် သေချာကုသပါက ပျောက်ကင်းနိုင်ပါတယ်။ ရက်အနည်းငယ်၊ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ နာကျင်မှုသက်သာလာနိုင်တယ်။
တကယ်လို့ဆက်လက်နာကျင်နေပါက ဆရာဝန်က ကျိုးသွားခြင်းကိုပြုပြင်ဖို့စဉ်းစားပါလိမ့်မယ်။ အရိုးပါးခြင်းကြောင့် ကျောရိုးဆစ်ကျိုးခြင်းအတွက် သုံးနိုင်တဲ့နှစ်နည်းကတော့ vertebroplasty နဲ့ kyphoplasty တို့ဖြစ်တယ်။ ဒါပေမယ့် ရှားရှားပါးပါး ကျောရိုးဆစ်အရှည်လျော့သွားနိုင်တဲ့ အခြေအနေဆိုရင်တော့ ခွဲစိတ်ကုသဖို့လိုပါလိမ့်မယ်။
Vertebroplasty -ကျိုးသွားသောကျောရိုးဆစ်ကို ငြိမ်အောင်ထိန်းပြီး နာကျင်မှုသက်သာစေမှာဖြစ်တယ်။
Kyphoplasty – နာကျင်မှုသက်သာစေပြီး အရိုးဆစ်များပိသွားခြင်းကြောင့် ကျောရိုးမကြီးအလျားလျော့သွားခြင်းကို ပြုပြင်ရန်ဖြစ်တယ်။
နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသနည်းများ
ဗီတာမင်-ဒီ၊ ကယ်လ်စီယမ်၊ ပရိုတင်းကြွယ်ဝသော အစားအစာများစားပါ။ ဗီတာမင်-ဒီအတွက် ခဏတာနေရောင်ခံပေးသင့်ပါတယ်။
အရိုးပါးခြင်းအတွက် ဆရာဝန်ဆီမှာ မှန်မှန်ကုသပါ။ သွေးဆုံးပြီးစအချိန်မှာ ကျန်းမာရေးအကြံဉာဏ်များတောင်းခံထားသင့်ပါတယ်။
လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ တင်းနစ်ကစားခြင်းကဲ့သို့ အားကစားများလုပ်ပါ။ ဒါဟာအရိုးများသန်မာစေသော နေထိုင်မှုပုံစံဖြစ်တယ်။
အိမ်တွင်လဲကျစေနိုင်သော ပစ္စည်းများကိုဂရုတစိုက်ထားပါ။ ကားမတော်တဆဖြစ်ခြင်းများကိုလည်း သတိထားပါ။
ဟန်ချက်ငြိမ်စေရန် အလေးမခြင်းများပြုလုပ်ပါ၊ သန်မာလာစေပါတယ်။
ဆေးလိပ်မသောက်ပါနဲ့
အရက်လျှော့သောက်ပါ၊ သို့မဟုတ် ဖြတ်လိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။