ဖြစ်နိုင်ခြေများ
Broken jaw (မေးရိုးကျိုးခြင်း၊ မေးရိုးပြုတ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
မေးရိုးကျိုးခြင်းကို ဖြစ်နိုင်ချေများစေတဲ့ အချက်တွေ အများကြီးရှိ ပါတယ်။
အများဆုံးကတော့ ယာဉ်မတော်တဆမှုတွေ၊ ယာဉ်တိုက်မှုတွေ ကြောင့် မေးရိုးကျိုးကြတာပါ။ ဒါကြောင့် အကောင်းဆုံးကာကွယ်မှု ကတော့ ကားကို ဂရုစိုက်မောင်းဖို့ လိုပါတယ်။ အားကစားလုပ်တယ်၊ ပြိုင်ပွဲဝင်တယ် ဆိုရင်လည်း ထိခိုက်မှုကို ကာကွယ်နိုင်တဲ့ ပစ္စည်းတွေကို ဝတ်ဆင်သင့်ပါတယ်။ အဲ့အပြင် ချော်လဲနိုင်ခြေများတဲ့ ရောဂါအခြေအနေရှိသူတွေအနေနဲ့လည်း အဲ့ရောဂါတွေကို ကုသမှုခံယူရပါမယ်။ ပြုတ်မကျအောင်၊ ချော်မလဲ အောင် လမ်းညွှန်ချက်တွေကို လိုက်နာရပါမယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Broken jaw (မေးရိုးကျိုးခြင်း၊ မေးရိုးပြုတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
မေးရိုးကျိုးခြင်း ရှိ၊ မရှိ ရှာဖို့ ဆရာဝန်က ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်ခြင်းနဲ့ ဓါတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်ပီးဆုံးဖြတ်ပါလိမ့် မယ်။ သာမန်မေးရိုးုကျိုးခြင်းကို ခံတွင်းပိုင်းဆိုင်ရာခွဲစိတ်ဆရာဝန် (သို့မဟုတ်) သွားဆရာဝန်တို့မှ ကုသပေးနိုင်ပါတယ်။
မေးရိုးကျိုးတာ အရမ်းပြင်းထန်ခဲ့ရင်တော့ မျက်နှာခွဲစိတ်ပြုပြင်တဲ့ အထူးကုဆရာဝန် (သို့မဟုတ်) ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာ ခွဲစိတ် ဆရာဝန် (သို့မဟုတ်) ခံတွင်းပိုင်းဆိုင်ရာခွဲစိတ်ဆရာဝန် တို့ကဲ့သို့ အထူးကုဆရာဝန်ကြီးများထံမှာ ခွဲစိတ်ကုသမှုခံယူဖို့ လိုပါလိမ့်မယ်။
Broken jaw (မေးရိုးကျိုးခြင်း၊ မေးရိုးပြုတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ရောဂါပြင်းထန်မှုပေါ်မူတည်၍ မေးရိုးကျိုးတာကို ခွဲစိတ်ကုသဖို့ လိုပါလိမ့်မယ်။ အနည်းငယ်သာထိခိုက်မိတာ ဆိုလျှင်တော့ မေးရိုးကို မလှုပ်ရှားဘဲ ငြိမ်အောင် ထိန်းထားနိုင်လျှင် သူ့ဟာသူပြန်ကောင်းသွားနိုင်ပါတယ်။
မေးရိုးရဲ့နေရာ အများကြီးကျိုးသွားခဲ့လျှင်တော့ တစ်ဖက်ကို ချော်ထွက်သွားနိုင်တာမို့ ခွဲစိတ်ကုသဖို့ လိုပါလိမ့်မယ်။
လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ
မေးရိုးကျိုးခြင်းကို ကာကွယ်ကုသနိုင်စေဖို့ လူနေမှုဘ၀ ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းဆေးနည်းတွေက မေးရိုးကျိုးခြင်းကို ကာကွယ်ကုသနိုင် စေဖို့ ကူညီပေးပါလိမ့်မယ်။ မေးရိုးကျိုးခြင်းမှ ပြန်ကောင်းလာလျှင် အစားကို ပျော့ပျော့ပဲ စားပေးဖို့ လိုပါလိမ့်မယ်။ အနည်းငယ်သာထိခိုက်မိတာ ဆိုလျှင်တော့ အရမ်းမာပီးဝါးရခက်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ခြင်းဖြင့် သူ့ဟာသူ သက်သာသွားစေနိုင်ပါတယ်။ လတ်ဆတ်သော အသားစိမ်း၊ ငါးစိမ်းများ ၊ ကြာကြာဝါးရသော မုန့်များသည် အားစိုက်၍ဝါးရသောကြောင့် နာကျင်ခြင်းကို ဖြစ်စေပီး ပြန်ကောင်းလာခါစမှာ မစားသင့်ပါ။ အောက်ပါ အစားအသောက် များကတော့ပျော့ပီး ဝါးလို့လွယ်ပါတယ်။
- စည်သွတ်အသားဘူးများ
- ကောင်းစွာချက်ပြုတ်ထားသော pasta ဂျုံမုန့်
- ထမင်း
- စွတ်ပြုတ်
- စည်သွတ်ဘူးထဲမှ အသီးများ
မေးရိုးကို သွပ်နန်းကြိုးများနှင့်ငြိမ်အောင် ထိန်းထားပြီး ကုသမှုခံယူပါက ပို၍ပင် အစားရှောင်ဖို့လိုအပ်ပါတယ်။ ပါးစပ်ကို လည်း အဖွင့်အပိတ် မလုပ်နိုင်သောကြောင့် နေ့စဉ်လိုအပ်သည့် ဗီတာမင်များ၊ သတ္တုဓါတ်များ ကို ပိုက်ဖြင့်သာ စုပ်သောက် နိုင်ပါတယ်။ မေးရိုးထိခိုက်သူတို့အတွက် လုံလောက်သည့် စွမ်းအင် ကယ်လိုရီ ရရှိဖို့လည်းမလွယ်ပေ။ နို့၊မလိုင် နဲ့လုပ်တဲ့စားစရာတွေက တော့ ကယ်လိုရီများများရနိုင်ပါတယ်။ သစ်သီးဖျော်ရည်၊ ဟင်းသီး ဟင်းရွက်နဲ့ ကောင်းစွာချက်ထားသော အသားတွေကတော့ ပရိုတင်းနဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ တခြားအာဟာရ ဓါတ်တွေရရှိစေပါတယ်။ မုယောစပါး၊ ဂျုံနှင့်အခြား ပျော့ပျောင်း သော ကောက်ပဲသီးနှံများကိုလည်းအဓိက စားနိုင်ပါတယ်။
ထိုကဲ့သို့ မေးရိုးကုသမှုခံယူနေသည့်အချိန်တွင် စားနေကျထက် အကြိမ်ရေ များများစားသင့်ပါတယ်။ တစ်နေ့ ၃၊၄ ကြိမ်အစား ၆ကြိမ်မှ ၈ကြိမ် လောက်အထိ နည်းနည်းစီ အကြိမ်ရေများများစားသင့်ပါတယ်။ ထိုသို့စားခြင်းဖြင့် လိုအပ်တဲ့ ကယ်လိုရီ ပမာဏကိုရရှိစေ နိုင်ပါတယ်။ တစ်ခါစားတိုင်းအသီးဖျော်ရည် တစ်မျိုးသောက်ခြင်း ဖြင့် တစ်နေ့ကို ဖျော်ရည်၈မျိုးထိ အရသာရှိစွာ သောက်နိုင်ပါလိမ့်မယ်။
လိုအပ်တဲ့ကယ်လိုရီကို ပမာဏကို ရရှိစေရန် နို့နှင့် ဖျော်ရည် ကို လည်း သောက်ရပါမယ်။ ရေ၊ ကော်ဖီ၊ လက်ဖက်ရည် နှင့် ဆိုဒါတို့ ကို လျှော့သောက်ပါ။ ၎င်းတို့မှာ ကယ်လိုရီမပါလို့ အစားရှောင် နေရတဲ့အချိန်တွေမှာ သောက်ရင် ကိုယ်အလေးချိန် ထိန်းထားနိုင် မှာမဟုတ်ပါ။
အရမ်းမပူသော၊ မအေးသော အစားအသောက်များကို စားသင့်ပါတယ်။ ထိခိုက်မိပီးနောက်သွားများသည် အထိမခံ ဖြစ်နေပီး ပူလွန်း၊ အေးလွန်းပါက နာကျင်စေနိုင်ပါတယ်။ ဗီတာမင် ဓါတ်တွေရရှိဖို့ ကလေးအာဟာရဖြည့်စွက်စာ တွေ စားပေးနိုင်ပါ တယ်။ စွပ်ပြုတ်များ၊ ဖျော်ရည်များ ၊ တစ်ချို့သောအစားအစာများ သည် ပိုက်ဖြင့်စုပ်မသောက်နိုင်လောက်အောင် ပျစ်နေပါက ရေ (သို့မဟုတ်) နွားနို့ နှင့် ရောသောက်နိုင်ပါတယ်။
သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။