backup og meta

Cervical fracture (လည်ပင်းရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများရောဂါအဖြေရှာခြင်းနှင့် ကုသမှု

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cervical fracture (လည်ပင်းရိုးကျိုးခြင်း) ကဘာလဲ။

လည်ပင်းမှာရှိတဲ့ အရိုးခုနှစ်ခုဟာ လည်ပင်းကျောရိုးဆစ်တွေဖြစ်ကြပါတယ်။ ဒီကျောရိုးမထဲက လည်ပင်းရိုးတွေဟာခေါင်းကို အထောက်အကူပြ ုပြီး ပုခုံနဲ့ ခန္ဓါကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ လည်ပင်းကျောရိုးဆစ်တွေတစ်ခု ကျိုးတာပဲ့တာမျိုးဖြစ်ခဲ့ရင် များသောအားဖြင့် ဇက်ကျိုးခြင်းလု့ိခေါ်ပါတယ်။ ကျောရိုးမကြီးကို ထိခိုက်ဒဏ်ရာရခဲ့ပါက နောက်ဆက်တွဲဆိုးကျိ ုးတွေအများကြီးရှိလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာရုံကြောမ စနစ်က ဦးနှောက်ရယ် ခန္ဓါကိုယ်ရယ်ကို ဆက်သွယ်ထားပြီး ကျောရိုးဆစ်တွေ ကြားကနေဖြတ်သွားရ

Cervical fracture (လည်ပင်းရိုးကျိုးခြင်း)

တာကြောင့်ဖြစ်ပါတယ်။ အာရုံကြောမကြီးကို ထိခိုက်မိပါကလေဖြတ်ခြင်းဖြစ်နိုင်ပြီး သေတဲ့အထိဖြစ်နိုင်ပါတယ်။

လည်ပင်းကျောရိုးဆစ်တွေထဲက တစ်နေရာရာကို ထိခိုက်မိပါက လည်ပင်းအောက်ကစပြီး ခန္ဓါကိုယ်တစ်ခုလုံး ယာယီ သို့မဟုတ် အမြဲတမ်း အကြောသေတာမျိုးဖြစ်နိုင်ပါတယ်။

Cervical fracture (လည်ပင်းရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အတွေ့ရများပါတယ်။ အထူးသဖြင့် အားကစားသမားတွေမှာတွေ့ရတတ်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Cervical fracture (လည်ပင်းရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လည်ပင်းက အရိုးဆစ်တစ်ခုကျိုးသွားပါက ပထမဆုံးတွေ့ရမယ့်လက္ခဏာကတော့ လည်ပင်းနာခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်

တာကအာရုံကြောတွေကို ထိခိုက်မိပါက အာရုံကြောနဲ့ဆိုင်တဲ့ လက္ခဏာတွေနဲ့ တွဲနိုင်သလိုသို့်မဟုတ် အားပျော့သလိုဖြစ်တာတွေဖြစ်နိုင်ပါတယ်။ လည်ပင်းရိုးကျိ ုးတာနဲ့တွဲပြီး ခန္ဓါကိုယ်ရဲ့ တစ်ခြားနေရာတွေဖြစ်နိုင်သလို သို့မဟုတ် အာရုံကြောနာဗ့်ကြောမကြီးမှာ ထိခိုက်ဒဏ်ရာတွေရနိုင်တာကြောင့် သတိအကြီးကြီးထားရပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဒဏ်ရာရတဲ့ အနေအထားမျိ ုးမှာ လည်ပင်းကို ဓါတ်မှန်မရိုက်ကြည့် ရသေးခင် သို့မဟုတ် ဆရာဝန်နဲ့မပြရသေးခင်အထိ လုံးဝမလှုပ်ပဲထားသင့်ပါတယ်။ အရေးပေါ်ဌာနက လူတွေက သတိလစ်နေတဲ့လူနာမျိုးမှာလည်း လည်ပင်းဒဏ်ရာရတယ်လို့ယူဆပြီး အဲ့လိုဆက်လက်လုပ်ဆောင်ပါမယ်။ လူနာက ရုတ်တရက် လျှော့ခ် ရသွားပြီး ယာယီ သို့မဟုတ်အမြဲတမ်း အကြောသေခြင်းတွေ ခံစားရနိုင်ပါတယ်။

အကြောင်းရင်းများ

Cervical fracture (လည်ပင်းရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လည်ပင်းရိုးကျိုးခြင်းဟာ များသောအားဖြင့် အရမ်းပြင်းအားများတဲ့ ထိခိုက်ဒဏ်ရာရခြင်းတွေ ဖြစ်တဲ့ ဆိုင်ကယ်၊ကား

တိုက်ခြင်း ပြ ုတ်ကျခြင်းတို့ကနေဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့အရာတွေကတော့ –

-ဘောလုံးကစားသမားတစ်ယောက်ဟာ သူ့ခေါင်းနဲ့ တစ်ခြားတစ်ယောက်ကို တိုက်မိတဲ့အခါ

-ရေခဲပြင်ဟော်ကီကစားသမားတစ်ယောက်ဟာ နောက်မှာညှပ်နေခဲ့ပြီး ဘုတ်ပြားနဲ့ထိခိုက်မိတဲ့အခါ

-ကျွမ်းဘားကစားသမားတစ်ဦးမှ အမြင့်ကနေလွှဲပြီး တစ်ဖက်ကြိုးကိုလှမ်းဆွဲတဲ့အခါ မမှီလိုက်ပဲ ပြ ုတ်ကျတတ်တာမျိုး

-ဒိုင်ဗင်ထိုးတဲ့လူတစ်ယောက်ဟာ ရေကူးကန်တိမ်တိမ်ကိုဒိုက်ထိုးပြီး ခေါင်းနဲ့ခိုက်မိတဲ့အခါ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cervical fracture (လည်ပင်းရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုတ်တရက် လည်ပင်းကို ထိခိုက်ဒဏ်ရာရပြီး သတိမလစ်တဲ့လူနာဟာ လည်ပင်းနာခြင်း ရှိချင်မှရှိမှာပါ။ သူတို့တွေဟာနာခဲ့ရင်လည်း နာကျင်မှုဟာ လည်ပင်းကနေ ပုခုံးသို့မဟုတ်လက်မောင်းထိရောက်သွားတတ်ပါတယ်။ ဘာလို့လဲဆိုတော့-

ကျောရိုးဆစ်တစ်ခုခုက အာရုံကြောကို သွားဖိသလိုဖြစ်လို့ပါ။ တစ်ခါတစ်လေမှာ ဂုတ်ပိုးနေရာမှာ အညိုအမည်းစွဲခြင်း နဲ့ရောင်ခြင်းတွေရှိတတ်ပါတယ်။ ဆရာဝန်ကနေပြီးတော့ အာရုံကြောစနစ်တွေနဲ့လုပ်ဆောင်မှုတွေကောင်းမကောင်းသိဖို့ ပြည့်စုံတဲ့ အာရုံကြော စနစ်စမ်းသပ်ခြင်းကို ပြ ုလုပ်ပါမယ်။ နောက်ပြီး CT ,MRIတို့ရိုက်ကြည့်ပြီး ဘယ်အခြေအနေထိထိခိုက်သွားသလဲဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။

Cervical fracture (လည်ပင်းရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကတော့ လည်ပင်းကျောရိုးဆစ်ခုနှစ်ခုထဲက ဘယ်ဟာကျိုးတာလဲဆိုတာပေါ်မူတည်တာရယ် ဘယ်လောက်ထိ

ပြင်းထန်လဲဆိုတာပေါ်မူတည်ပြီး ကွဲပြားပါတယ်။ သိပ်မဆိုးတဲ့ အသာလေးကျုိးရုံမျိုးဆိုပါက လည်ပင်းထောက်တဲ့ ဒေါက်လိုဟာမျိုးကို ၆ပတ်မှ ၈ပတ်အထိ ဝတ်စေပြီး လည်ပင်ရုးဆက်တဲ့အထိစောင့်ပါတယ်။ ရှုပ်ထွေးတဲ့ သို့မဟုတ် ပြင်းထန်တဲ့ ကျိုးမှုတွေကတော့ အလေးဆွဲဖို့လိုခြင်း သို့မဟုတ် ခွဲစိတ်ဖို့လိုခြင်း ၂လမှ ၃လလောက် ကျောက်ပတ်တီးကိုင်ပြီး ငြိမ်နေရခြင်း သို့မဟုတ် ဒါတွေအားလုံးပေါင်းပြီးကုသဖို့အထိလိုအပ်နိုင်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

အားကစားသမားတွေရဲ့ အားကစားပစ္စည်းတွေကို တိုးတက်ကောင်းမွန်အောင်လုပ်ပေးခြင်း၊ နည်းလမ်းတွေကို ပြောင်းလဲ

ခြင်းနဲ့ အားကစားနဲ့ဆိုင်တဲ့ လည်ပင်းရိုးကျိုးခြင်းတွေကို လျှော့ချနိုင်ခဲ့တာ လွန်ခဲ့တဲ့နှစ် ၂၀ထဲကပါပဲ။ သင်က သင့်ကိုယ်သင်နဲ့သင့်မိသားစုကို ကာကွယ်ရာမှာကူညီနိုင်ပါတယ်။ တကယ်လို့-

-ကားမောင်းတဲ့အခါ သို့မဟုတ် ကားစီးတိုင်း ခါးပတ်တပ်ပါ

-ရေတိမ်တဲ့ရေကူးကန် မှာဒိုက်မထိုးပါနဲ့၊လူငယ်တွေရေကူး

တာ ဒိုက်ထိုးတာတွေမှာလည်း သေချာ စောင့်ကြပ်ကြည့်ရှုပါ။

-အားကစားလုပ်ရာမှာလည်း မှန်ကန်တဲ့ အားကစားအကာအကွယ်တွေအသုံးပြ ုပြီး ၊စည်းကမ်းချက်တွေကိုလိုက်နာပြီး

သတိထားနေရပါမယ်။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Cervical fracture. http://orthoinfo.aaos.org/topic.cfm?topic=a00414. Accessed October 27, 2017
Cervical fracture. http://spinecenter.ucla.edu/cervical-fracture. Accessed October 27, 2017

ယခုပုံစံ

05/07/2022

Dr. Sandy Kyaw မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandy Kyaw မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement