backup og meta

46

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးက ကျန်းမာမှာပါ။ အခုလို ရောဂါပိုးတွေ ပြန့်နှံ့နေချိန်မှာ ကိုယ်ခံအားကောင်းဖို့ကလည်း အရေးကြီးနေတာဆိုတော့ ကိုယ်ဝန်ဆောင်နေရတဲ့ လေဒီတွေ အနေနဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်ဖို့ လိုပါမယ်။ ဒီတော့ ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ ။

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ဘေဘီလေးကို မထိခိုက်စေဘဲ ကိုယ်ခံအား ကောင်းအောင် ဘာတွေ စားသောက်ရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ ဆိုတော့ ဒါတွေစားပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး၊ အအေးမိ၊ တုပ်ကွေး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မှိုပိုး ကူးစက်ခံရတာနဲ့ နှာစေး၊ ချောင်းဆိုးတာက စလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပြဿနာ ကင်းစေပြီး ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးမှာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူတာ ပိုမဆိုးစေဖို့ သင့်တင့်တဲ့၊ ဟင်းချက်တဲ့အခါ ထည့်တဲ့ပမာဏလောက်ပဲ စားပါ။

နို့

ကယ်လ်ဆီယမ် ကြွယ်ဝသလို ပရိုတင်း ပါဝင်မှု မနည်းတဲ့ နို့ကလည်း မေမေရာ ဘေဘီလေးကိုပါ ကျန်းမာ သန်စွမ်းစေဖို့ အများကြီး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို နို့တစ်ခွက် ပုံမှန် သောက်သုံးပေးတာက မေမေ့ကို ကိုယ်ခံအား ကောင်းစေပြီး ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

ကိုယ်ဝန်ဆောင်မေမေက ကိုယ်အလေးချိန်များနေရင်တော့ အဆီထုတ်ထားတဲ့ နို့ကို သောက်ပါ။

ကီဝီသီး

ကီဝီးသီးက စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေချင်တယ်ဆိုရင် ကီဝီသီး စားပေးဖို့ လိုပါမယ်။

လက်ဖက်စိမ်း ရေနွေးကြမ်း

လက်ဖက်စိမ်း ရေနွေးကြမ်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အချိုပါတဲ့ သောက်စရာတွေက မိခင်ရော ကလေးကျန်းမာရေးကို ပါထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး သောက်စရာ တစ်ခုကတော့ လက်ဖက်စိမ်း ရေနွေးကြမ်းပါ။ တစ်ခု သတိထားရမှာကတော့ လက်ဖက်စိမ်း ရေနွေးကြမ်းမှာ ကဖင်း ပါနိုင်တာကြောင့် အကန့်အသတ်နဲ့ သောက်ဖို့ပါ။ ထမင်းစားချိန်နဲ့ ကပ်သောက်တာ၊ ‌ဆေးတွေနဲ့ တွဲသောက်တာကို ရှောင်ပါ။

ကန်စွန်းဥ

ကန်စွန်းဥမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ မေမေ့ကို ကျန်းမာစေသလို ဘေဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

အခွံမာသီး

အခွံမာသီးတွေ ဖြစ်ကြတဲ့ အယ်လ်မွန်စေ့၊ သစ်ကြားသီးတို့မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီတွေ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်သလို စိတ်ခံစားမှု ကောင်းစေနိုင်ဖို့လည်း အထောက်အပံ့ပေးပါတယ်။

ကြက်စွပ်ပြုတ်

အဆီမပါတဲ့ ကြက်သားကို စွပ်ပြုတ်လုပ်ပြီး သောက်ပေးတာက ကိုယ်ခံအား ကောင်းစေတယ်ဆိုတာ အထွေအထူး မပြောလည်း သိပြီးဖြစ်မှာပါ။ ပရိုတင်းကြွယ်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ စွပ်ပြုတ်တင်မကဘဲ အသားကိုပါ စားပေးပါ။ ဒါမှ အာဟာရပြည့်ဝစေပြီး ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။

ကဲ… ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဒါလေးတွေကို စားပေးဖို့ ပြောပါရစေ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top Foods to Boost Your Immune System During Pregnancy https://blog.allaboutwomenmd.com/pregnancy-prenatal-care/boosting-immune-system-pregnancy.htm Accessed Date 20 August 2020

The Top Foods To Boost Your Pregnancy Immune System https://www.motherandbaby.co.uk/pregnancy-and-birth/pregnancy/healthy-eating-in-pregnancy/the-top-foods-to-boost-your-pregnancy-immune-system Accessed Date 20 August 2020

ယခုပုံစံ

14/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ